ကြို့ပင်ကောက်မှာကုန်တင်ယာဉ်နှစ်စီး တိုက်မိလို့ တဦးသေ၊သုံးဦးဒဏ်ရာရ

ဇူလိုင်၊ ၊၄

ပဲခူးတိုင်းအနောက်ခြမ်း၊ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းမကြီးပေါ် ကျွဲဘိရွာအနီးမှာ မနေ့ကညပိုင်းက ကုန်တင်ယာဉ် နှစ်စီး တိုက်မိလို့ ယာဉ်မောင်းတဦးသေဆုံးကာ ကလေးတဦးအပါအဝင် သုံးဦး ဒဏ်ရာ ရသွား တယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီကသိရပါတယ်။

 ရန်ကုန်ဘက်ကလာတဲ့ ခြောက်ဘီးကုန်တင်ယာဉ်နဲ့ ကြို့ပင်ကောက်မြို့ကို ကုန်ပစ္စည်းတွေလာပို့တဲ့ ဒိုင်နာယာဉ် တို့ဟာ လမ်းမပေါ်ဖြတ်ကူးတဲ့ စိတ်ကျန်းမာရေးမကောင်းသူတဦးကို ရှောင်တိမ်းရာက တိုက်မိခဲ့ကြတာလို့ သိရ ပါတယ်။

 အဲ့ဒီယာဉ်တိုက်မှုအတွင်း သေဆုံးသွားတဲ့ ဒိုင်နာယာဉ်မောင်းဟာ လမ်းဘေးရေမြောင်းထဲ လွင့်စင်ပြုတ်ကျခဲ့ တာ ကြောင့် အချိန်နှစ်နာရီလောက်ကြာအောင် ရှာပြီးမှ တွေ့ခဲ့တယ်လို့ ဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ ကြို့ပင်ကောက်မြို့ခံ နာရေးကူညီမှုအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။

 သေဆုံးသွားသူဟာ အသက် (၃၄)နှစ်အရွယ် ယာဉ်မောင်းဖြစ်ပြီး သူ့ရဲ့သားဖြစ်တဲ့ခြောက်နှစ်အရွယ် ကလေးက တော့ ပေါင်ကျိုးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် အဲ့ဒီကားပေါ်လိုက်ပါလာသူအမျိုးသားတဦးနဲ့ လမ်းဖြတ် ကူးခဲ့တဲ့ အမျိုးသားတို့လည်း ဒဏ်ရာတွေရခဲ့ကြတယ်လို့သိရပါတယ်။

 ဒီယာဉ်တိုက်မှုအတွင်း ခြောက်ဘီး ကုန်တင်ယာဉ်ပေါ် လိုက်ပါလာသူတွေတော့ ထိခိုက်မှုမရှိခဲ့ကြဘူးလို့ ဖြစ်စဉ်ကို ကူညီပေးခဲ့သူတွေကပြောပါတယ်။အခု ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ကျွဲဘိရွာ အနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်ကလည်း ကုန်တင်ယာဉ်နဲ့ဆိုင်ကယ်တိုက်မိလို့ လူနှစ်ဦးသေဆုံးခဲ့ပါသေးတယ်။

photo ကြို့ပင်ကောက်နာရေးကူညီမှုအသင်း