ပဲခူးမြို့မှာ ကျုံးအတွင်းရေဆင်းကူးတဲ့ လူငယ်သုံးဦးရေနစ်သေဆုံး

ဇွန် ၊ ၂၅

ပဲခူးမြို့၊ ဆိုရှယ်လစ်ရပ်ကွက်မှာရှိတဲ့ ကျုံးကူးတံတားအနီးမှာ မနေ့ဇွန်လ ၂၄ ရဥ◌် နေ့လဠယ် ကျုံးအတွင်းမှာ ရေဆင်းကူးတဲ့ လူငယ်သုံးဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့  ဒေသခံလူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ ရေနစ်သေဆုံးခဲ့သူတွေဟာ ပဲခူးမြို့၊ ဥဿရပ်ကွက် ရပ်ကွက်ကြီး ၆ မှာနေထိုင်သူတွေဖြစ်ပြီး နေအိမ်ကနေ စက်ဘီးနဲ့ အဝတ်အစားဝယ်ဖို့ ထွက်ခွာသွားရာကနေ ကျူုံးအတွင်းရေဆင်းဆော့ရာကနေ အခုလိုဖြစ်ခဲ့တာလို့လည်းဆိုတယ်။

 လက်ရှိမှာ  ရေနစ်သေဆုံးခဲ့တဲ့အထဲကညီအစ်မနှစ်ဦးဖြစ်တဲ့  အသက်  ၁၈နှစ်အရွယ် မထက်ထက်စံရဲ့အလောင်းကိုတော့ မနေ့ညနေပိုင်းက ရှာတွေ့ခဲ့သလို အသက် ၁၃ နှစ်အရွယ်မနှင်းစံရဲ့အလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းမှာရှာတွေခဲ့တယ်လို့လည်း ညီညွတ်ခြင်း ပရဟိတအသင်းက တာဝန်ရှိသူကပြောပါတယ်။

 ‘’ မနေ့ညနေပိုင်းမှာအမျိုးသမီးအလောင်းတခုအရင်တွေ့တာ။ အဲဒီနေရာမှာပဲ ဖိနပ်သုံးရံတွေ့လို့ ထပ်ရှာကြတာ။ ည၈နာရီလောက်မျာနားပြီး မနက်ထပ်ရှာတော့ ၈နာရီလောက်မှာ နောက်ထပ်အမျိုးသမီးအလောင်းထပ်တွေ့တယ်။ ကျန်အလောင်းကိုလည်း ဆက်ရှာဖွေနေပါတယ်’’ လို့ “ညီညွတ်ခြင်းအသင်း တာဝန်ရှိသူမှ DNA ကိုပြောပါတယ်။

 လက်ရှိမှာတော့ ရှာဖွေတွေ့ရှိထားတဲ့ မိန်းကလေးငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပဲခူးမြို့ ပြည်သူ့ဆေးရုံရင်ခွဲရုံကိုပို့ဆောင်ထားတယ်လို့လည်းဆိုပါတယ်။

Photo -CJ