ဇူလိုင်၊ ၁၇
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊တောင်ပုံကျေးရွာအနီးမှာတော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီ တပ်တွေတိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ MGN 35ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုနွေမိုက်က ပြောပါတယ်။”
“ သူတို့ကတော့ ကျွန်တော်မိုင်းခွဲလိုက်တဲ့အနီးအနားဝန်းကျင်က အလုပ်လုပ်နေတဲ့ပြည်သူနှစ်ယောက်ပေါ့ ။ပြည်သူနှစ်ယောက်ကို သူတို့ပစ်သတ်သွားတယ်ဗျ ။သေတဲ့သူတွေရွာကိုတော့သိတယ်ဗျ။ နာမည်ဘာညာ ဘယ်သူဆိုတာတော့ မသိပါဘူးဗျ “ လို့ ဆိုပါတယ်။
သေဆုံးခဲ့သူနှစ်ဦးဟာ အသက် သုံးဆယ်အရွယ် အမျိုးသားတွေဖြစ်ပြီး ပျိုးကန်ရွာကနေ ရွာသစ်ရွာက ကွမ်းခြံမှာ အလုပ် လာရောက်လုပ်ကိုင်နေသူတွေလို့သိရပါတယ်။
အင်အား ၂၂ ယောက်ပါစစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လိုင်လ ၁၅ ရက်မှာ မီးပေါက်ကျေးရွာမှာည အိပ်တပ်စွဲပြီးနောက် ဇွန်လိုင်လ ၁၆ ရက်မနေ့မနက်မှာတောင်ပုံကျေးရွာကိုဝင်ရောက်လာတယ်လို့ သတင်းရတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့လို့တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ သူတို့လာတာသိတော့ ကျွန်တော်တို့ကင်းထုတ်လိုက်တယ် ။သူတို့ရှေ့ထောက်ကင်း နဲ့ကျွန်တော်တို့ထုတ်တဲ့ကင်းနဲ့ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်ရာကနေ စကစက နှစ်ကြောင်းခွဲပြီးဖြန့်ထုတ်လိုက်တော့ ကျွန်တော်တို့ကလေးတွေကိုပြန်ဆုတ်ခိုင်းလိုက်တယ်။ နောက်တော့ စကစကတောင်ပုံရွာကိုဝင်သွားတယ် ။တောင်ပုံရွာရောက်တော့ သူတို့ကင်း ငါးကောင်ထုတ်တယ် ။ကျွန်တော်တို့ ၄၀ မမနှစ်လုံးနဲ့ တခြားလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တယ် “လို့ကိုနွေမိုက်ကပြောပါတယ်။
အဲ့ဒီနောက် မြင်းခြံမြို့ကနေစစ်ကူလာတဲ့ ကန်တာကားတစီးနဲ့မီးခိုရောင်မှန်လုံ ကားတစီးကို မိုင်း ၁၅ လုံးနဲ့ ထပ်ပြီးတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၇ နှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပေမယ့် DNA က သီးခြားအတည်မပြုနိုင်ပါဘူး။
အဲဒီတိုက်ခိုက်မှုပြီးနောက် တောင်ပုံရွာနဲ့အနီးအနားကို တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေဝင်ရှင်းလင်းရာ G3ကျည် ၉၂ တောင့်၊ ကျည်ဘောက်တခုနဲ့ အီကွေ့မန့် တခုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၅ တပ် ရင်း၊ တပ်ခွဲ ၂ (MGN 35 ပြောက်ကျားတပ်ဖွဲ့) နဲ့ မြင်းခြံ ဗိုလ်စက္ကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ အထိအခိုက်မရှိဘူးလို့သိရပါတယ်။
“ ကျွန်တော်တို့ ၁ နာရီမှာ တောင်ပုံရွာကို နယ်မြေဝင်ရှင်းလင်းတယ်ဗျ ။ကျွန်တော်တို့မနေ့က ပစ်ခတ်လိုက်တဲ့ဟာတို့ မကွဲတဲ့ဟာတို့ ၊ဒီဒရုန်းနဲ့ချတဲ့ အဖူးတွေဘာတွေမကွဲတာတို့ ၊နောက်ပြီးကျသူတို့ထောင်ခဲ့တဲ့မိုင်းတွေဘာတွေရှိမှာတို့ ကိုကျွန်တော်တို့ပြည်သူတွေ နေရတာအဆင်ပြေအောင် လို့ပါ “ လို့ကိုနွေမိုက်ကပြောပါတယ်။