စစ်ကောင်စီကသယ်ယူပို့ဆောင်ရေးအတွက် ပရဟိတယာဉ်တွေကို အသုံးပြုနေတယ်လို့ မြိတ်ပကဖပြော

ဇူလိုင်၊ ၂၆

တနင်္သာရီတိုင်း၊မြိုတ်မြို့နယ် ဒေသမှာလှုပ်ရှားတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်သား၊ရိက္ခာနဲ့ လက်နက်ခဲ ယမ်း တွေသယ်ယူပို့ဆောင်ဖို့အတွက် မြို့ခံ ပရိဟိတအသင်းတွေကို အသုံးချနေတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

 “စစ်တပ်က အရေးပေါ်ကားတွေသုံးပြီး ရိက္ခာတွေ၊ လယ်နက်တွေသယ်နေတာကျွန်တော်တို့ တွေ့နေကျပဲ” လို့သူ ကပြောပါတယ်။

အဲ့ဒီလိုလုပ်ဆောင်ရာမှာ မြို့ခံ ပရဟိတအသင်းတချို့ကလည်း ကူညီပေးနေတယ်လို့ မြိတ် ပကဖကဆိုပါတယ်။

ဒါကြောင့် မြို့ခံနာရေးကူညီမှုပရဟိတအသင်းငါးခုအနေနဲ့ စစ်ကောင်စီကို အားပေးကူညီမှု တွေမလုပ်ဖို့ အဲ့ဒီမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မနေ့ကထုတ်ပြန်လိုက်ပြီး ဆက်လက်ပြုလုပ် နေရင် အရေးယူမယ် လို့လည်းဆိုပါတယ်။ 

မြိတ်မြို့အခြေစိုက်ပရဟိတ နာရေးကူညီမှုအသင်းတွေဖြစ်တဲ့ ကရုဏာ၊ ရွှေရောင်နေ့သစ်၊ ချစ်ကြည်ရေး၊ ချမ်းမြေ့၊ ပီတိကုသိုလ်အသင်းတွေအနေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်နေကြောင်း ထောက် လှမ်းသိရှိထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 “သူတို့(ပရဟိအသင်းတွေ)က အလိုတူအလိုပါ ကူညီပေးနေတယ်ဆိုတာ သတင်းရထားလို့ကျွန်တော်တို့ သတိပေး တာ၊တချို့အသင်းတွေကတော့ သူတို့အဲလိုမဟုတ်ဘူးဆိုပြီး ပြောနေတာကြားတယ်၊ မလုပ်ရင်တော့ ပိုကောင်း တာပေါ့” လို့ မြိတ် ပကဖ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

 အခုလဒုတိယပတ်အတွင်း တနင်္သာရီမြို့နယ်ထဲ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကအရေးပေါ်ကား ဆယ် စီးထက်မနည်း အသုံးပြုသွားလာခဲ့သလို ပြီးခဲ့တဲ့ ဇွန်လ အတွင်းကလည်း အရေးပေါ်ကားသုံးပြီး စစ်တပ်အတွက် ရိက္ခာပို့ရာကနေ ပြန်လာတဲ့ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးကို တနင်္သာရီ မြို့နယ်၊ ညောင်ပင်ကွင်းရွာဘက်မှာ ဖမ်းဆီး ရမိခဲ့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သူကဆက်ပြောပါတယ်။

 သတိပေးခံရတဲ့အထဲပါဝင်ပြီး DNA က အဆက်အသွယ်ရရှိခဲ့တဲ့ ပရဟိတအသင်းနှစ်ခုရဲ့ တာဝန်ရှိ သူတွေကတော့ စစ်ကောင်စီကို ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ငြင်းဆိုပါတယ်။

“ဘယ်ချိန်၊ ဘယ်နေရာမှာကျွန်တော်တို့ဘာလုပ်လို့ အခုလို သတိပေးရတာလဲဆိုတာ သူတို့ ဘက်က သေချာမ ပြောတော့ကျွန်တော်တို့လည်း ဘယ်ဖြေရှင်းချက်မှမပေးနိုင်သေးဘူး၊ သူတို့မှာ ရထားတဲ့သတင်းတွေကိုလည်း သေချာ သုံးသပ်စေချင်တယ်၊ကျွန်တော်တို့အသင်းက သူတို့စွပ်စွဲသလိုမဟုတ်တာတော့ တာဝန်ခံတယ်၊အခြား အသင်းတွေတော့ ကျနော်မသိဘူး” လို့ သတိပေးခံထားရတဲ့အထဲပါနေတဲ့ အသင်းရဲ့ တာဝန်ရှိသူတယောက်က DNA ကို ပြောပါတယ်။

နောက်ထပ် အလားတူအသင်းတခုရဲ့တာဝန်ရှိသူတကလည်း အခုလို ခြိမ်းခြောက်ခံရတာကြောင့် ရပ်ဝေးက လူနာ တွေကို ကူညီပို့ဆောင်ရာမှာ အခက်အခဲရှိလာနိုင်တယ်လို့ ပြောပါတယ်။

“အဲ့လိုပြောထားတော့ အဝေးပို့ရမယ့် လူနာတွေကို ဘယ်ပို့ရဲတော့မလဲ၊ကျွန်တော်တို့ကို ဘယ်အချိန်မှာ ဘာလုပ် မယ်မှန်းမသိဘူးလေ၊သူတို့ ပြောသလို စစ်တပ်နဲ့လည်း တခါမှ မပူးပေါင်းဘူး၊ကျွန်တော်တို့ကားကိုလည်း စစ်တပ် က တခါမှ မသုံးဖူးဘူး၊ကျွန်တော်တို့ လုပ်နေတာ မတတ်နိုင်တဲ့သူတွေကို ကူညီပေးဖို့ သက်သက်ပဲ” လို့ အဲဒီ အ သင်းတာဝန်ရှိသူက ပြောပါတယ်။

 စစ်ကောင်စီဘက်က တုံ့ပြန်ရန်ရှာလာနိုင်တဲ့ အခြေအနေကြောင့် အဲ့ဒီအသင်းနာမည်တွေကိုတော့ ဖော်ပြနိုင်ခြင်း မရှိပါဘူး။နောက်ထပ် ဒေသခံ ပရဟိတအသင်းတခုကိုလည်း DNAကထပ်မံဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူက တော့ ဖြေကြားဖို့ငြင်းဆန်ပါတယ်။

 မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူကတော့ ပြည်သူတွေကို ကူညီနေတဲ့ ပရဟိတ အသင်းတွေကို ထိခိုက်အောင်လုပ်မှာမဟုတ်ပေမယ့်စစ်ကောင်စီအတွက် သယ်ယူပို့ဆောင်ပေးမှုတွေ လုပ်နေတာ စစ်ဆေးတွေ့ရှိရင်တော့ ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ပြောပါတယ်။

 “ပြည်သူတွေအတွက် အရေးပေါ် ကယ်တင်နေတဲ့အချိန်တွေမှာတော့ကျွန်တော်တို့ ဘယ်တိုက်ခိုက်မလဲ၊ လမ်းမှာ အခက်အခဲဖြစ်နေရင်တောင်ကျွန်တော်တို့က ကူညီပေးအုံးမှာ၊ဒါပေမယ့်ကျွန်တော်တို့ စစ်ဆေးလို့ရန်သူ့လက် နက် တွေ၊ ရိက္ခာတွေ သယ်ပေးတာတွေ့ရင်တော့ ပြင်းပြင်းထန်ထန်အရေးယူသွားမယ်။ ပြည်သူကို ကူညီပေးဖို့ဖွဲ့တာတဲ့ အသင်းတွေအနေနဲ့ ပြည်သူ့မျက်နှာကိုပဲ ကြည့်စေချင်တယ်” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

 မြိတ်မြို့ခံတဦးကတော့ စစ်ကောင်စီတပ်က မြို့ခံ ပရဟိတအသင်းတွေရဲ့ အရေးပေါ် ကားတွေကို အသုံးပြုတာမျိုး တခါတရံတွေ့ရတတ်ပြီး အသင်းတွေက အလိုတူအလိုပါ ကူညီပေးတာ ဟုတ်မဟုတ်ဆိုတဲ့ အခြေအနေကိုတော့ ပြောဖို့ခက်တယ်လို့ဆိုပါတယ်။

 သူတို့(စစ်ကောင်စီ)လိုအပ်ရင်လိုအပ်သလိုသုံးတယ်၊ ဖိအားပေးလို့ လိုက်ပို့ရတာမျိုးလည်းရှိသလိုတချို့တွေကျ တော့လည်းဘယ်လိုကူပို့ပေးလဲမပြောတတ်ဘူး”လို့ သူကပြောပါတယ်။

မြိတ်မြို့ခံတဦးကတော့ စစ်ကောင်စီတပ်က မြို့ခံ ပရဟိတအသင်းတွေရဲ့ အရေးပေါ် ကားတွေကို အသုံးပြုတာမျိုး တခါတရံတွေ့ရတတ်ပြီး အသင်းတွေက အလိုတူအလိုပါ ကူညီပေးတာ ဟုတ်မဟုတ်ဆိုတဲ့ အခြေအနေကိုတော့ ပြောဖို့ခက်တယ်လို့ဆိုပါတယ်။ “သူတို့(စစ်ကောင်စီ)လိုအပ်ရင်လိုအပ်သလိုသုံးတယ်၊ ဖိအားပေးလို့ လိုက်ပို့ရတာမျိုးလည်းရှိသလိုတချို့တွေကျ တော့လည်းဘယ်လိုကူပို့ပေးလဲမပြောတတ်ဘူး”လို့ သူကပြောပါတယ်။

နိုင်ငံတဝှမ်း ခုခံတိုက်ခိုက်မှုတွေများလာတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားလာရာမှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ပရဟိတအသင်းတွေရဲ့ အရေးပေါ်ကားတွေ အပါအဝင် အရပ်သားအသွင်ယူကာ အိမ်စီးကားတွေ၊ကုန်တင်ကားတွေကို အဓမ္မအသုံးပြုတာတွေ မကြာခဏ ရှိနေပါတယ်။

 

လက်ရှိကာလလို လက်နက်ကိုင်ခုခံမှုတွေရှိမလာခင် မြို့ကြီးတွေမှာ ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေ အား ကောင်းခဲ့စဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အလားတူပဲ ပရဟိတအသင်းအဖွဲ့ကားတွေ၊ အိမ်စီးကား တွေကိုအသုံးပြုပြီး အသွင်ယူဖမ်းဆီးတာမျိုးတွေလုပ်ခဲ့ပါတယ်။