ဇူလိုင် ၊ ၂၃
ပြည်တွင်းစက်သုံးစီစျေးနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်ကနေတရိပ်ရိပ်ဈေးမြင့်တတ်ခဲ့တဲ့ဓာတ်ဆီ (Octane 92) ဈေးဟာ ဒီကနေ့မှာတော့ တလီတာကို ၂၁၇၅ ကျော်အထိ ဈေးမြင့်တတ်ခဲ့တယ်လို့ရန်ကုန်မြို့က ဓာတ်ဆီရောင်းဝယ်နေသူတွေနဲ့ အငှားယာဉ်မောင်းတွေထံက သိရပါတယ်။
“ ဆီဈေးက ဒီလထဲမှာ ဆိုရင် တစ်ရာ့ငါးဆယ် နှစ်ရာလောက်တော့တတ်သွားတယ် ။အရင်လက တထောင်ကျော်ခုက နှစ်ထောင်ကျော် ´ရန်ကုန်အငှားယာဉ်မောင်းတဦးကပြောပါတယ်။
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ဇွန်လကကုန်ပိုင်းလောက်ကနေ နေ ဇူလိုင်လတရက်နေ့အထိ 92 တလီတာကို ၁၉၈၅ ကျပ်ဝန်းကျင်ရှိခဲ့တာကနေ တရက်ထက်တရက် ဈေးမြင့်တတ်လာခဲ့ပြီး နောက် ဒီကနေ့မှာတော့ ၂၁၇၅ ကျပ်အထိ ကျပ် နှစ်ရာ နီးပါး ဈေးမြင့်တတ်ခဲ့တာပါ။
အခုလိုစက်သုံးဆီစျေးနှုန်းတွေ တရိပ်ရိပ် ဈေးမြင့်တတ်လာတာကြောင့် အုံနာခပေးရတဲ့ အငှားယာဉ်မောင်းတွေအဖို့ အခက်အခဲပိုဖြစ်လာတယ်လို့လည်း ရန်ကုန်မြို့က အငှားယာဉ်မောင်းသမားတွေက ဆိုပါတယ်။
‘ ဆီဈေးတွေတတ်တော့အခက်အခဲကတော့ရှိတာပေါ့။မိသားစုစားဝတ်နေရေးကရှိတော့ဆီဈေးတတ်လေ မိသားစုအခက်အခဲက ပိုဆိုးလာတာပေါ့ ။ဆီဈေးတွေတတ်လည်းမောင်းရတာပဲ ။အရင်ကကိုယ့်အတွက် တသောင်းကျန်ရင် အခု ရှစ်ထောင်ပေါ့ ။အုံနာခကလည်းအရင်က ကိုးထောင်တစ်သောင်းခုက သောင်းနှစ်ထောင် ပြင်စရိတ်ဈေးတွေတတ်တော့အုံနာခက ဈေးတတ် ဆီဈေးကလည်းတတ် စားသောက်ကုန်ကလည်းတတ် မတတ်တာက လုပ်အားခပဲ “ လို့ အငှား ယာဉ်မောင်းတဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဇွန်လကုန်ပိုင်းမှာ ဓာတ်ဆီ (အောက်တိန်း 92) တလီတာကို ၁၉၈၅ကျပ်၊ 95 တလီတာကို ၂၀၃၅ ကျပ်၊ဒီဇယ်ရိုးရိုးတလီတာကို ၁၉၂၅ ကျပ်၊ပရီမီယမ် ဒီဇယ်တလီတာကို ၂၀၀၅ ကျပ်ရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ 92 တလီတာ ၂၁၇၅ ကျပ်၊ 95 တလီတာ ၂၂၉၀ ကျပ်၊ ရိုးရိုးဓာတ်ဆီ တလီတာကို ၂၁၅၅ ကျပ်နဲ့ ပရီမီယမ်ဓာတ်ဆီတလီတာကို ၂၂၃၅ ကျပ်ထိ ဈေးနှုန်းတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီက ပြည်တွင်းစက်သုံးဆီလိုအပ်ချက်နဲ့ တင်သွင်းမှုအချိုးမျှတမှုရှိနေလို့စက်သုံးဆီစျေးတည်ငြိမ်နေကြောင်း၊ အချို့ဝိသမလောဘသားလုပ်ငန်းရှင်တွေက ရည်ရွယ်ချက်ရှိရှိ နဲ့စျေးတင်ရောင်းနိုင်ဖို့ ကောလဟလဖန်းတီးနေတယ်လို့ ဇူလိုင်လ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကားအစီးရေတသန်းကျော်နဲ့ ဆိုင်ကယ် ခြောက်သန်းခွဲကျော်ရှိပြီးတနှစ်ကို စက်ဆုံးဆီတန်ချိန် လေးသန်းကျော်တင်သွင်းနေရကာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံဝန်းကျင်နှစ်စဉ်ကုန်ကျနေတာဖြစ်ပါတယ်။