ဇူလိုင် ၊ ၈
ရန်ကုန်မှာစစ်ကောင်စီလက်အောက်ခံ ရန်ကုန်စည်ပင်ကဆိုင်ကယ် ၊သုံးဘီး၊ဘေးတွဲ၊ ထော်လာဂျီနဲ့မီနီအိုးဝေ ယာဥ်တွေကိုစီး နင်းခွင့်ပိတ်ပင်ထားသလို တင်းတင်းကျပ်ကျပ်ဖမ်းဆီးမှုတွေလည်း လုပ်နေတာကြောင့်ကယ်ရီအလုပ်နဲ့အသက်မွေးသူ တွေနဲ့မှီခိုသူမိသားစုဝင်တွေ စားဝတ်နေရေးခက်ခဲလာတယ်လို့ အဲ့ဒီအလုပ် လုပ်ကိုင်သူတွေကပြောကြပါတယ်။
“ချက်ချင်းကြီး တခြားအလုပ်ပြောင်းဖို့ဆိုတာမလွယ်ဘူးလေ၊ဒီကယ်ရီဆွဲတာကမိသားစုစားဝတ်နေရေးအတွက် လည်းအဆင်ပြေတယ်၊ကိုယ်ပိုင်အလုပ်သဘောလည်းဖြစ်တော့ သိပ်စိတ်ညစ်စရာမရှိဘူးပေါ့၊အခုတော့ စီးခွင့်ပိတ် လိုက်တော့ ကျွန်တော်တို့ကယ်ရီသမားတွေဆိုရင်အကုန်လုံးအလုပ်လက်မဲ့တွေဖြစ်သွားတာ”လို့ လှိုင်သာယာမြို့နယ် ၊၁ ထိပ်မှတ်တိုင်အနီးမှာဆိုင်ကယ်ကယ်ရီဆွဲသူတဦးကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရန်ကုန်စည်ပင်က လှိုင်သာယာမြို့နယ်အတွင်းမှာ ဆိုင်ကယ် ၊သုံးဘီး၊ဘေးတွဲ၊ ထော် လာဂျီနဲ့မီနီအိုးဝေစတဲ့ယာဥ်တွေကို လိုင်စင်ရှိရှိ၊မရှိရှိ မောင်းနှင်ခွင့်ပိတ်ပင်ခဲ့ပြီး မောင်းနှင်တာတွေ့ရင် ဖမ်းဆီး အရေးယူမယ်ဆိုတဲ့ အသိပေးကြေညာချက်တွေကို မြို့နယ်အတွင်းက လမ်းဆုံ၊လမ်းခွနေရာတွေနဲ့ လူစည်ကားရာ နေရာတွေမှာ ဇူလိုင် ၂ ရက်ကစလို့ချိတ်ဆွဲကြေညာထားတယ်လို့ သိရပါတယ်။
“အဖွဲ့စုံဖမ်းရင်တော့ ပြန်မရတော့ဘူး၊အပြီးသိမ်းသွားတာပေါ့၊တဖွဲ့နှစ်ဖွဲ့လောက်နဲ့ဖမ်းရင်တော့ ညှိရတာပေါ့၊ အဲ့ လိုပြန်ရွေးရင် အနည်းဆုံး ငါးသောင်းလောက်ပေးရတယ်၊ ဘီးကောင်းရင်ကောင်းသလိုပေါ့၊ ဒါပေမယ့် တချို့အ ဖွဲ့တွေဆိုရင် ညှိမရဘူး၊အခုနောက်ပိုင်းပိုဆိုးလာတာက ဖမ်းပြီဟေ့ဆိုရင် ပြန်ရွေးလို့ကိုမရတော့ဘူး၊ လိုက်ညှိရင် တောင် လူကိုပါဖမ်းမယ်ဆိုတာမျိုးတွေရှိတယ်”လို့ တောင်ဒဂုံမြို့နယ်၊သစ်ဆိုင်ကွေ့အနီးမှာ ဆိုက်ကယ်ကယ်ရီ ပြေးဆွဲသူတဦးကပြောပါတယ်။
အဲ့ဒီလိုကြေညာပြီးနောက် ဇူလိုင် ၃ရက်မှာတော့ စစ်ကောင်စီတပ်နဲ့ယာဥ်ထိန်းရဲတွေပူးပေါင်းပြီး ဖမ်းဆီးနေတာ ကြောင့် လက်ရှိမှာ မမောင်းရဲဘဲ သိမ်းဆည်းထားရတယ်လို့ လှိုင်သာယာမြို့နယ်၊မီးခွက်စျေးအနီးမှာ မီနီအိုးဝေ မောင်းနှင်သူတဦးကလည်း ပြောပါတယ်။
“အခုဆို မီနီအိုးဝေတစီးက သိန်း လေးဆယ်ကျော် ငါးဆယ်နီးပါးရှိတယ်၊ဖမ်းသွားရင် ဘာမှတောင်မရလိုက် ဘူး ဖြစ်မှာ၊အဲ့တော့ အိမ်မှာသိမ်းထားတယ်၊ ဘာအလုပ်မှကိုမရှိဘူး၊ ရင်းနှီးစရာလည်းမရှိဘူး၊ ဒီလိုသာဆက် သွားရင် အကုန်လုံး ဒုက္ခရောက်ကုန်မှာ၊အခုတောင် ဂိတ်ကသူငယ်ချင်းတွေဆိုရင် ထမင်းချက်စရာမရှိလို့ ပိုက်ဆံချေးတာ တွေရှိတယ်၊ရှေ့ဆက်ဘယ်လိုလုပ်ကြမလဲ။အဘက်ဘက်က ငတ်နေကြပြီ”လို့ သူကဆိုပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ် တချို့မှာ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ရှိပေမယ့် ရန်ကုန်မြို့ စည်ပင်သာယာနယ်နိ မိတ်အတွင်းက မြို့နယ်သုံးဆယ်ကျော်မှာတော့ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားတာ ဆယ်စုနှစ် နှစ်ခု လောက် ရှိနေပြီဖြစ်ပါတယ်။
ဒါပေမယ့် ရန်ကုန်ဆင်ခြေဖုန်း မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းအသုံးပြုမှုတွေဟာ ခေတ်အဆက်ဆက် ပပျောက် ခဲ့ခြင်းမရှိဘဲ ဆိုင်ကယ် ကယ်ရီအငှားလိုက်တဲ့ လုပ်ငန်းဟာလည်း အလုပ်အကိုင်အခွင့်အ လမ်းတခုအဖြစ် ရှိနေခဲ့ တာပါ။
ဒါပေမယ့် ၂၀၂၁ခုနှစ်က စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နယ်မြို့တွေမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ်ဖမ်းဆီးတာတွေလုပ်ခဲ့သလို ရန်ကုန်မြို့အတွင်းမြို့နယ်တွေမှာလည်း ဆိုင်ကယ်တွေကိုဆက် တိုက်ဆိုသလို ဖမ်းဆီးသိမ်းဆည်းတာတွေလုပ်ခဲ့ပါတယ်။
လက်ရှိမှာလည်း လှိုင်သာယာမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ယာဥ်ထိန်းရဲတွေက ဆိုင်ကယ်ဖမ်းဆီးမှုတွေကို ဆက်တိုက်လုပ်နေပြီး ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်အစီးရေ တရက်ကို တရာအထက် မှာ ရှိတယ်လို့ ယာဥ် ထိန်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။
“ရန်ကုန်တတိုင်းလုံးကိုလုပ်မှာ၊နောက်ပိုင်း အရောင်းဆိုင်တွေပါ လိုင်စင်မဲ့ရှိရင်ဖမ်းမယ့်အနေ အထားမှာရှိတယ်၊ စီးတာတွေ့ရင် သိမ်းမယ်၊လူကိုတရားစွဲမယ်၊ဒါတွေက ထပ်လာမှာ၊အခုပဲ စာရင်းအရ တရက်ကို အဖွဲ့စုံက ဖမ်းဆီး စာရင်းတင်တာ တရာအထက်မှာရှိတယ်”လို့ သူကပြောပါတယ်။
လှိုင်သာယာမြို့နယ်လိုပဲ ဆိုင်ကယ် စီးနင်းအသုံးပြုမှုများတဲ့ ရွှေပြည်သာ၊မြောက်ဒဂုံ၊တောင်ဒဂုံ၊ဒဂုံအရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်းစတဲ့ မြို့နယ်တွေမှာတော့ အခုလိုစည်ပင်က ကြေညာတာမျိုးမရှိသေးပေမယ့် ဖမ်းဆီးမှုတွေက တော့ ရှိနေတယ်လို့ ဒဂုံတောင် ၁၉ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီပြေးဆွဲနေသူတဦးကပြောပါတယ်။
လက်ရှိမှာ ရန်ကုန်စည်ပင်က စီးနင်းခွင့်ပိတ်ပင်တာမျိုးတရားဝင်ကြေညာဆိုင်းဘုတ်ကပ်ပြီးလုပ် ဆောင်တာမရှိ သေးပေမယ့် လှိုင်သာယာမြို့နယ်နဲ့အလားတူ လုပ်ဆောင်လာခဲ့မယ်ဆိုရင်တော့ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေ ရေးခက်ခဲလာမှာဖြစ်တယ်လို့လည်း ရန်ကုန်မြို့နယ်တချို့မှာ ဆိုင်ကယ် ကယ်ရီအငှားလိုက်သူတွေက ပြောကြပါ တယ်။
“ကလေးတွေလို စက်ရုံတွေ၊ဘာတွေမှာလည်း အလုပ်ကမရ၊တခြားကျပန်း အလုပ် ဆိုတာကလည်း စားဝတ်နေ ရေး အရအဆင်မပြေဘူးလေ၊ဒါကြောင့် ကယ်ရီဆွဲတာ၊ဒါကိုစီးနင်းခွင့်ပိတ်ပင်တာမျိုးလုပ်လာရင်တော့ အခက်အခဲ တွေကဖြစ်လာမှာ”လို့ တောင်ဒဂုံမြို့နယ်က အသက်လေးဆယ်ဝန်းကျင်အရွယ် ဆိုင်ကယ်ကယ်ရီလိုက်သူတဦး ကပြောပါတယ်။
ပုံမှန်အားဖြင့် ဆိုင်ကယ် ကယ်ရီအလုပ်ကနေ တနေ့ ကျပ်ခုနစ်ထောင်ကနေ ကျပ်နှစ်သောင်းလောက်အထိ ရ တတ်ပြီး အဖမ်းအဆီး အစစ်ဆေးတင်းကျပ်တဲ့နေ့တွေမှာတော့ ငါးထောင်လောက်သာ ရတာမျိုးရှိသလို ဝင်ငွေ လုံးဝမရလိုက််တာမျိုးလည်း ဖြစ်တတ်တယ်လို့ တောင်ဒဂုံမြို့နယ် ၁၉ရပ်ကွက်မှာနေထိုင်တဲ့ ဆိုင်ကယ်ကယ်ရီ လုပ်ကိုင်သူတဦးကပြောပြပါတယ်။
“တစ်ခါတလေ ပိုက်ဆံကမရတဲ့ကြား သူတို့အဖမ်းအဆီးနဲ့တွေ့ရင် ပိုက်ဆံပေးပြီး ညှိရတာမျိုးလည်းရှိတယ်၊ အခုကနောက်တစီး ပထမတစီးက ဖမ်းလို့ အသိမ်းခံလိုက်ရတယ်”လို့ သူကပြောပါတယ်။