သြဂုတ် ၊ ၁၉
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဒေသခံ အသက်လေးဆယ်ကျော်အရွယ်အမျိုးသားတဦးဟာ ပျားအုံ ဖွတ်ဖို့ ကြိုးစားရာက ပျားပိတုန်းအတုတ်ခံရပြီး သေဆုံးသွားတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြ ပါတယ်။
နမ့်ဆန်မြို့နယ်၊အိုမ်မစွမ်းအုပ်စု၊ဟိုချောင်းကျေးရွာက ဒေသခံ အမျိုးသား ဦးအိုက်ပီးဟာ ကျေးရွာအနီးတောတွင်း တနေရာက သစ်ပင်ပေါ်မှာတွေ့ရတဲ့ ပျားအုံကိုဖွတ်ယူဖို့ကြိုးစားရာက ပျားပိတုန်းအတုတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
အဲ့ဒီဒေသခံအမျိုးသားဟာ အတူပါအဖော်တွေတားတဲ့ကြားက တဦးတည်း အပ်ငပေါ်တက်ပြီး ပျားပိတုန်းဖွတ် ရာက ပျားတုတ်ခံရပြီး အပင်ပေါ်က ပြုတ်ကျခဲ့သေးတယ်လို့လည်း ဖော်ပြထားပါတယ်။
ပျားတုတ်ခံရပြီး အပင်ပေါ်ကပြုတ်ကျခဲ့တဲ့ ဦးအိုက်ပီးကို ကွမ်ဟယ်ကျေးရွာကို ခေါ်သွားကာ ဖြေဆေးထိုးခဲ့ကြ ပေမယ့် ဩဂုတ် ၁၇ရက် ညနေပိုင်းက နေအိမ်မှာပဲ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။