မြိုင်မှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ အမျိုးသမီးနှစ်ဦးဒဏ်ရာရ

ဇူလိုင်၊ ၂၆

မကွေးတိုင်းမြိုင်မြို့နယ် တောင်ဘက်က အိုရင်းရွာထဲကို ဒီကနေ့မနက်အစောပိုင်း နှစ်နာရီလောက်က လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ထဲအိပ်ပျော်နေတဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရသွားတယ်လို့ မြိုင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က DNAကိုပြောပါတယ်။

ဒဏ်ရာရသွားသူတွေဟာ အိုရင်းရွာက တူအရီးတော်စပ်တဲ့ အသက် သုံးဆယ် အရွယ် မမိလှနဲ့ အသက် ၁၄နှစ်အ ရွယ် မစုဝင့်ထည်လို့ဖြစ်တယ်လို့သိရပါတယ်။

နေအိမ်ပေါ်၆၀မမ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် သူတို့နှစ်ဦးရဲ့ လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာခဲ့တာလို့သိရပါတယ်။

လက်ရှိမှာတော့လက်နက်ကြီးကျည်ထိမှန်ထားတဲ့ အဒေါ်ဖြစ်သူကို ကျေးရွာဆေးပေးခန်းမှာ ဆေးကုသပေးနေပြီး ဒဏ်ရာပိုပြင်းထန်တဲ့တူမဖြစ်သူကိုတော့ ပခုက္ကူဆေးရုံကို ပို့ထားတယ်လို့သိရပါတယ်။

“အဲ့လိုမကြာခဏပစ်တာ ၊ကျွန်တော်တို့ တခါကဆို ရေချိုးပြန်တုန်းအဲ့ရေချိုးတဲ့နားကျပြီး ကျတော်တို့ ရဲဘော် တ ယောက်ကျဆုံးသွားတာရှိတယ်၊ဒီနေ့ကတော့ မနက်အစောပိုင်းပစ်တာ ထိခိုက်ဒဏ်ရာရတာပဲရှိတာ “ လို့ မြိုင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အိုရင်းရွာနဲ့ တမိုင်ခွဲဝန်းကျင်လောက်အကွာမှာရှိတဲ့ တွင်းမရွာ စာသင်ကျောင်းမှာ စခန်းချထားတဲ့ ပျူစောထီး တွေ က လက်နက်ကြီးတွေပစ်ခတ်ခဲ့တာလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။ ဒီ အချက်ကိုတော့ DNA အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

တွင်းမ ရွာဟာ စစ်အာဏာသိမ်းပြီးနောက် ပျူစောထီးရွာအဖြစ် ဒေသတွင်းမှာ လူသိများပြီးအဲ့ဒီရွာကနေ ပတ် ဝန်း ကျင်ရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊အဲ့ဒီရွာက ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ် တိုက်ခိုက်တာတွေမကြာခဏဖြစ်လေ့ရှိပါတယ်။