ခြေစမ်းပွဲမှာ ၂၇ ဂိုးသွင်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဇူလိုင်၊ ၁၉

ဂျာမန် ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းဟာ ဒေသခံ အသင်းငယ်လေး တခုနဲ့ ခြေစမ်းရာမှာ ၂၇ ဂိုးပြတ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

ရိုတက်ချ် အီဂန် အသင်းအတွက်တော့ ကမ္ဘာကျော် ဘောလုံးကလပ်နဲ့ ခြေစမ်းခွင့် ရတာကြောင့် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ခဲ့နိုင်ပေမယ့် ကံမကောင်းတဲ့ နေ့တနေ့ကို ဖြတ်သန်းခဲ့ရပါတယ်။ ဘိုင်ယန်ဟာ ပထမပိုင်းမှာ ၁၈-၀ နဲ့ နိုင်နေခဲ့ပြီး ပွဲပြီးတော့ ၂၇-၀ ဆိုတဲ့ ရလဒ်နဲ့ အဆုံးသတ်သွားလို့ပါ။

ဘိုင်ယန်အတွက် စုစုပေါင်း ကစားသမား ၁၃ ဦးက ဂိုးသွင်းခဲ့ပြီး ဂျမဲလ် မူဆီရာလာ၊ မာသီစ်တဲလ်နဲ့ မာဆယ်လ် ဆဘစ်ဇာတို့က တယောက်ကို ၅ ဂိုးစီ အားပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာ ယူနိုက်တက်မှာ အငှားသွားရောက် ကစားခဲ့သူ ဆာဘစ်ဇာဟာ ဒုတိယပိုင်းမှာ ၂၂ မိနစ်အတွင်း ၅ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်အတွက် ဆာဂျီ ဂျီနာဘရီကလည်း ၃ ဂိုးသွင်းပြီး Hat-Trick ယူခဲ့တဲ့အပြင် အယ်လ်ဖွန်ဆို ဒေးဗီးစ်၊ ကွန်ရက်ဒ် လိုင်မာ၊ နူဆဲရာ မာဇရူအီ၊ ဒေယော့ အူပါမီကာနို၊ လီရွိုင်ဆာနေး၊ ရာဖာရဲလ် ဂွာရဲရိုး၊ ရိုင်ယန် ဂရေဗန်ဘက်ချ်၊ ကိုင်စလေ ကိုးမန်းနဲ့ ဆာဒီယို မာနေးတို့ကလည်း ဂိုးတွေ သွင်းခဲ့ကြပါတယ်။

ရိုတက်ဂျ် အီဂန် အတွက်တော့ ဘိုင်ယန်ရဲ့ ဂိုးသွင်းလေ့ကျင့်မှုကို ခံရတာ အခုတကြိမ် ပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၉ တုန်းကလည်း ဘိုင်ယန်ဟာ အဲဒီအသင်းကိုပဲ ၂၃-၀ နဲ့ အနိုင်ရခဲ့ဖူးပါသေးတယ်။

 

Ref: BBC