ရွှေဘိုမှာ လူသားဒိုင်းအဖြစ်ဖမ်းသွားတဲ့ PDF တဦးအပါအဝင် နှစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

ဇူလိုင်၊ ၄

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း မှာ ဓားစားခံအဖြစ်ဖမ်းဆီးလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်PDF ရဲဘော်တဦးနဲ့ အရပ်သားတဦး စုစုပေါင်းနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ပစ်ခဲ့တယ်လို့  Myanmar Defense Force – Shwebo မှ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“ ကျွန်တော်တို့ရဲဘော်ကပေါ့ဗျာ။ ရွှေဘို မြို့ပေါ်ကို အလုပ်လုပ်ဖို့အတွက် ပစ္စည်းတွေသွားယူချိန်မှာ ကင်းပုန်းနဲ့တွေ့ပြီး ဖမ်းခံလိုက်ရတယ်ဗျ ။ဖမ်းခံလိုက်ရတဲ့ချိန်မှာ အဆက်သွယ်တွေပြတ်သွားတယ် ။ကျွန်တော်တို့လည်းလိုက်စုံစမ်းနေတယ် ။၃ရက်နေ့မနက်မှာ ဒီအလောင်း နှစ်လောင်းတွေ့တယ်ဆိုပြီး ကျွန်တော်တို့ဒီမြို့နယ်က နေ လှမ်းပြီးတော့တင်တာပေါ့ဗျာ။ အဲ့မှာ ကျွန်တော်တို့ရဲဘော်မှန်းသိခဲ့ရတာပါ” လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

သေဆုံးခံရသူနှစ်ဦးဟာ တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Myanmar Defense  Force-Shwebo မှ  အသက်၁၉ နှစ်အရွယ် ရဲဘော် ဟိန်းဝေအောင် (speed)နဲ့အသက် နှစ်ဆယ် အရွယ် အမည်မသိ အမျိုးသားတဦးဖြစ်တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်မှာတပ်သား  ဟိန်းဝေအောင်ဟာ ရွှေဘိုမြို့ပေါ်တွင် တပ်အတွက်လိုအပ်တဲ့ပစ္စည်းတွေ သွားယူစဉ် စစ်ကောင်စီကင်းပုန်းနဲ့တိုးကာ ဖမ်းဆီးခံလိုက်ရပြီးနောက်  ဇွန်လိုင်လ ၃ ရက်မနေ့မနက်မှာ သေဆုံးလျက်ပြန်တွေ့ရတာလို့ ဆိုပါတယ်။

 ရွှေဘိုတက္ကသိုလ်ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင်လ ၁ ရက်မှာ ရွှေ့ဘိုအရှေ့ဖက် ကော့ရွာ သို့စစ်ကြောင်းထိုးသွားချိန်  တပ်သားဟိန်းဝေဦးနဲ့  အမည်မသိအမျိုးသားတဦးကို လူသားဒိုင်း ဓားစားခံအဖြစ်ဖမ်းခေါ်သွားပြီး ကော့ရွာနဲ့ တအုံကျေးရွာ ကြားမှာ နှိပ်စက်သတ်ဖြတ်ခဲ့တာကို စုံစမ်းသိရှိခဲ့တယ်လို့ပြောပါတယ်။

ဇူလိုင်လ ၃ ရက်၊မနေ့က နံနက်ပိုင်းမှာ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ ၊နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့အကူအညီနဲ့ ရဲဘော်တွေရဲ့ အလောင်းကို ပြန်ယူပြီးနောက် မနေ့ ညနေ၅ နာရီကျော်မှာသဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ ရဲဘော်ဟိန်းဝေအောင်က ငယ်သေးတယ်ဗျ။ ဆယ် တန်းပြန်တတ်ရမယ့်အရွယ်ပေါ့ ။ကိုဗစ်ကာလကျောင်းနားထားရပြီး တော့ အာဏာသိမ်းမှုကိုကြုံရတယ်။ လူငယ်တွေဆိုပေမယ် ခံယူချက်အတော်ပြင်းထန်တဲ့ကလေးပါသူတို့ရပ်ရွာမှာ ဘယ်သူမှတော်လှန်ရေးမလုပ်ခင်တည်းက အရင်ဆက်သွယ်ခဲ့တာ ကျွန်တော်တို့ကို တာဝန်ထမ်းဆောင်တာတနှစ်ကျော်ပြီလို့ “ Myanmar Defense Force-Shwebo ကပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။