လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် မြို့ခံ ခုနစ်ဦးဖမ်းဆီးခံထားရ

ဇူလိုင် ၊ ၁၅

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့မြို့ခံခုနစ်ဦးဟာပေါက်ကွဲမှုနဲ့မသက်ဆိုင်သူတွေဖြစ်တယ်လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာ ကွယ်‌ ရေးတပ်ဖွဲ့ကပြောပါတယ်။

လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ  ဇူလိုင် ၁၃ရက်ညက ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် အဲ့ဒီတညတည်းမှာပဲ စစ်ကောင်စီက မြို့ခံ ခုနစ်ဦးကို ဖမ်းသွားတာလို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။

“ဒေါ်ညိုရဲ့သားအငယ်လေးက ကောင်လေးက ဗုံးကွဲတဲ့ချိန်မှာဘာဖြစ်မှန်းမသိတော့ လူငယ်သဘာဝကလေးသ ဘာဝအနေနဲ့ စူးစမ်းတဲ့အနေနဲ့ထွက်ကြည့်တာ၊ ဗုံးကွဲတဲ့ချိန်ရဲစခန်းကလည်း ထွက်ကြည့်တဲ့ချိန် မြင်သွားတော့ ဒီကောင်လေးကပစ်သွားတယ်ဆိုပြီး ဝင်ဖမ်းတာ “ လို့ သူကပြောပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက လက်ပံတန်းမြို့ မြို့မရပ်ကွက် ၂ လမ်းက မိသားစုဝင်တွေဖြစ်တဲ့ ဒေါ်ညိုညို၊သားဖြစ်သူကိုကျော်သီဟ၊ကိုဖြိုးသီဟ၊ ကိုမျိုးသီဟ၊ သမက်ဖြစ်သူ ကိုစန်းမင်း၊ ကိုဖြိုးကိုကိုတို့အပြင် မြို့မရပ်ကွက်  သာသနာ့ရိပ်သာလမ်းမှာနေထိုင်တဲ့ ကိုသက်မင်းထိုက်တို့ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီဗုံးပေါက်ခွဲမှုကို လက်ပံတန်းမြို့နယ် ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ရွှေတန်းမြေ PDFက ဖောက်ခွဲတိုက်ခိုက်ခဲ့ တာ လို့ ထုတ်ပြန်ထားတာပါ။

“ထုတ်ပြန်ချက်လည်းထုတ်ထားပြီးသားပါ၊တော်လှန်ရေးအဖွဲ့တွေနဲ့ ဒီပြည်သူတွေကဘာမှမဆိုင်ဘူးလေ၊ ဗုံးသုံး လုံးအတွဲလိုက်ဖောက်တာနှစ်လုံးက error ဖြစ်လို့ ပြန်သိမ်းခိုင်းလိုက်ပြီး တလုံးကထောင်ပြီးသားမို့လို့ ခွဲခိုင်း လိုက်တာ အဖမ်းခံရတဲ့ပြည်သူတွေနဲ့မဆိုင်ဘူး၊ ဒါသက်သက်သွေးခွဲတာ” လို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာ ကွယ်‌ ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာဖမ်းဆီးခံရသူတွေကို လက်ပံတန်းမြို့မ ရဲစခန်းကနေ သာယာဝတီ ခလရ (၃၅) ကိုပို့ထားတယ်လို့ သိရ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကလည်း လက်ပံတန်းမြို့နယ် အနောက်ခြမ်းက ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနဲ့ လောင်းက စားဝိုင်းတခုကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ကြပြီးနောက် အခင်းဖြစ်တဲ့ညမှာပဲ ဒေသခံ ရှစ်ဦး ထက် မနည်းဖမ်းဆီးခံခဲ့ရပါသေးတယ်။