ကလေးမြို့မှာ နင်းမိုင်းကြောင့် အရပ်သားတဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

သြဂုတ်၊ ၉

 ကလေးမြို့နယ်မြောက်ပိုင်း လက်ပန်ချောင်းရွာအနီး ကျောက်ခွဲစက်နားမှာ မနေ့က နေ့လယ် တနာရီဝန်းကျင်က နင်းမိုင်းပေါက်ကွဲလို့  အရပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 “သေတာကဒိုးဝိုင်းချောင်းရွာသားလေးဗျ၊နင်းမိတာက နွားကနင်းမိတာ၊နွားလည်းသေတယ်၊ဒီလမ်းဟာ အများ ပြည်သူသွားနေကြတဲ့လမ်းပဲဗျ၊ ခုမှဒီအဖြစ်ဖြစ်တာ” လို့ဒေသခံတဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မိုင်းစမှန်ပြီးသေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ်ချင်းအမျိုးသားလူငယ်တဦးဖြစ်တယ်လို့ သိ ရပါတယ်။

ဒိုးဝိုင်းချောင်းကျေးရွာက ရွာသားသုံးဦးဟာ ပျဥ်းတောဦးကနေ နွားဝယ်ပြီး ဒိုးဝိုင်းချောင်း ရွာဘက် မောင်းလာချိန် မိုင်းပေါက်ကွဲတာကြောင့် နွားမောင်းလာသူသုံးဦးထဲက တဦးသေဆုံး၊တဦးဒဏ်ရာရကာ နောက်ထပ် လမ်းသွား လမ်းလာ တဦးလည်းဒဏ်ရာရခဲ့တာလို့သိရပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ အများပြည်သူတွေအသုံးပြုနေတဲ့ ကလေးမြို့အနောက်ပိုင်း တာဟန်းရပ် ကွက်နဲ့ လက်ပန်ချောင်း- ပျဥ်းတောဦးဆက်သွယ်ထားတဲ့အဓိကလမ်းမကြီးပေါ်မှာဖြစ်ပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီ တွေမကြာခဏတိုက်ပွဲဖြစ်ပွား လေ့ရှိတဲ့ဒေသဖြစ်ပြီးနယ်မြေအများစုကို ဒေသခံကာကွယ်ရေးတပ်တွေက ပိုမိုစိုးမိုးနိုင်တယ်လို့ ဒေသခံတွေ ကပြောကြပါတယ်။

အခုပေါက်ကွဲမှုဖြစ်တဲ့ မိုင်းဟာ စစ်ကောင်စီဘက်က ထောင်ခဲ့တာလို့ ဒေသခံတွေက ဆိုကြပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအပါအဝင် စစ်ကျန် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေကြောင့် သေဆုံး ထိခိုက်နိုင်မှုအန္တရာယ်ပိုတိုးလာတယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ပြောထားပါတယ်။

ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်း သုံးစွဲတဲ့ နိုင်ငံတွေလျော့ကျလာခဲ့ပေမယ့် မြန်မာနဲ့ ရုရှားနိုင်ငံတွေမှာတော့ သုံးစွဲ နေ ကြဆဲဖြစ်ပြီး အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းသုံးစွဲမှု ပိုတိုးလာတယ်လို့ နိုင်ငံတကာ မြေမြှုပ် မိုင်းသုံးစွဲမှုပပျောက်ရေးအဖွဲ့ (ICBL)က ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်း ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြ ထားပါ တယ်။

စစ်တပ်ရော၊စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကပါ မြေမြှပ်မိုင်းတွေကို သုံးစွဲနေကြတာဖြစ်ပြီး အာဏာ သိမ်းပြီးနောက် တနှစ်ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၅၇ဦးသေဆုံးခဲ့ပြီး လေးရာနီးပါး ဒဏ်ရာရခဲ့ တယ်လို့ ICBL ရဲ့ အစီရင်ခံစာကဆိုပါတယ်။

ပုံစာ- စစစ်ကိုင်းတိုင်းအတွင်းစစ်ကောင်စီထောင်ခဲ့တဲ့ နင်းမိုင်းတချို့ကို ကာကွယ်ရေးတပ်တွေက ရှင်းလင်းနေစဉ်\