အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် စစ်ကောင်စီလူအပြောင်းအလဲလုပ်ပြန်

သြဂုတ်၊ ၂

အခုလမှာ အရေးပေါ်သက်တမ်းခြောက်လ ထပ်တိုးထားတဲ့ စစ်ကောင်စီက သက်တမ်းတိုးပြီးနောက် ရက်ပိုင်း အ တွင်း စစ်ကောင်အဖွဲ့ဝင်တချို့ အနားပေးတာ၊အကြံပေးအဖွဲ့ထဲ ရွှေ့ပြောင်းလိုက်တာတွေအပြင် ဝန်ကြီးတွေနဲ့ ပြည်ထောင်စု ပုဂ္ဂိုလ်တချို့ကို အပြောင်းအလဲ လုပ်လာပြန်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးမောင်ကိုနဲ့ ဒေါက်တာအောင်ကျော်မင်းတို့ နှစ်ဦးကို အနားပေးလိုက်သလို အာ ဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ်လည်းတာဝန်ယူခဲ့တဲ့ ဒေါက်တာကျော်ထွန်းကိုတော့ စစ် ကောင်စီရဲ့ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့ထုတ်ပြန် ပါတယ်။

ဒါ့အပြင် သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၊လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးသောင်းဟန်၊စွမ်းအင်ဝန်ကြီး၊ ဦးမျိုးမြင့်ဦး၊အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း စတဲ့ ဝန်ကြီးလေးဦး၊ပြည်ထောင်စု စာရင်းစစ်ချုပ်၊အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌတို့ကလည်းစစ်ကောင်စီက အနားပေး လိုက်ပါတယ်။

အဲ့ဒီအထဲက စွမ်းအင် ဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီးတို့ကို အနားယူခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီထုတ် ပြန် ချက်မှာဖော်ပြထားပြီး ကျန်တဲ့ ငါးဦးကိုတော့ ကျန်းမာရေးအရ အနားယူခွင့်ပြုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နအဖ အစိုးရခေတ် ၂၀၀၇ ခုနှစ်ကစလို့ လက်ရှိအချိန်အထိ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် တာ ဝန်ထမ်းဆောင်ခဲ့တဲ့ ဦးထွန်းထွန်းကိုလည်း ကျန်းမာရေးအရ အနားယူခွင့်ပြုတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါ တယ်။

စစ်ကောင်စီဟာ အရေးပေါ်ကာ သက်တမ်း တိုးချိန်တွေမှာ အခုလိုပဲ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဝန်ကြီးတွေကို အနားပေးတာ၊လူအပြောင်းအလဲ လုပ်တာမျိုးတွေလုပ်လေ့ရှိပါတယ်။ဒီကနေ့ အသစ်ပြန်ဖွဲ့စည်းလိုက်တဲ့ စစ် ကောင်စီအဖွဲ့ဝင်တွေထဲမှာ အဖွဲဝင်အသစ်အဖြစ် ဒေါက်တာဘရွှေတဦးတည်းကိုသာ ထပ်တိုးခန့်အပ်ထားတာ တွေ့ရပါတယ်။