စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးသူမိသားစုကို စစ်ကောင်စီကငွေသုံးသိန်းလာပေးပြီး PDF လုပ်တာ လို့ ပြောခိုင်း

ဇွန်၊ ၂၄

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ အ မျိုးသမီးတဦးရဲ့မိသားစုကို စစ်တပ်ကငွေသုံးသိန်းကျပ်လာပေးကာ လက်နက်ကြီးပစ်ခတ်မှုဟာ PDF ကလုပ် တာလို့ ပြောဆိုခိုင်းခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ပစ်ခံရပြီးတော့နောက်တရက်မှာရဲရယ်၊ စစ်သားရယ်၊ ရပ်ကွက်လူကြီးတွေက အရပ်ဝတ်နဲ့ သေသွားတဲ့ အမအိမ် ကို လာတယ်၊လက်နက်ကြီးကျည်အစတွေ ရှာပြီး သိမ်းသွားတယ်၊ပိုက်ဆံက သုံးသိန်းကျော်လောက်ပေးတယ်၊ ပြီး တော့ ဒါက သူတို့ ပစ်တာမဟုတ်ဘူး၊ PDF တွေပစ်တာလို့ ပြောတယ်၊ သူတို့က မဟုတ်ကြောင်း ပြောတယ်၊ လူ ကြီးတွေ လာမေးရင်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲ မေးမေး PDF တွေ ပစ်တာလို့ ပြောခိုင်းတယ်” လို့လက်နက်ကြီးထိမှန် သေဆုံးသွားတဲ့ အမျိုးသမီးမိသားစုနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ် အခြေစိုက်(၃၁၀)အမြောက်တပ်ရင်းနဲ့ သိမ်ဇရပ်နယ်မြေရဲစခန်းကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက် ည ၉ နာရီလောက်မှာ သိမ်ဇရပ်မြို့ပြင်က ကျေးရွာတွေဘက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ၆၀ မမ တလုံးဟာ သိမ်ဇရပ်မြို့ အမှတ်(၁)ရပ်ကွက် ရွာလေးကွက်သစ်ပိုင်းရှိ နေအိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ဒေါ်အေးအေးသန်းဆိုသူ နံရိုးအောက် ဖောက်ထွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ကလေးအပါအဝင် လေးဦးလက် နက်ကြီးစထိမှန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အဲဒီ ဒေသခံ တွေက DNA ကို ပြောဆိုထားပါတယ်။

နောက်တနေ့ ဇွန်လ ၁၇ ရက်မှာတော့ စစ်ကောင်စီလက်အောက်ခံ သိမ်ဇရပ်နယ်မြေရဲစခန်းက စခန်းမှူးနဲ့ တပ် ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက ဒေါ်အေးအေးသန်းရဲ့ နေအိမ်ကို ရောက်ရှိလာပြီး အဲဒီပစ်ခတ်မှုဟာ သူတို့လက်ချက် မဟုတ်ကြောင်းပြောဆိုကာ ငွေကျပ်သုံးသိန်းကျော်ကို ပေးသွားတယ်လို့ ဆိုပါတယ်။

 “အဲဒီနေ့ကလည်း ကျွန်တော်အကိုတို့ကို ပြောပြပြီးပြီလေ၊ ဘယ်ကနေ ပစ်တာလဲ သိတာပေါ့ဗျာ၊ ကာယကံရှင် မိသားစုတွေက မပြောရဲတာပဲ ရှိတယ်၊တကယ်တမ်းပစ်တာက ထိသွားတဲ့အလုံးက သိမ်ဇရပ်စခန်းက ပစ်တဲ့ အ လုံးကပါ၊၆၀ မမ လေ၊ အမြောက်တပ်က ၁၂၀ မမနဲ့ပဲ ပစ်တာလေ” လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

သထုံခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ မိသားစု ဝင်တွေကိုအခုလိုလာရောက်တွေ့ဆုံပြီး ငွေကြေးတာမျိုးတွေ အရင်က မရှိခဲ့ဘဲ ဒါဟာ ပထမဆုံးအကြိမ်ဖြစ် တယ် လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။

“အဓိက ပြည်သူပဲလေ၊ ပြည်သူတွေက အားလုံးသိနေတဲ့ အတွက် ဘာမှတော့ စိတ်ပူစရာမရှိဘူး၊ အခုဖြစ်စဉ်လဲ ပစ်ခံရတဲ့ မိသားစုတွေ ပြောလို့တာ သိမ်ဇရပ်စခန်းက ပစ်တာကို တိတိကျကျသိရတာ၊ အခုပစ်နေတဲ့ လက်နက် ကြီးတွေက ကျွန်တော်တို့မှာလည်း အဲလောက်မရှိဘူးလေ၊ ဒီလက်နက်တွေကို ကြည့်ရင်လည်း သိတာပဲ၊ ပြည်သူ တွေကလေ၊ ကျွန်တော်တို့ စိတ်ပူတာက ပြည်သူတွေ ခုလို ထိခိုက်သေဆုံးနေတာပဲ စိတ်ပူတာပါ” လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဇွန်လ ၁၆ ရက်ကလည်း ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ခလရ- ၃၁ က လက်နက် ကြီး ရမ်းသန်း ပစ်ခတ်လို့ ဦးခေါင်ကြွေမွဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ခေါဇာမြို့နယ်ခွဲ ကျောက်အိုင်ကျေးရွာက အ သက် ၄၀ နှစ်အရွယ် မိထွေးကြည်အတွက် စစ်ကောင်စီက ငွေကျပ်နှစ်သိန်းလာပေးခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလို သေဆုံးသွားတဲ့မိသားစုဆီ အလှူငွေ မပေးခင်မှာ မော်လမြိုင်အခြေစိုက်အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့ကို အရပ်သားသေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ယူမှု တာဝန် ခံမှုရှိကြဖို့ မွန်ပြည်သစ်ပါတီ(NMSP)က တိုက်တွန်းပြောဆိုခဲ့ပါတယ်။