မီးဖွားတော့မယ့်ဆဲဆဲ သေနတ်သမားတွေလက်ချက်နဲ့သေဆုံးခဲ့ရသူရဲ့ဈာပန

ဩဂုတ်၊ ၁၂

မီးဖွားဖို့ ရက်ပိုင်းအလိုမှာ နေအိမ်ထဲရှိနေရင်းကပဲ လုယက်သူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ စစ် ကိုင်းတိုင်း မုံရွာမြို့က မအေးငြိမ်းသူရဲ့ ဈာပနမြင်ကွင်းတွေဖြစ်ပါတယ်။

အသက် ၂၅နှစ်အရွယ် အဲ့ဒီကိုယ်ဝန်ဆောင်မိခင်နဲ့ ရက်ပိုင်းအတွင်း သားယောကျ်ားလေးအဖြစ် မွေးဖွားလာ တော့ မယ့် သန္ဓေသားတို့ဟာ လုယက်သူတွေရဲ့ပစ်ခတ်မှုကြောင့် ဩဂုတ် ၁၀ရက်ညနေပိုင်းမှာ မုံရွာမြို့က နေအိမ်မှာပဲ သေဆုံးခဲ့ကြရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းမိထားပြီး စစ်ဆေးအရေးယူနိုင်ဖို့ လုပ်ဆောင်နေ တယ် လို့ မုံ ရွာ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကပြောထားပါတယ်။

ဖမ်းမိထားသူတွေဟာ Monywa Force အမည်ခံ မြို့ပြပြောက်ကျားအဖွဲ့တခုက အဖွဲ့ဝင်တွေဖြစ်တယ်လို့ မုံရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ကပြောပေမယ့် တော်လှန်ရေးခံယူချက်မရှိသူတွေလို့လည်း ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ လူမှုကွန်ရက်သုံးစွဲသူတွေကြားဝေဖန်သံတွေမြင့်တက်ခဲ့တဲ့ ဖြစ်စဉ်တခုလည်းဖြစ်ပါတယ် ။  

Photo-  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မုံရွာမြို့