တောင်ကိုရီးယားက ပြန်လာတဲ့ မြန်မာလုပ်သားတွေ စစ်ကောင်စီရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခံနေရ

သြဂုတ်၊ ၁၅

တောင်ကိုရီးယားနိူင်ငံက လုပ်သက်ပြည့်လို့ပြန်လာတဲ့မြန်မာလုပ်သားတွေကို ရန်ကုန်လေဆိပ်မှာတင် ပစ်မှတ် ထားစောင့်ကြည့်ခံရသလို အကြောင်းမဲ့ဖမ်းဆီးမှုတွေပါရှိနေတယ်လို့ အဲဒီလုပ်သားအသိုင်းအဝိုင်းကပြောကြ ပါတယ်။

တောင်ကိုရီးယားရောက်မြန်မာလုပ်သားတွေဟာစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးမှာတက်တက်ကြွကြွပါဝင် လှုပ် ရှားသူတွေဖြစ်လို့ စစ်ကောင်စီသံရုံးရဲ့ စောင့်ကြည့်ခံရတာရှိခဲ့သလို ပြည်တွင်းပြန်လာကြတဲ့ အလုပ်သမား တွေ ကိုလည်း စစ်ဆေးဖမ်းဆီးမှုတွေပါရှိနေတာလို့ဆိုပါတယ်။ “အခုနောက်ပိုင်းအကြောင်းကြောင်းနဲ့ပြည်တွင်းပြန်ဝင်တဲ့အလုပ်သမားတွေကိုလေဆိပ်မှာတင်စောင့်ဖမ်းတာတွေကြားလာရတယ်၊ဘာကြောင့်ဆိုတာမသိရပေမယ့် ငွေညှစ်ဖို့လုပ်တာလို့ပဲထင်တယ်”လို့ တောင်ကိုရီးယားရောက် မြန်မာအရေးလှုပ်ရှားသူတဦးကပြောပါတယ်။

စစ်ကောင်စီအလိုကျသတင်းတွေထုတ်ပေးနေတဲ့ NPသတင်းဌာနကလည်း တောင်ကိုရီးယားပြန်မြန်မာလုပ်သား ရှစ်ဦးရန်ကုန်လေဆိပ်မှာဖမ်းဆီးခံရပြီး ငါးဦးပြန်လွတ်ကာ သုံးဦးဆက်ပြီးထိန်းသိမ်းခံထားရတယ်လို့ မ​နေ့က သတင်းဖော်ပြထားပါတယ်။

အဲဒီဖြစ်စဥ်မတိုင်ခင်ကတည်းက ကိုရီးယားပြန်မြန်မာလုပ်သားတွေဟာ အလားတူ စောင့်ကြည့် စစ်ဆေးခံရ တာ တွေ၊ မိသားစုကငွေပေးပြီးပြန်ရွေးထုတ်ရတာတွေရှိခဲ့တယ်လို့လည်း တောင်ကိုရီးယားရောက်မြန်မာ အရေး လှုပ်ရှားသူတချို့ကဆိုပါတယ်။

အခုလိုလေဆိပ်မှာစောင့်ကြည့်ဖမ်းဆီးတာဟာ စစ်ကောင်စီလက်အောက်ခံ လေဆိပ်လုံခြုံရေးတာဝန်ယူ ထားသူ တွေ ငွေရှာဖို့သက်သက်လုပ်ဆောင်ချက်သာဖြစ်နိုင်တယ်လို့ ပြည်ပအလုပ်အကိုင်လုပ်ငန်းနဲ့နီးစပ်သူ တဦးက သုံးသပ်ပါတယ်။

“ကိုရီးယားရောက်မြန်မာတွေက ရန်ပုံငွေထည့်တာရော၊ရှာတာရောနာမည်ကြီးတော့ ပစ်မှတ်ထားဂွင်ရှာတာပဲ နေမှာ”လို့သူကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံရောက်မြန်မာလုပ်သားတွေအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေအတွက် ကူညီဝန်းရံ တာ၊ ရန်ပုံငွေရှာဖွေတာတွေကြောင့် စစ်ကောင်စီသံရုံးနဲ့စစ်သံရုံးတွေရဲ့ အမည်ပျက်စာရင်းသွင်းခံရတာ၊ နိူင်ငံကူး လက် မှတ် သက်တမ်းတိုးမရအောင် လုပ်ခံရတာတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြန်မာကိုယ် စားလှယ်ကပြောကြားထားပါတယ်။

 တောင်ကိုရီးယားအစိုးရကတော့ မြန်မာ့အရေးလှုပ်ရှားသူတွေ အာဏာသိမ်းကာလမှာ နေရပ်ပြန်ရင် ဖမ်းဆီးခံရမှု မရှိစေဖို့ ဗီဇာသက်တမ်းကုန်သွားလည်း ဆက်လက်နေထိုင်ခွင့်ရရှိစေမယ့် အထူးနေထိုင်ခွင့် G1-99ဗီဇာထုတ် ပေး ထားပါတယ်။

ဒါပေမယ့် မြန်မာလုပ်သားတချို့က မိသားစုကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် မူလဗီဇာသက်တမ်း ပြည့် တာနဲ့ပြန်တာ၊ G1-99ဗီဇာယူထားပြီး နေရပ်ပြန်တာမျိုးတွေလည်းရှိနေတယ်လို့ တောင်ကိုရီးယား ရောက်မြန်မာ့ အရေးလှုပ်ရှားသူတွေကဆိုပါတယ်။

လက်ရှိတောင်ကိုရီးယားနိုင်ငံမှာမြန်မာလုပ်သား ငါးသောင်းကျော်ရှိပြီး လစဥ်လုပ်သားထောင်ချီဆက်လက်သွား ရောက်နေကြပါတယ်။