အရေးပေါ်ကာလသက်တမ်းပြည့်မယ့် စစ်ကောင်စီ သက်တမ်းထပ်တိုးဦးမလား

ဇူလိုင်၊ ၁၇

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ သာမန်မဟုတ်တဲ့ အခြေအနေကြောင့်ဆိုတဲ့ခေါင်းစဉ်နဲ့  အရေးပေါ်ကာလကို သက်တမ်းခြောက်လတိုးပြီး နိုင်ငံအာဏကို ရယူခဲ့တဲ့ စစ်အုပ်စုအတွက် လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့ဆိုရင်သက်တမ်းပြည့်တော့မှာပါ။ 

 ဒီကာလမှာပဲလုံခြုံရေး၊တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေအပြည့်အဝဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကထပ်ပြောလာပြန်ပါတယ်။

 လက်ရှိနိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့အခြေအနေအတွေနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြောဆိုနေတဲ့ မိန့်ခွန်းတွေအရအရေးပေါ်ကာလကို ထပ်မံသက်တမ်းတိုးဖို့ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

 အခြေခံဥပဒေ ပုဒ်မ (၄၂၅)ကို အသုံးပြုပြီး တိုင်းပြည်ဟာ သာမန်အခြေအနေ မဟုတ်သေးတဲ့အတွက်လို့အကြောင်းပြပြီး အာဏာသိမ်းတာ ၂နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ အရေးပေါ်ကာလအဖြစ် သက်တမ်း ၆လထပ်တိုးခဲ့တာဖြစ်ပါတယ်။

 အခြေခံဥပဒေအရဆိုရင် သက်တမ်းပြည့်မယ် ဇူလိုင်လ ၃၁ ရက် အဲဒီနေ့မှာပဲ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီအစည်းအဝေးကိုခေါ်ယူပြီး စစ်ကောင်စီက အာဏာကိုပြန်လည်အပ်နှံရမှာပါ။

 ဒါပေမယ့်လက်ရှိ နိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်အုပ်စုတို့ကြားကာ တိုက်ပွဲတွေအပါအဝင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြောဆိုနေတဲ့ စကားတွေကြောင့် အရေးပေါ်ကာလကို ထပ်မံသက်တမ်းတိုးဖို့ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

  ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးရဲထွန်းကတော့ ခြောက်လတကြိမ်သက်တမ်းတိုးနေတဲ့ကိစ္စကအခြေခံဥပဒေနဲ့ ညီမညီဆိုတဲ့ ပြသာနာဖြစ်ပြီးတော့ ဒါကိုပြေလည်အောင်ဖြေရှင်းဖို့လိုတယ်လို့ သုံးသပ်ပါတယ်။ 

 သူမကြာသေးခင်က ရခိုင်မှာပြောသွားတဲ့ စကားအသွားအလာအရတော့ ခြေနေတွေက ရွေးကောက်ပွဲလုပ်ဖို့အတွက် သူတို့ထိန်းချူပ်နိုင်တဲ့ခြေနေမရှိသေးဘူးလိုပြောသွားတယ် ကြည့်ရတာတော့ အခုခြောက်သက်တမ်းကုန်သွားတဲ့အခါမှာ ထပ်တိုးလိမ့်မယ်လို့ ကျနော်ယူဆတယ်။

သက်တမ်းတိုးတယ်ဆိုတာ အဓိကပြသာနာက ခြေခံဥပဒေနဲ့ ညီမညီဆိုတဲ့ကိစ္စပါပဲ။ သူတို့ကဒါကိုဖြေရှင်းနိုင်ရင်ပြသာနာမရှိဘူး ဘာလို့လည်းဆိုတော့ ခြေဥအရ ရေးထားတာက သာမန်အားဖြင့် ခြောက်လနှစ်ကြိမ်သက်တမ်းတိုးနိုင်တယ်ရေးထားတော့ အဲကာလက ကုန်လွန်ခဲ့ပြီးပေါ့ အခုယူထားတဲ့ခြောက်လက သာမန်မဟုတ်တဲ့အတွက်ကြောင့် ထပ်ပြီးနောက်ထပ်တကြိမ်ယူတာပေါ့ သာမန်မဟုတ်ဘူးဆိုရင် ဘယ်နကြိမ်ယူနိုင်တယ်ဆိုတာ မပါပြန်ဘူးသာမန်မဟုတ်ဘူးဆိုရင် နှစ်ကြိမ်မကာလည်းယူနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးသက်တမ်းတိုးတာလည်းဖြစ်နိုင်တယ်နိုင်ငံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်မယ် အချိန်ပြည်သူလူထုက လွတ်လွတ်လပ်လပ်နဲ့ သူတို့လိုလားတဲ့နိုင်ငံရေးပါတီကို မဲပေးရွေးချယ်နိုင်တဲ့ နိုင်ငံရေးတရပ် မရောက်မချင်းကာတော့ သူတို့ခြေခံဥပဒေအပိုဒ်ကို အသုံးပြုပြီးသက်တမ်းထပ်တိုးနေမှာပဲလိုမြင်ရတယ်လို့ ဦးရဲထွန်းကပြောပါတယ်။ 

ဒါအပြင် စစ်ကောင်စီသက်တမ်းတိုးထားတဲ့  ခြောက်လအတွင်းမှာတင် စစ်အုပ်ချူပ်ရေးအဖြစ်ကြေညာထားတဲ့ မြို့နယ်အရေအတွက်ကလျော့မသွားတဲ့အပြင် ထပ်မံတိုးမြင့်လိုက်တဲ့အတွက် အခြေအနေတွေက စစ်ကောင်စီမျော်လင့်ထားသလိုထိန်းချုပ်နိုင်တဲ့အနေအထားမရှိနေသေးတာကိုပြနေတယ်လို့ဆိုပါတယ်။

 လက်ရှိနိုင်ငံမှာ သာမန်အခြေအနေမဟုတ်သေးတဲ့အတွက် စစ်အုပ်စုအနေနဲ့ စစ်အာဏသိမ်းမှုကို လုပ်ခွင့်ရှိပေမယ့် မတည်ငြိမ်ဘူးဆိုတဲ့ခေါင်းစဉ်အောက်ကပဲ သက်တမ်းထပ်တိုးသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

 သာမန်မဟုတ်ဘူးဆိုတဲ့ အနေအထားပေါ့အရှေ့ကလည်း တခါတိုးထားပြီးဆိုတော့ အဲဒီဟာနဲ့ပဲ ထပ်တိုးဖို့ပဲဖြစ်နိုင်ခြေများတယ်။ တခြားဖြစ်နိုင်တာက သူတို့စစ်အာဏသိမ်းတာမျိုးသီးသန့်ဖြစ်နိုင်တယ်။ ဒါပေမယ်အဲဒါကိုလုပ်မယ်တော့သိပ်မထင်ဘူး သူတို့လုပ်ချင်ရင်တော့ လုပ်မှာပေါ့ ကျိန်သေတာကသူတို့ဆက်သွားဖို့လိုနေသေးတယ်လက်ရှိအချိန်အနေအထားမှာ သူစီစဉ်ထားတဲ့ရွေးကောက်ပွဲဆိုတာလည်း ဖြစ်နိုင်ချေနည်းနေတဲ့အတွက် တိုးဖို့တော့သေချာတယ် တိုးမယ်အနေအထားကတော့ သာမန်မဟုတ်ဘူးဆိုတဲ့ခေါင်းစဉ်အောက်ကပဲတိုးမယ်လိုယူဆတယ် တနိုင်ငံလုံးကို စစ်အုပ်ချူပ်ရေး ကြေညာမယ်တော့မထင်ဘူး ဒါပေမယ့် လုပ်မယ်ဆိုလုပ်လိုရတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးကသုံးသပ်ပါတယ်။

 ထပ်မံသက်တမ်းတိုးမယ် ကာလတွေအတွင်း စစ်အုပ်စုက အုပ်ချူပ်ရေးအာဏတည်ဆောက်နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်လာနိုင်သလို တော်လှန်ရေးအဖွဲ့တွေကို ဖြိုကွဲနိုင်အောင် လည်းလုပ်ဆောင်လာနိုင်တယ်လို့ လည်းဆက်ပြောပါတယ်။

 လက်ရှိမှာတော့ အခြေအနေအဆိုးဆုံးဟာ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်ကပြောပါတယ်။အဲ့ဒါကြောင့် လုံခြုံရေးအတွက် လက်ရှိထက် ပိုမိုလုပ်ဆောင်ကြဖို့ သူကတိုက် တွန်းပါသေးတယ်။

 မြန်မာနိုင်ငံတွင်းက လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေ လျှော့ချရပ်တန့်ပစ်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ပူပူနွေးနွေးတိုက်တွန်းခဲ့ချိန်နဲ့တပြိုင်တည်းမှာပဲ စစ်ခေါင်း ဆောင်ကတော့ တိုက်ခိုက်မှုတွေတိုးလုပ်ဖို့ သူ့လက်အောက်ခံတွေကို အချက်ပြခဲ့တာပါ

စစ်တပ်အာဏစသိမ်းပြီးကတည်းက နိုင်ငံတော်သမ္မတကသာ ခေါ်ခွင့်ရှိတဲ့ ကာလုံအစည်းအဝေးကို သမ္မတကိုဖမ်းဆီးပြီး ဒုသမ္မတကို ဦးဆောင်စေကာ စစ်တပ်ကခေါ်ခဲ့တဲ့ကာလုံအစည်းအဝေးတွေက ဥပဒေနဲ့ညီညွတ်မှုမရှိဘူးလို့ နိုင်ငံရေးသမားတွေကထောက်ပြပြောဆိုကြပါတယ်။

 ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံကို သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေး၊ နယ်စပ်နဲ့ ပြည်ထဲရေးဝန်ကြီး စုစုပေါင်း ၁၁ဦးနဲ့ ဖွဲ့စည်းထားတာပါ။

 အာဏာသိမ်းစစ်ကောင်စီ ကတော့ ဒုတိယသမ္မ တဦးမြင့်ဆွေ ကို ယာယီသမ္မတ ဦးမြင့်ဆွေအဖြစ် ကာလုံအစည်းအဝေးခေါ်ယူစေပြီး ဒုတိယသမ္မတနဲ့ အမျိုးသားလွှတ်တော်ဥက္ကဌတို့ မပါအဝင်ဘဲ အာဏာသိမ်းခေါင်းဆောင်အပါအဝင် ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ ကျင်းပတာ တွေ့ခဲ့ရပါတယ်။

 တဖက်မှာလည်း ၂၀၂ဝပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီကတော့ မဲစာရင်း အကြောင်းပြပြီး အာဏာသိမ်းတာဟာ တရားမဝင်သလို  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းတယ် ကြေညာထားတာလည်း ရှိပါတယ်။

 ဒါပေမယ့် စစ်အုပ်စုလက်အောက်ခံ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကတော့ ကာလုံခေါ်နေတာအပြင် အရေးပေါ်ကာလခြောက်လ ထပ်မံသက်တမ်းတိုးနေတာတွေက ဥပဒေနဲ့ညီတယ်လိုဆိုထားပါတယ်။

 ဒါ့အပြင် အခုလိုအရေးပေါ်ကာလ သက်တမ်းတိုးဖို့နီးကပ်လာချိန်မှာ စစ်ကောင်စီက ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ်နဲ့ ရုံးလုံးထုတ်ပြလာပါတယ်။

နေပြည်တော်မှာ မင်းအောင်လှိုင်ဦးဆောင်တည်ထားနေတဲ့ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ရေး လုပ်ငန်းအခြေအ နေကို သမ္မတဟောင်းဦးသိန်းစိန်ဦးမြင့်ဆွေတို့အပါအဝင် အငြိမ်းစား စစ်ဗိုလ်ချုပ်တွေမနေ့က လာရောက်လေ့ လာခဲ့ကြတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကဖော်ပြကြပါတယ်။

အဲ့ဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် ဧည့်ခံကြိုဆိုပြီး ရှင်းပြခဲ့တယ် လို့ဆို ပါတယ်။ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး မမြင်ရတာကြာပြီဖြစ်တဲ့ ယာယီသမ္မတဆိုသူကို လူထုအနေနဲ့ ပြန်တွေ့ခွင့်ရလိုက်ကြပါတယ်။