ဈေးနှုန်းထိန်းချုပ်ဖို့ဆိုပြီး အရန်ဆန်တွေ စရောင်းတဲ့နေ့မှာ ဆန်ဈေးထပ်တက်

ဩဂုတ်၊ ၇

ဆန်ဈေးနှုန်းထိန်းချုပ်ဖို့အတွက်ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြင်ပပေါက်ဈေးထက်သက်သာတဲ့နှုန်းနဲ့ အရန်ဆန်တွေစတင်ရောင်းချပေးတဲ့ ဒီကနေ့မှာဈေးကွက်အတွင်းဆန်ဈေးနှုန်း ကျပ်ငါးထောင်ဝန်းကျင်လောက် ထပ်တက်လာတယ်လို့ ဆန်ရောင်း ဝယ် နေသူတွေက ပြောကြပါတယ်။

“ဆန်ကြမ်းတွေဆို နှစ်ထောင် ၊သုံးထောင်လောက် ထပ်တက်နေတယ်၊ဆန်ချောဆိုရင် ဒီနေ့ဈေးဖွင့်တာ တသိန်း သုံးသောင်းခွဲလောက် ပေါက်တယ်၊အဲ့ဒါဒိုင်နော်၊ဒိုင်က ဒီလောက်ပေါက်ရင် ပြင်ပမှာ တသိန်းလေးသောင်းခွဲ တ သိန်းငါးသောင်းလောက်ပေါက်တော့မှာ၊ဒီလိုထုတ်ရောင်းရင် ဈေးကျရမှာလေ ၊ခုက ဈေးတက်သွားတယ်”လို့ ရန် ကုန်မြို့က ဆန်ကုန်သည်တဦးကပြောပါတယ်။

ဆန်ဈေးနှုန်းမြင့်တက်လာမှုကို ထိန်းချုပ်ဖို့ဆိုပြီး စစ်ကောင်စီက အရန်ဆန် အိတ်ငါးသောင်းကို ဒီကနေ့ စတင် ရောင်းချပေးတာဖြစ်ပြီး မှတ်ပုံတင်တခု ဆန်ချောတအိတ်၊ဆန်ကြမ်းတအိတ် ခွဲတမ်းနဲ့ရောင်းချပေးဖို့သတ်မှတ် ထားပါတယ်။

အဲ့ဒီအရန်ဆန်တွေကို ပြင်ပ ဈေးကွက်ပေါက်ဈေးထက်တအိတ် ပျမ်းမျှ ကျပ်နှစ်သောင်းဝန်းကျင်လောက် သက် သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေမယ်လို့ ကြိုတင်ကြေညာထားပေမယ့် ဈေးကွက်အတွင်း ဈေးနှုန်းကျမသွားဘဲ ထပ် တက်လာတာဟာ ရည်ရွယ်ချက်ရှိရှိသိုလှောင်မှုတွေကြောင့်ဖြစ်နိုင်တယ်လို့ အထက်ပါ ဆန်ကုန်သည်က ပြောပါ တယ်။

အရန်ဆန်ထုတ်ရောင်းပေးတဲ့ အစီအစဉ်ဟာ ဈေးနှုန်းသက်သာပေမယ့် ဝါးတန်းလမ်းက ဆန်စပါးကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ပွဲရုံက ဆန်စပါးကုန်စည်ဒိုင်မှာသာ ရောင်းချပေးတာကြောင့် သယ်ယူစရိတ်အခက်အခဲရှိသလိုလူဦးရေ အများစုဖြစ်တဲ့ အခြေခံလူတန်းစားတွေအနေနဲ့ အိတ်လိုက်ဝယ်ယူနိုင်ဖို့ခက်ခဲတာကြောင့် အရန်ဆန်ထုတ် ရောင်း တဲ့အစီအစဉ်က ဈေးကွက်အပေါ် သက်ရောက်မှုမရှိသေးတာလို့ ဆန်အရောင်းဆိုင်ဖွင့်လှစ်ထားသူတွေကလည်း ထောက်ပြပါတယ်။

“သူတို့ရောင်းတာကို ပိုက်ဆံရှိတဲ့သူနဲ့ ဆန်ရောင်းတဲ့သူပဲ ဝယ်မှာလေ၊ဆန်ရောင်းတဲ့သူကရော သဘောကောင်း ပြီး လျော့ပေးမှာ မဟုတ်ဘူးလေ၊ဟုတ်တယ်မလား အမြတ်လိုချင်လို့ရောင်းနေတာလေ၊ အပြင်ဒိုင်ပေါက်ဈေးပဲ ရောင်း မှာပေါ့” လို့ ရန်ကုန်မြို့ကဆန်လက်လီရောင်းဝယ်နေသူတဦးကပြောပါတယ်။

ဆန်စပါးအသင်းချုပ်အနေနဲ့ ရွှေဘို ပေါ်ဆန်းတအိတ် ၁၁၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတအိတ် ၉၄၀၀၀ကျပ်မှ ၉၇၀၀၀ ကျပ်၊ဧည့်မထ (၁၀%) စားဆန် တအိတ်ကို ၆၅၀၀၀ ကျပ်နဲ့ ဧည့်မထ (၂၅%) စားဆန်တ အိတ်ကို ၆၀၀၀၀ ကျပ်နဲ့ရောင်းချပေးမယ်လို့ကြေညာထားတာပါ။

“သူတို့ရောင်းတာက အိတ်လိုက်ရောင်းတာလေ၊ရှင်းရှင်းလေးပဲ၊အစိုးရ တရပ်အနေနဲ့ အလုပ်မရှုပ်ခံဘူး၊ပြီး ပြီးရော ရောင်း တာလေ၊ဟို အခုရောင်းရတယ်လို့ ထုတ်ပြန်ထားတယ်အမဖတ်လိုက်ရတယ်၊ ဘယ်သူတွေ ဝယ်တာလည်း သေချာစီစစ် လား၊အရင်တုန်းကလိုပဲ နီးစပ်ရာရောင်းတာလေ၊ ရပ်ကွက်ထဲကတနေ့လေး လုံးဝယ် စားတဲ့သူတွေအတွက်ဘာလုပ် ပေးမှာ လဲ” လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အိမ်ရှင်မတဦးက မေးခွန်းထုတ်ပါတယ်။

 ဆန်စပါးအသင်းချုပ်ကတော့ ပြီးခဲ့တဲ့ရက်က ပြည်သူ့ရင်ပြင်မှာကျင်းပခဲ့တဲ့ မိုးရာသီဈေးရောင်းပွဲအတွင်း ဆန်အ ရောင်း ဆိုင်ဖွင့်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးခဲ့ရာမှာ ဝယ်ယူသူတွေက မျှော်လင့်ထားတာထက် ပိုပြီးဝယ် ယူခဲ့ကြတယ် လို့ဆိုပါတယ်။

ဒါ့အပြင် အရန်ဆန်ထုတ်ရောင်းတဲ့ အစီအစဉ်ကို လက်ရှိသတ်မှတ်ထားတဲ့ နှစ်နေရာအပြင် ရန်ကုန်မြို့စွန်မြို့နယ် တွေမှာ အရောင်းဆိုင်သတ်မှတ်ပေးတာ၊ကားနဲ့လှည့်လည်ရောင်းချတာမျိုးတွေလည်းပြုလုပ်ဖို့စီစဉ်နေပြီး မကြာ ခင်စတင်မယ်လို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း အတွင်းက လက်လီဆန်အရောင်းဆိုင်တွေကိုလည်း တဆိုင်ကို ဧည့်မထဆန် အိတ်အကြီး  ငါးဆယ် နှုန်းနဲ့ နှစ်ပတ်တကြိမ်ဖြန့်ဝေရောင်းချပေးဖို့စီစဉ်သွားမှာဖြစ်သလို မူလသတ်မှတ်ထားတဲ့အရန်ဆန်အိတ်ငါး သောင်းကိုလည်း ၁၇၀၀၀၀ အထိ တိုးပြီး ထုတ်ရောင်းသွားမယ်လို့ ဖော်ပြထားပါတယ်။