လားရှိုးမှာ ဓာတ်အားလိုင်းကြိုး ဖြတ်ခိုးဖို့ကြိုးစားရာက အမျိုးသားတဦး ဓာတ်လိုက်သေဆုံး

ဇူလိုင်၊ ၂၅

ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှာ 33KV ဓာတ်အားလိုင်းကြိုးကို ဖြတ် ခိုးဖို့ ကြိုးစားရာက အမျိုးသားတဦး ဓာတ် လိုက်သေဆုံးသွားတယ်လို့ ရုပ်အလောင်းသွားသယ်ခဲ့ရတဲ့ လားရှိုး လူငယ်များလူမှုကူညီရေး အသင်းက ဖော်ပြ ထားပါတယ်။

လားရှိုးမြို့နယ် လွိုင်လမ့်ကျေးရွာအနီးမှာရှိတဲ့ ပြောင်းစိုက်ခင်းအတွင်းကနေ သွယ်တန်းထားတဲ့ 33KV ဓာတ် အားလိုင်းကြိုးကို ဖြတ်ခိုးဖို့ကြိုးစားရာက ဓာတ်လိုက်ပြီး ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းကို မနေ့က တွေ့ကြရတာပါ။

သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးပါဘူး။သေဆုံးသူအမျိုးသားမှာ ဓာတ်လိုက်ခံရမှုကြောင့် ရရှိ ထားတဲ့ ဗိုက်ပွင့်ထွက်ဒဏ်ရာတွေ့ရသလို အခင်းဖြစ်နေရာမှာလည်း ဓာတ်အားလိုင်းကြိုးဖြတ်ခိုးဖို့ ကြိုးစားထားတဲ့ အခြေအနေတွေ တွေ့ရတယ်လို့ဆိုပါတယ်။

ဓာတ်လိုက်သေဆုံးနေတဲ့ အမျိုးသားကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးဆီ ပို့ပေးခဲ့ရတယ်လို့လားရှိုး လူငယ်များ လူမှု ကူညီရေး အသင်းကဖော်ပြထားပါတယ်။