ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ အရပ်သား နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ဩဂုတ်၊ ၁၂ 

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြင်သားကျေးရွာဘက်ကို စစ်ကောင်စီက မနေ့က နေ့လယ်ပိုင်းလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် မြင်သားကျေးရွာက အရပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

“မြောက်ခင်ရန်းကနေလှမ်းပစ်တာ၊နေအိမ်ပေါ်ကိုကျတာ”လို့ ဒေသခံတဦးကပြောပါတယ်။ နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် မြင်သားရွာခံ အသက် ၅၈နှစ်အရွယ် ဒေါ်ကောက်ထွေးဟာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့သေဆုံးခဲ့ပြီး အသက် ၃၃နှစ်အရွယ် ကိုကျော်ဇင်ဦးကတော့ ပေါင်နဲ့ဝမ်းဗိုက်မှာဒဏ်ရာတွေရပြီးသေဆုံးခဲ့တာလို့သိရပါတယ်။ 

မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်ရဲ့လက် နက်ကြီးပစ်ခတ်မှုကြောင့် မြင်သားကျေးရွာထဲကို လက် နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်ဦးသေဆုံးတဲ့အပြင် နောက်ထပ်ဒေသခံသုံးဦးလည်းဒဏ်ရာရခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဒဏ်ရာရသူသုံးဦးထဲမှာ ဆယ့်နှစ်နှစ်အရွယ်က လေးတဦးလည်း ပါဝင်ပြီး သုံးဦးလုံး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူးလို့သိရပါတယ်။ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်းကျေး ရွာဟာ ပျူစောထီးရွာအဖြစ်လူသိများပြီးစစ်ကောင် စီအဖွဲ့ဝင်တွေလည်းတပ်စွဲထားပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့က တနေကုန်နီးပါး လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကိုပစ် ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

 မနေ့က မြောက်ခင်ရန်းရွာစစ်ကောင်စီတပ်က ပစ် ခတ်တဲ့လက်နက်ကြီးကျည်တွေဟာ တောင်ခင်ရန်း၊သာလင်း၊ကျောက်ချပ်၊ မြင်သားကျေးရွာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးတွေနဲ့စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်ကလည်း ရွှေဘို၊ရေသာ၊သင်တောကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ရေသာကျေးရွာက အမျိုးသမီးတဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါသေးတယ်။