သြဂုတ်၊ ၁၅
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌလည်းဖြစ်၊ အမျိုးသမီးအရေးလှုပ် ရှားသူတ ဦးလည်းဖြစ်တဲ့ ဒေါ်ညိုအေးကို စစ်ကောင်စီက ဖမ်းဆီး တရားစွဲကာ ထောင်အချုပ်ကို ချက်ချင်းပို့လိုက်တယ်လို့ မိသားစု၀င်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်တွေမြို့မှာရှိတဲ့ ဒေါ်ညိုအေး နေအိမ်ကို ရောက်လာပြီး မေးမြန်းစရာရှိတယ်လို့ဆိုကာ ခေါ်ဆောင်သွားခဲ့တာလို့ နီးစပ်သူတွေကပြောပါတယ်။
“ရဲစခန်းကနေ တရားရုံးပို့ပြီး ချက်ချင်းရမန်ယူ၊ ချက်ချင်း ထောင်အချုပ်ကို ပို့လိုက်တာ၊၁၃ August ဆန်ပြ ဿနာနေ့ အခမ်းအနားကြောင့် ဖမ်းတာလို့ သိရတယ်၊ဒါက ဘယ်လိုမှ လက်ခံလို့မရဘူး”လို့ဒေါ်ညိုအေးနဲ့ ရင်းနှီးသူတဦးကDNAကို ပြောပါတယ်။
ဒေါ်ညိုအေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်က ကျောင်းသားလူငယ်တွေ ဦးဆောင် ပြုလုပ်တဲ့ စစ်တွေဆန် ပြဿနာနေ့အခမ်းအနားကို တက်ရောက်ခဲ့တာကြောင့် အခုလို ဖမ်းဆီးခံရတာလို့ နီးစပ်သူတွေက ပြောကြ ပါတယ်။
“မဆလအစိုးရလက်ထက် ဆန်မရောင်းပေးလို့ ဆန္ဒပြတဲ့သူတွေကို ပစ်သတ်လို့ စစ်တွေမှာ လူတွေအများကြီး သေခဲ့ကြရတယ်၊အဲဒီနေ့ကို အောက်မေ့ဖွယ်အခမ်းအနားပဲ လုပ်ကြတာပါ၊ အဲဒါကို အခုလို ဖမ်းတာ၊ ပြန်လွှတ် ပေးဖို့ လိုတယ်၊ပြီးရင် မိသားစုနဲ့လည်း တွေ့ခွင့်ပေးဖို့လိုတယ်”လို့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး လှုပ်ရှား သူတဦးက ပြောပါတယ်။
သူ့ကိုဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီကနိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် လိုက် တယ်လို့လည်း မိသားစု၀င်တဦးက ပြောပါတယ်။
အသက်ခြောက်ဆယ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ် ညိုအေးဟာ သွေးတိုးရောဂါရှိပြီး သောက်နေကျ သွေးကျဆေး တွေ မိသားစုက သွားပေးတဲ့အခါမှာလည်း ရဲစခန်းက လက်မခံခဲ့ဘူးလို့ သမီးဖြစ်သူက ရခိုင်အခြေစိုက်သတင်းဌာန တွေကို ပြောထားပါတယ်။
ဒေါ်ညိုအေးအပြင် ဆန်ပြဿနာနေ့အခမ်းအနားဦးဆောင်လုပ်ခဲ့ကြတဲ့ လူငယ်တွေထဲက တချို့ကိုလည်း စစ် ကောင်စီက ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။
ဒါပေမယ့် ဘယ်နှစ်ဦးအဖမ်းခံရပြီး ဘယ်ပုဒ်မတွေနဲ့ တရားစွဲခံရတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေး ပါဘူး။
အဲဒီအခြေအနေတွေနဲ့ ပက်သက်လို့ မေးမြန်းဖို့ စစ်တွေမြို့ ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေ ကြားတာ မရှိပါဘူး။
ဒေါ်ညိုအေးဟာ ရခိုင်အမျိုးသမီးကွန်ရက်ကို တည်ထောင်ကာ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားဆောင် ရွက်နေသူတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင်အမျိူးသမီးတွေ၊ မုန်တိုင်းဒဏ်သင့်သူတွေကိုလည်း ကူညီပေးနေသူတဦး ဖြစ်ပါတယ်။