အွန်လိုင်းက ဈေးရောင်းမှုကို စစ်ကောင်စီတင်းကျပ်လာတဲ့အပေါ် အမြင်များ

ဇူလိုင် ၊ ၂၂ 

မှတ်ပုံတင်လက်မှတ်မလျှောက်ဘဲ အွန်လိုင်းအရောင်း အဝယ်လုပ်သူတွေကို အနည်းဆုံး ခြောက်လကနေ အများ ဆုံး သုံးနှစ်အထိချမှတ်နိုင်မယ့် စည်းကမ်းသတ်မှတ်ချက်တွေစစ်ကောင်စီက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အွန်လိုင်းစနစ်ရောင်းချခြင်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအအရ အကျုံး ဝင်လုပ်တဲ့လုပ်ငန်းအဖြစ် သတ်မှတ်လိုက်ပြီးနောက်အဲ့ဒီလိုပြစ်ဒဏ်ကျခံရနိုင်တဲ့ လုပ်ငန်းဖြစ်လာတာပါ။

အခုလို လုပ်လာတာဟာ စစ်ကောင်စီအနေနဲ့ ဝင်ငွေကျပ်တည်းလာတာကြောင့် ရနိုင်သမျှနည်းလမ်းပေါင်းစုံကနေ ဘတ်ဂျတ်ရှာဖို့ကြိုးစားနေတာလို့ သုံးသပ်ကြတာတွေလည်းရှိပါတယ်။

အွန်လိုင်းစျေးရောင်းသူတွေနိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုံဆော်မှု၊ ဟောပြောမှု၊ စည်းရုံးမှု၊ အားပေးမှုနဲ့ ဆန္ဒဖော်ထုတ် တာတွေကို ရှောင်ကြဉ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီသတ်မှတ်တွေထုတ်ပြန်တဲ့နေ့ကစလို့ ခြောက်လပြည့်ချိန်မှာ အရေးယူမှုတွေ စတင် မယ်လို့စစ်ကောင်စီက ဆို ထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့လက်ရှိ အွန်လိုင်းကဈေးရောင်းချနေသူတွေနဲ့ လေ့လာ သူတချို့ရဲ့ အမြင်တွေကို DNA က မေးမြန်း ဖော်ပြလိုက်ပါတယ်။

 

အိတ်အမျိုးမျိုး Live လွှင့်ရောင်းချနေတဲ့ရန်ကုန်မြို့ခံတဦး

နေရာတကာ လိုက်ကျပ်တာပဲ မြင်တယ်၊ online shop က သေးသေးလေးတွေလည်း ရှိတယ်၊ ကြီးကြီးတွေလည်း ရှိတယ်၊အသေးတွေဆို ဘယ်လိုလုပ်ရမလဲ၊ ဟုတ်ပြီ၊မှတ်ပုံတင် လုပ်ရမယ်ဆိုရင် ဘယ်မှာလုပ်ရမလဲ၊ ဘယ်လို လုပ်ရမှာလဲ၊ ဒါမျိုးတွေလည်း တိတိကျကျသိချင်တယ်ပေါ့နော်, အခုလောလောဆယ်ဆယ်၊ခြောက်လ လောက် တော့ အချိန်ရပါသေးတယ်၊ဒီခြောက်လပြည့်ရင် ဘာတွေ ဆက်ဖြစ်မှာလည်းဆိုတာတော့ မသိဘူးပေါ့၊သူ့ရဲ့ မှတ် ပုံတင်ကြေးက ဈေးကြီးနေမယ်ဆိုရင် ကျွန်မတို့က online shop ကိုတော့ ပိတ်ပစ်ရမယ့် သဘောမှာ ရှိတယ် ပေါ့ လေ၊ လက်ခံနိုင်လားလို့ မေးရင် လက်မခံနိုင်ဘူးပေါ့လေ၊ တသက်လုံး ဒီလိုပဲ ကိုယ့် Page လေးမှာ ကိုယ်တင်ပြီး တော့ ရောင်းလာတာ အမြတ်လည်း အဲဒီလောက် ထွက်နေတဲ့ဟာ မဟုတ်ဘူးပေါ့၊ တခြား Page တွေတော့ မသိ ဘူး၊ ကျွန်မ Page က အများကြီးဝင်နေတာမဟုတ်ဘူး၊ အခုချိန်မှာ အရောင်းအဝယ်မကောင်းနေဘူးဆိုတာလဲ၊ အားလုံးအသိပဲ၊ ဒါကို လာပြီးလုပ်နေတာကတော့ မရမက လိုက်ညှစ်နေတာလို့ပဲ ထင်တယ်။

နည်းလမ်းပေါင်းစုံနဲ့သူ့ဆီ ဝင်ငွေရဖို့အတွက် လုပ်နေတာ၊ ကျွန်မတို့online shopတွေမှ မဟုတ်ဘူးလေ၊ ဘီယာ ဆိုင်တွေ၊ စင်တင်ဆိုင်တွေကိုလည်းကြည့်ပါလား၊ မနက်ကပဲ အယောက်အများကြီးဖမ်းတာ၊ အဲဒီလူတွေကို တ ယောက်နှစ်သိန်းနဲ့ပဲ ယူလိုက် ဘယ်လောက်ဝင်သွားပြီလဲ၊ဂွင်ဖန်နေတာပေါ့၊ ရှင်းနေတာပဲ၊ ရတဲ့နေရာကနေ ရသ လို ဂွင်ဖန်နေတာ၊ ဘယ်လိုပြောရမလဲ၊ကျွန်မတို့ဟိုးအရင်ခေတ် မီးအမှောင်ချ ခေတ်ပဲ၊ ဘာမှမထူးဘူး၊ ဘာပဲ ဖြစ် ဖြစ် နောက်ပြန်ဆုတ်ဆုတ်နေတာက ၆၂ ခုနှစ်ရောက်တော့မယ်။

ပစ္စည်းရောင်းတာပဲလေ၊သူ့ကို မှတ်ပုံမတင်ဘဲနဲ့ ပစ္စည်းရောင်းရအောင်လည်း၊ အခုကျွန်မတို့ရောင်းချနေတဲ့ အဝတ် အထည် အစားအသောက်ပစ္စည်းတွေက သူ့ကို ဘယ့်နှယ့်လုပ်နေတာတုန်း၊ သူ့ရဲ့ စီးပွားရေးကိုလည်း တုတ်နဲ့ ထိုး နေတာ မဟုတ်၊ကျွန်မတို့ တရားမဝင်ပစ္စည်းတွေကိုရောင်းနေတာလည်း မဟုတ်၊ အဲဒါကို အနည်းဆုံးခြောက် လ ကနေ သုံးနှစ်အထိ ထောင်ဒဏ်ချနိုင်တယ်ဆိုတော့ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတရဲ့လား ပြောဦး၊ ဒဏ်ငွေကျပ်လည်း ပါ သေးတာကို ငါးသိန်းဟုတ်လား၊အဲ့ဒီတော့ စဉ်းစားပေါ့၊စဉ်းစဉ်းစားစားလေးလည်းလုပ်ကြပေါ့၊ ဒါက လူကုန်ကူးနေ တာလည်း မဟုတ်၊ နယ်စပ်ကနေ တရားမဝင်ပစ္စည်းတင်သွင်းနေတာလည်း မဟုတ်၊ ပြည်တွင်းမှာပဲ ဟင်းချက်ပြီး ရောင်းတယ်၊ online page၊ သူကွဲကွဲပြားပြားပြော၊ ဘယ်online page လည်း အစားအသောက်ရောင်း တဲ့လူ တွေ လည်း သူလိုက်ဖမ်းမှာပဲလား၊ ကျွန်မတို့ မှတ်ပုံတင်ကြေးက ဘယ်လောက်ထိပေးရမှာလဲ။

ကျွန်မတို့မှာက လက်ရှိအခြေအနေထိ ရောင်းတောင် မရောင်းနိုင်ပါဘူး၊ ဈေးအရောင်းအဝယ်က မကောင်းပါဘူး ဆိုနေမှ သူက ဟိုနေရာပိတ်၊ ဒီနေရာပိတ်၊ အကုန်လိုက်ပိတ်နေတဲ့ အခါကျတော့ ကျွန်မတို့ ဘာလုပ်စားကြ မလဲ။ ဒါလား ပြည်သူတွေကို ကြည့်တဲ့ အစိုးရဆိုတာက။

အွန်လိုင်းဈေးရောင်းတာကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်သူကမှ မလုပ်ပါဘူးရှင်၊ လုပ်လို့ရှိရင် သူတို့ပဲ ချက် ချင်းပဲ လာလာဖမ်းနေတာ၊ အဲဒီတော့ ကျွန်မအခုတွေ့သလောက်လည်း အွန်လိုင်းမှာ ဈေးရောင်းတဲ့သူတွေက နိုင် ငံရေးနဲ့ပတ်သက်တာတွေလည်း တခုမှ မလုပ်ကြဘူး၊ သူတို့ဈေးပဲ သူတို့ရောင်းနေကြတာ၊ သူတို့ဘာသာ သူတို့ အ နာလုံးပေါက်နေရင်လည်း မသိဘူးပေါ့။

 

ဦးရဲထွန်း (နိုင်ငံရေးလေ့လာသူ)

ဒီဥစ္စာကတော့ နိုင်ငံတခုမှာတော့ ရှိမှာပေါ့ဗျာ၊တခြားနိုင်ငံမှာလည်း အခွန်ဆောင်ရတယ်လေ၊အစိုးရကိုလေ အ ခွန်ဆောင်ရ တယ်လေ၊စနစ်တကျဖြစ်အောင်‌တော့ လုပ်ရမှာပေါ့၊သူတို့ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာကို မပြောနိုင်သေးဘူးပေါ့၊အဓိကတော့ဆယ်လီတွေနဲ့ ရောင်းတဲ့ဟာတွေပေါ့၊ စိန်ရွှေရတနာတွေ၊ အဲဒါတွေက မှတ်ပုံ တင်ပြီးတဲ့အခါကျတော့ ရောင်းရတဲ့အပေါ်မှာ အခွန်ဆောင်ရတာတွေ အဲလိုတွေ ဖြစ်လာမှာပေါ့၊ တိုင်းပြည် အ တွက် လွတ်နေတဲ့အခွန်တွေ ရမှာပေါ့ဗျာ။

ဘယ်အစိုးရမဆို ကိုယ်က အစပိုင်းမှာ ဝင်တွေရပေါက်ရလမ်းကသိပ်ပြီး မမြင်သေးတဲ့အချိန်မှာ မလုပ်သေးဘူး ပေါ့ဗျာ၊မြင်တဲ့အချိန်လုပ်တာပေါ့ဗျာ၊ အဲဒီတော့ ငွေလိုတာကတော့ အစိုးရတိုင်းက ငွေလိုတာပဲလေ၊ အမေရိကန် ဆိုလို့ရှိရင် ဒီထက်တောင် ဆိုးသေးတယ်၊အကြွေးတွေ နွံနစ်ပြီးတော့ သုံးနေတာလေ၊ လွှတ်တော်က အမြင့်ဆုံး သတ်မှတ်ထားတဲ့ အကြွေးယူနိုင်တဲ့ ပမာဏကတောင်ထပ်ထပ်ပြီးတော့တိုးတောင်းနေတာ၊အမေရိကန် လောက် တော့ မဆိုးပါဘူး၊။

အဲဒီတော့ ကျွန်တော်တို့က ဒါကြောင့် စစ်အုပ်စု၊ စစ်အစိုးရဖြစ်လို့ တိုက်တာခိုက်တာတွေ အတွက်လိုလို့ ဘာညာ ဆိုတဲ့ ဘက်ကနေပြီးတော့မှရေးမယ်ပြောမယ်ဆိုလို့ရှိရင် သိပ်ပြီးတော့ မမှန်ဘူးပေါ့၊ ဒါက တိုက်ခိုက်နေတဲ့ အစိုးရ မဟုတ်လည်း ဒီအပေါက်လမ်းကနေ ရှာမှာပဲ၊ အစိုးရဆိုတာက သူငွေရရှိစည်းကြပ်လို့ရတဲ့နေရာမသိရင်သာ နေ မယ်၊ သိလို့ရှိရင် သူတို့က လုပ်တာပဲပေါ့၊ ဒီမိုကရေစီအစိုးရဆိုလို့ရှိရင်လည်း လုပ်မှာပဲလေ။

သူတို့က အသစ်ပြဌာန်းတာမဟုတ်ဘူး၊သူကအထူးကုန်စည်ဆိုပြီး သတ်မှတ်လိုက်တာ၊အဲဒီတော့ အထူးကုန် စည် ဆိုပြီးတော့ အရင်အစိုးရက ပြဌာန်းထားတဲ့ ဥပဒေအရ အဲဒီလို မှတ်ပုံမလုပ်ဘူး၊ရောင်းတယ်ပြုတယ် ဘာ ညာဆို လို့ရှိရင် ပြစ်ဒဏ်ဘယ်လောက်၊ ဘယ်လောက် အရင်လွှတ်တော်တွေကာလတုန်းက သတ်မှတ်ထားတာ၊ အဲဒီတော့ ဒီဟာကို သူတို့ကအထူးကုန်စည်ဆိုပြီးတော့ထည့်လိုက်တာ၊ ဒါနဲ့ပတ်သက်လို့ကတော့ သိပ်ပြီး ဝေဖန်ချက် ပေးစရာမရှိပါဘူး။

သူ(စစ်ကောင်စီ)ကသာမန်ဆယ်လီတောင်မှ သူ့ကို မထိခိုက်လို့ရှိရင် သူဘာမှ ဂရုမစိုက်ဘူးပေါ့နော်၊ ကြိုက်တာ တင်ပေါ့၊ ရတယ်၊ တကယ်လို့ သူ့ကို ထိခိုက်လာတဲ့ဟာမျိုးကျတော့ နှင်းဆီပန်းလေး တင်တာတောင်မှ ခွင့်မလွှတ် ဘူးလေ၊အဲဒါကိုပဲသူကအဓိက အာရုံစိုက်ပြီး လုပ်တာနေမှာပေါ့။

 

တရားလွှတ်တော်ရှေ့နေတဦး

သတိထားမိတာက ၂၀၂၀ နောက်ပိုင်း ကိုဗစ်နောက်ပိုင်း ဒီလုပ်ငန်း(online shop)တွေက အတော် ကို ဖွံ့ဖြိုး လာတယ်၊ စီးပွားရေးလည်ပတ်တာကလည်း အတော်ကြီးကြီးမားမားလည်ပတ်တာပေါ့၊လူတွေက သွား ရေး လာရေးခက်ခဲတော့ အွန်းလိုင်းကတဆင့်လုပ်ကြတာပေါ့၊ငွေလွှဲတာ၊ရောင်းချတာ လုပ်တယ်၊ဒါတွေကို ထိန်း ချူပ်ကန့်သတ်ဖို့ မသင့်ဘူးမြင်တယ်။

သတ်မှတ်ချက်အရ ထောင်ဒဏ်က အမြင့်ဆုံး သုံးနှစ်ဆိုပေမယ့် သူရဲ့ ပြစ်မှုအပေါ်မူတည်ပြီး တရား သူကြီးရဲ့ ဆင်ခြင်တုံတ ရား အရချတာပေါ့လေ။သူမဖြစ်မနေ သုံးနှစ်ကျရမယ် ပြောတာတော့မဟုတ်ဘူး၊ ကြီးမားတဲ့ ပြစ်ဒဏ်လို့တော့ မမြင်ဘူး။ ဒါပေမယ့် ပစ္စည်းကိုသိမ်းတာ လုပ်ငန်းကိုပိတ်သိမ်းတာလောက်ပဲ လုပ်ပြီး ထောင် ဒဏ် ကတော့ မသင့်ဘူးလို့မြင်တယ်။

ဒီဥပဒေပြဌာန်းရခြင်းကို ကျွန်တော်မြင်တာကတော့ အဖက်ဖက်ပိတ်ဆို့ခံထားရလို့ညပ်လာတဲ့ ဝင်ငွေတွေကို ဒီ လုပ်ငန်းတွေ မှတ်ပုံတင်ခြင်းအားဖြင့် ဒီကနေ အခွန်အခတွေ တိုးပွားဖို့ လုပ်တာပေါ့။ နောက်တခုက တဖြည်းဖြည်း မြင့်လာတဲ့ နိုင်ငံရေး အားပြိုင်မှုတွေမှာ ဒီအွန်လိုင်းလုပ်ငန်းတွေကလည်း တဖက်တလမ်းကနေ ထောက်ပံ့မှု တွေရှိ နေတယ်လို့ ဒါတွေးခေါ်ယူဆပုံရတယ်၊ဒါကြောင့် စောနကပြောတဲ့ အချက်ကလေးထည့်တာပေါ့နော်၊အမှန်က ဥပ ဒေကျတော့ ကုန်စည်နဲ့ဝန်ဆောင်မှုပဲဆောင်ရွက်တဲ့အတွက် အဲဒီအပေါ်မှာ နိုင်ငံရေး မလုပ်ရဘူးသွားလုပ်တော့ တ ကယ်တမ်းကဥပဒေအရတော့ အဓိပ္ပာယ်မရှိဘူးပေါ့ဗျ။

နိုင်ငံရေးနဲ့ ဆက်သွယ်တာပေါ်ပေါက်ရင် သူဥပဒေနဲ့အရေးယူပေါ့၊ဒီလိုအမိန့်ထဲထည့် သီးခြားလုပ်တာကျတော့ အဓိပ္ပာယ်ကင်းမဲ့တာပေါ့နော်။

ဝင်ငွေကကျလာတယ်၊သူ့အုပ်ချူပ်ရေးယန္တယားကိုထိန်းဖို့က ဝင်ငွေလိုတယ်၊အဲဒါတကယ်သိသိသာသာ ဖွံ့ဖြိုး လာတဲ့ အွန်လိုင်းကကုန်စည်ရောင်းချတဲ့လုပ်ငန်းတွေကို ဝင်ငွေရရှိရေးပစ်မှတ်ထားလာတဲ့သဘောပါ။

 

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရာရှိတဦး

ဒီလိုမလုပ်ခင်ကတည်းက လူကြီးပိုင်းတွေ တိုင်ပင်ဆွေးနွေးတာမျိုးတွေရှိတယ်၊ လူကြီးပိုင်းတွေ တိုင်ပင်ပြီးမှ သူတို့ ထုတ်ပြန်လာတာ၊အကိုတို့ ကြားထားတာက ဒီဟာက ဒီလိုမျိုး ထုတ်ပြန်လိုက်မယ် ဆိုရင်တောင် အခု တာဝန်ရှိသူ တွေအတွက်ဘာမှတုံ့ပြန်မှု မရှိဘူးပေါ့နော်၊ဘာလို့ဆိုတော့ ဒီဟာက အရင်အစိုးရ လက်ထက်က ပြဌာန်းထားတဲ့ ဥပဒေတခုပဲလေ၊အကိုတို့တော့ အဲလိုမျိုးသိထားတယ်၊ပြည်သူတွေဆီကနေ အသံ ဘယ်လို မျိုးထွက်လာမလဲ ဆို တာလည်း နားစွင့်နေမှာပေါ့။

ဒီလိုထုတ်ပြန်လိုက်လို့ ဝင်ငွေအတော်ရသွားဖို့တော့ မလွယ်ဘူးထင်တယ်ပေါ့နော်၊ အခုက အွန်လိုင်းကိုပဲ ဥပမာ ပေးမယ်ပေါ့နော်၊ အွန်းလိုင်းမှာ ရောင်းချနေတာက တကယ့်စီးပွားလုပ်ငန်းရှင်တွေလည်း ရှိတယ်လေ၊အဲဒါဆို သူ တို့လို ဥပမာ စိန်ရွှေရတနာ Live လွှင့်ပြီး ရောင်းတဲ့သူတွေပဲ ရနိုင်မှာပေါ့လေ၊ တကယ်တမ်း မရှိလို့ တနိုင်တပိုင် လွှင့်ရောင်းတဲ့သူတွေဆီကနေဘယ်လိုမှ ရနိုင်မှာမဟုတ်ဘူးလေ၊ သူတို့ကရော အဲလောက်ထိ အခွန်ဆောင်နိုင်ဖို့က မဖြစ်နိုင်ဘူးပေါ့နော်၊ အဓိကတော့ တကယ့်စီးပွားရေးလုပ်ငန်း၊ စိန်ရွှေရတနာဆိုင်၊ အိမ်ခြံမြေတွေ အထည်အလိပ် တွေ လုပ်နေတဲ့သူတွေဆိုရင်တော့ ဝင်ငွေတွေ ရနိုင်မယ်လို့ထင်တယ်၊ရနိုင်တဲ့အပေါက်ကနေ ယူတာလည်း ပါ တယ်လို့ပဲ ပြောလို့ရပါတယ်။

နိုင်ငံရေးကိစ္စကတော့ ဟုတ်ပါတယ်၊အခုလို ထုတ်ပြန်တာလည်း နိုင်ငံရေးမှာ မပါဖို့ဆိုတဲ့ ခြောက်လှန့်မှုတွေလည်း ပါတယ်ဆိုတာတော့ ကျွန်တော်ပြောပြပေးနိုင်တယ်ပေါ့နော်၊ အဓိကလုပ်လို့ရနိုင်တဲ့ ဥပဒေထဲကို လုပ်သွား တယ် လို့ပဲပေါ့။

 

အွန်လိုင်းကနေအထည်အလိပ်ရောင်းချနေတဲ့မော်လမြိုင်မြို့ခံတဦး

မှတ်ပုံတင်ရမယ်ဆိုလည်း တင်ရတာပေါ့လေ၊ကျွန်မတို့က စီးပွားလုပ်ငန်းလုပ်နေတာဆိုတော့ သူတို့သတ်မှတ်ပြ ဌာန်းတဲ့အတိုင်းတော့ လုပ်ရမှာပေါ့၊ကျွန်မတို့ရဲ့ ဈေးကွက်က Live လွှင့်ပြီး ရောင်းတာက ပိုပြီး ကောင်းလာတယ်၊ ဈေးကွက်အရ အတော်လေးအဆင်ပြေနေတဲ့အချိန်မှာ အမှန်တိုင်းပြောရရင် ဘယ်လိုမှ လက်မခံနိုင်ဘူးလေ၊ ဒီဟာ ကလေ၊အရင်တုန်းကလည်း မရှိပါဘူး၊ပြည်သူတွေအဆင်မပြေနေတဲ့အချိန်မှာ ရတဲ့ အလုပ်ကနေ ကောင်း ကောင်း မွန်မွန်လုပ်နေကြတာပဲ၊ အခုလို သတ်မှတ်လိုက်တာ ဘယ်လိုနားလည်ရမှန်းတော့ မသိဘူး။

အခုက ကိုယ့်နိုင်ငံရေးအခြေအနေမကောင်းနေဘူး၊ ကြားပါတယ်၊ တချို့သတင်း တွေက နိုင်ငံတော်က တော်တော် လေး အခက်အခဲဖြစ်လာတယ်ဆိုတာကိုလေ ဘယ်လိုပြောရမလဲ၊ဝင်ငွေကျပ်တည်းလာတာကလည်းအမှန်ပဲ ပြော လို့ရတာပေါ့နော်၊ ရနိုင်တဲ့အပေါက်ကနေ ရနိုင်သမျှလုပ်တာပဲပေါ့၊

ပြစ်ဒဏ်က အရမ်းများသလိုပဲ၊ဒါပေမယ့် ကိုယ့်မှာက ပြောပိုင်ခွင့်မရှိနေဘူးလေ၊ ဒီအပေါ်မှာ ကိုယ့်အနေနဲ့ များ တယ်ပြောနေတာထားပါတော့၊ ဘယ်သူ့ကို သွားပြောလို့ရမှာလဲ၊ အခုက သူတို့က ထုတ်ပြန်ထားပြီးပြီဟာ ဘာ တတ်နိုင်မှာလည်း။ နောက်ပြီး အခွန်ဘယ်လောက်ဆောင်ရမလဲဆိုတဲ့ဟာကလည်း ရှိသေးတယ်လေ၊ အဲဒါက လည်း သူတို့ မပြောသေးဘူးလေ၊ ဒီတော့ ကျွန်မတိုကတော့ သူတို့ထုတ်ပြန်လာတဲ့ ဘယ်လိုအခွန်ဆောင်ရမလဲ၊ ဘယ်လိုမျိုး လိုင်စင်လုပ်ရမလဲဆိုတဲ့အပေါ်မှာလည်း မူတည်သေးတယ်။

ဒီဟာမထုတ်ပြန်ရင်လည်း သူတို့နဲ့ မကိုက်ညီတာ၊ သူတို့ကို မထောက်ခံသလို ဖြစ်နေရင် ဖမ်းတာပဲလေ၊ ဒါက တော့ နိုင် ငံရေးထဲမပါလာအောင် သူတို့ ခြောက်တာပဲပေါ့၊ သိတယ်ဟုတ်လား၊ တချို့တွေ ရှိတယ်လေ၊ Live လွှင့် ရင်း နိုင်ငံရေးနဲ့ ပြောမိသွားတာမျိုးတွေလည်း ရှိတယ်လေ၊တချို့ဆယ်လီတွေကလေ၊ အဲဒါမျိုးတွေ ထပ်မဖြစ်လာဖို့ လုပ်တာပဲ။