အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်

ဇူလိုင်၊ ၁၉
 
ဒီကနေ့ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေက သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။
 
❝ အာဇာနည်မျိုး သေရိုးမရှိ ❞ ၊ ❝ လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ အာဇာနည်ဟာ (၉)ဦးမက ❞ စတဲ့ ကြွေးကျော်သံပါ စာတမ်းတွေနဲ့အတူ စစ်အာဏာရှင်တော်လှန်ရေး လူထုလှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြတာကိုလည်း သပိတ်အဖွဲ့တွေက ထုတ်ပြန်လာကြပါတယ်။
 
စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာလည်း တော်လှန်ရေးအင်အားစုတွေက မနေ့ ဇူလိုင် ၁၈ ရက် ညပိုင်းကတည်းက ရန်ကုန်မြို့လူစည်ကားရာနေရာတွေမှာ ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီကလည်း ဒီကနေ့မှာ မြို့တွင်းလုံခြုံရေး တင်းကျပ်လှည့်လှည်မှုတွေ ရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
 
ဓာတ်ပုံ – သပိတ်ကော်မတီများ