ဇူလိုင် ၊ ၂၀
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ မှာ စစ်ကောင်စီစစ်သားတဦးနဲ့ ဒေသခံအမျိုးသားတဦးတို့ ဆိုင်ကယ်ချင်းတိုက်မိရာကနေ အဲဒီအမျိုးသား ကိုဖမ်းဆီးသတ်ဖြတ်ပြီးအလောင်းပြန်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူကဆိုင်ကယ်နဲ့ဈေးဝယ်ပြီး အထုပ်နှစ်ထုပ်နဲ့ပြန်လာတာ၊ ဆိုင်ကယ်ချင်းငြိပြီး စစ်သားကဆိုင်ကယ်မှောက်တော့ ကောင်လေး ကထူပြီးဖေးဖေးမမနဲ့ပြောပါတယ် ၊ဆိုင်ကယ်မှောက်တာဆိုတော့ ပွန်းပဲဒဏ်ရာရတာပေါ့ ၊ဒါကို စစ်သားကလက်မခံပဲ ဖုန်းပဲဆက်နေတာ ၊၁၅ မိနစ်ကြာတော့ စခတွေလာပြီး ခေါ်သွားတာ စစ်ဆေးရေးဂိတ်မှာလည်း နေ့တဝက်ဒူးထောက်လက်မြှောက် ထားပြီးမှသတ်လိုက်တယ်ကြားတယ် “ လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ သိမ်ဇရပ်ဒေသခံတဦးကေ ပြာပါတယ်။
သေဆုံးသူဟာသိမ်ဇရမ်မြို့နယ်၊ ချောင်းစောက်ကျေးရွာမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေးဖြစ်ပြီး ဇနီးနဲ့ အသက် နှစ်လသားအရွယ်ကလေးတဦးအပါအဝင် ကလေးနှစ်ဦးကျန်ရစ်ခဲ့တယ်လို့လည်းဒေသခံတွေထံက သိရပါတယ်။
“ချစ်လေးတဲ့ကလေး နှစ်ယောက်ရှိတယ်၊ အငယ်လေးက နှစ်လပဲရှိသေးတယ်၊ စျေးရောင်းတာ ၊ဘယ်အဖွဲ့ကမှမဟုတ်ဘူး ၊ချောင်းစောက်မှာနေတာ”လို့ အဲဒီဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်က ရိုက်နှက်တာကြောင့် ရုပ်အလောင်းမှာ ခေါင်းပိုင်းအညိုအမဲစွဲဒဏ်ရာ၊ နှုတ်ခမ်းကွဲ ဒဏ်ရာ၊လည်ပင်းနဲ့ဂုတ်ပိုင်းတို့မှာအညိုအမဲစွဲဒဏ်ရာ နဲ့ ဦးခေါင်းပျော့စိဒဏ်ရာတို့တွေ့ရှိခဲ့တယ်လို့လည်းဒေသခံတွေက ဆိုပါတယ်။
သေဆုံးသူဟာ ဇူလိုင်လ ၁၈ ရက်၊ မနက် ၁၁ နာရီခွဲခန်ကမှာသိမ်ဇရပ် ဈေးကနေကုန်စုံဆိုင်အတွက်ဈေးဝယ်ပြီးပြန်လာတဲ့
အမှတ် (၃၁၀)အမြှောက်တပ်က အရပ်ဝတ်နဲ့ စစ်သားတဦးတို့ သိမ်ဇရပ်ကားဂိတ်လမ်းဆုံ ကဈေးအနီးအရောက်မှာဆိုင်ကယ်ချင်းတိုက်မိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုတိုက်မိအပြီး စစ်ကောင်စီစစ်သားက စစ်တပ်ကိုဖုန်းဆက်လှမ်းခေါ် ပြီးနောက် ခလရ တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်လိုက်ပြီး ဇွန်လိုင်လ ၁၉ ရက်မနေ့ကတော့ မိသားစုကို အလောင်းပြန်ပေးခဲ့တယ် လို့ဒေသခံတွေက ဆိုပါတယ်။
ကွယ်လွန်သူရဲ့ ရုပ်အလောင်းကိုမနေ့က မနက်က လာရောက်ထုတ်ယူရန် အမှတ်(၃၁၀)အမြှောက်တပ်က မိသားစုတွေထံဆက်သွယ် အကြောင်းကြားတာကြောင့် သွားရောက်ထုတ်ယူချိန်မှာ ငွေကျပ် နှစ်သိန်းတောင်းယူသလိုဆိုင်ကယ်၊ ပိုက်ဆံအိတ်နဲ့ တခြားပစ္စည်းတွေကို ကိုပြန်မပေးပဲယူထားတယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာအဲဒီသေဆုံးမှုကို သွေးရိုးသားရိုးသေဆုံးမှုအဖြစ် သိမ်ဇရပ်တိုက်နယ်ဆေးရုံအုပ် ဒေါက်တာမြတ်ဆုဝေ လက်မှတ်နဲ့ သေမှုသေခင်းဖွင့်ပြီးလက်မှတ်ထိုးစေပြီး မိသားစုကို သဂြိုလ်ခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။