လဲချားတိုက်ပွဲမှာ စစ်ကောင်စီအထိနာတယ်လို့ SSPP ပြော

သြဂုတ်၊ ၇
 
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးတွေ ရှိတယ်လို့ SSPP က သတင်းထုတ်ပြန်လာပါတယ်။
မနေ့ ဩဂုတ် ၆ ရက်မနက်ပိုင်းကစပြီး လဲချားမြို့နယ်အတွင်းက ရှမ်းတပ်တွေ နေရာယူထားတဲ့ တပ်စခန်းကို စစ်ကောင်စီဖက်က ဒီမနက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် မြို့အတွင်း နေရာနှစ်ခုမှာ တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးသလို နှစ်ဦးကို ဖမ်းဆီးရမိပြီး စစ်သုံးယာဉ်တစီးကိုလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မနက် ၆ နာရီလောက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ (SSPP/SSA) က ထုတ်ပြန်ထားပါတယ်။
လဲချားမြို့နယ်အတွင်းက ရှမ်းတပ်တွေ နေရာယူထားတဲ့ တပ်စခန်းကို စစ်ကောင်စီဖက်က ဒီမနက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် မြို့အတွင်း နေရာနှစ်ခုမှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။
လဲချားမြို့နယ်၊ ဟိုင်းဆိုင်အုပ်စု၊ ခိုင်းဖက်နမ်၊ နမ့်ပေါက် ကျေးရွာအနီးရှိ (SSPP/SSA) ရဲတပ်စခန်းကို စစ်ကောင်စီတပ်က အင်အား ၇၀ လောက်နဲ့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်ကတော့ ရဲဘော်တဦး ကျဆုံးတယ်လို့ ဆက်သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ပင်လုံ-လဲချား-မိုင်းနောင် နှင့် လဲချားမြိုနယ်ထဲက နမ့်တိန်းတံတား အဝင်တွေမှာ သွားလာခွင့်ပိတ်ပင်ထားပြီး နှစ်ဖက်စစ်ရေးတင်းမာနေသလို တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့လည်း SSPP ကထုတ်ပြန်ထားပါတယ်။
အခု ဩဂုတ်လ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာလည်း မန်ကျန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ (SSPP/SSA) တပ်စခန်းတွေ ရှိရာဖက်ကို လက်နက်ကြီးတွေနဲ့ ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ပြီးတဲ့ အခုလိုပဲ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာတာလို့ ထုတ်ပြန်ထားပါတယ်။
အာဏသိမ်းစစ်ကောင်စီက လဲချားမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ရဲ့ တပ်စခန်း ၁၀ နေရာကို အကြိမ်ကြိမ်ဆုတ်ခွာပေးဖို့ ပြောဆိုထားပေမယ့် ဌာနချူပ်လုံခြုံရေးအတွက် ဘယ်လိုအကြောင်းနဲ့မှာ ဆုတ်ခွာပေးမှာ မဟုတ်ဘူးလို့ ပြန်လည်အကြောင်းပြန်ထားတယ်လို့ (SSPP/SSA) က ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ (SSPP/SSA) တပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေကို ဆုတ်ခွာမပေးတဲ့အတွက် စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်နိုင်တယ်လို့ (SSPP/SSA) တပ်ဖွဲ့ရဲ့ ပြောခွင့်ရှိသူတွေက ဒေသတွင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ (SSPP/SSA) တပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ အဲဒီတွေ့ဆုံပြီးနောက် ရက်ပိုင်းအကြာမှာပဲ အခုလို စစ်ကောင်စီက ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။
 
ဓာတ်ပုံ – SSPP Info