အမေရိကန် အစိုးရက ဘဏ်နှစ်ဘဏ်ကို အရေးယူပိတ်ဆို့လို့ ဘာတွေသက်ရောက်မှုရှိမလဲ

ဇွန် ၊ ၂၂

အမေရိကန် အစိုးရက ဘဏ်နှစ်ဘဏ်ကို အရေးယူပိတ်ဆို့လို့ ဘာတွေသက်ရောက်မှုရှိမလဲ စစ်ကောင်စီ လက်အောက်ခံ MFTB နဲ့ MICB ဘဏ်နှစ်ဘဏ်ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ် ကြောင်း ဇွန်လ ၂၁ရက် ညဦးပိုင်းက တရားဝင် ကြေညာပြီးတဲ့နောက်မှာ မြန်မာ့စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှု အပေါ်သက်ရောက်မှုတွေရှိလာမယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

 “ ဘဏ်နှစ်ခုလုံးက နိုင်ငံရဲ့ ဒေါ်လာစျေးကွက်မှာ အများဆုံး ပါဝင်ပတ်သတ်နေတဲ့ နိုင်ငံပိုင် အဖွဲ့အစည်း ဖြစ်တာကြောင့် မျှော်လင့်မထားနိုင်တဲ့ impact တွေ ဒီရက်ပိုင်းအတွင်းကို ရှိလာနိုင်တယ် “လို့ ရန်ကုန်အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တဦးက မှတ်ချက်ပြုပါတယ်။ 

တက်ကြွလှုပ်ရှားသူတွေ မကြာခဏ တောင်းဆိုနေတဲ့ စစ်ကောင်စီရဲ့ MOGE ဝင်ငွေတွေ၊ စစ်လက်နက် ဝယ်ယူမှု ဆိုင်ရာ ကိစ္စရပ်တွေမှာ အဲ့ဒီ့ဘဏ်တွေကို အသုံးပြုခဲ့တာကြောင့် အမေရိကန်နိုင်ငံကမနေ့က ဇွန်လ၂၁ရက် ညဦး ပိုင်းမှာ အရေးယူဒဏ်ခတ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်တာပါ။ 

အမေရိကန်အစိုးရက အဲဒီလိုကြေညာအပြီးလတ်တလောမှာတော့ ဇွန်လ ၂၀ ရက်က ရွှေစျေး ၃, ၁၄၀, ၀၀ ကျပ်နဲ့ အမေရိကန်တဒေါ်လာ ၂၉၇၀ ကျပ်ရှိခဲ့ရာကနေ ဇွန်လ ၂၁ ရက် မနေ့က တော့ ရွှေစျေး ၃, ၁၅၀, ၀၀၀ ကျပ်နဲ့ အမေရိကန်တဒေါ်လာ ၃၀၅၀ ကျပ်အထိမြင့်တက်သွားခဲ့ပါတယ်။ 

ဆန်ရှင် ထိသွားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် (MICB) တွေဟာ နိုင်ငံခြားငွေ လဲလှယ်မှုကို အဓိကလုပ်ဆောင်ကြပြီး ကျပ်ငွေကို အမေရိကန် ဒေါ်လာနဲ့ ယူရိုတို့ကို အပြောင်းအလဲ လုပ်ဆောင် ပေးတဲ့ နိုင်ငံပိုင် ဘဏ္ဍာရေး အဖွဲ့အစည်းတွေဖြစ်ပါတယ်။

 ‘’နိုင်ငံတော်ဘဏ်နှစ်ခုကို စီးပွားရေးပိတ်ဆို့တယ်ဆိုတော့ အဲဒီဘဏ်တွေက နေ အမေရိကန်နိုင်ငံကို လွှဲတာတော့ အခက်အခဲရှိလိမ့်မယ်၊FADF ကလည်း အမည်ပျက်စာရင်းထည့်ထားတဲ့ အခါကျတော့ အရင်ကနဲ့တော့ မတူ တော့ ဘူး၊ငွေတွေလွှဲရတာဒုက္ခရောက်မယ်’’ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တဦးက ပြောပါ တယ်။

 မြန်မာနိုင်ငံအတွင်းမှာ ဆောင်ရွက်နေတဲ့ ရင်းနှီးမြှပ်နှံမှုတွေနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုအများစုဟာ အဲ့ဒီ့ ဘဏ်နှစ်ခုကသာ အဓိကဆောင်ရွက်နေတာဖြစ်ပေမယ့် နိုင်ငံတကာနဲ့ဆက်သွယ်ရာမှာတော့ ဒေသတွင်းဘဏ် တွေက တဆင့်ဆောင်ရွက်လို့ရဦးမယ်လို့လည်း ဆက်လက်သုံးသပ်ပါတယ်။

 “အဲဒီဘဏ်တွေက Sanciton ထဲမပါသေးဘူး၊ဒေသတွင်းကဘဏ်တွေကတော့ ဆက်ပြီးတော့ လုပ်လို့ရနေဦး မှာပဲလေ၊သို့ပေမယ့်ဒေသတွင်းကနေ အမေရိကားကို လွှဲမယ်ဆိုရင်တော့ သွားပြီ၊ မရတော့ဘူး’’ လို့လည်း ပြောပါ တယ်။ 

ဒီလိုနိုင်ငံခြားငွေနဲ့ဆက်စပ်တဲ့ ဘဏ်နှစ်ခုကိုပိတ်ဆို့အရေးယူလိုက်တဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုနဲ့ စစ် ကောင်စီရဲ့လက်နက်ဝယ်ယူမှုအပေါ်ထိခိုက်မလားဆိုတဲ့ စီးပွားရေးပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ စဉ်း စားချက်လည်းရှိပါတယ်။

 ‘’ဆရာထင်တာပြောရရင် စကစက အမေရိကန်ကနေ လက်နက်ဝယ်နေတာလည်း မဟုတ်ဘူး၊သူတို့အပေါ်မှာ သက်ရောက်မှုကတော့ နည်းလိမ့်မယ်၊အဓိကက ဘာလဲဆိုတော့ သူတို့အတွက် အထိခိုက်ဆုံးဖြစ်နိုင်တာက ဘာ လဲဆိုတော့ နိုင်ငံခြားငွေ နည်းလာတာက သူတို့ရဲ့ အဓိကပဲလေ’’ လို့လည်း ဆိုပါတယ်။ နိုင်ငံခြားအရန်ငွေနည်းလာတဲ့စစ်ကောင်စီဟာပြည်ပပို့ကုန်ဝင်ငွေကနေ နိုင်ငံခြားငွေခြောက်ဆယ်ရာခိုင်နှုန်းကို ပြည်ပကုန်ပစ္စည်းတင်ပို့သူတွေဆီကနေအမေရိကန်တဒေါ်လာကို ၂၁၀၀ ကျပ်နှုန်းနဲ့ပြန်လည်ပေးသွင်းခိုင်းပြီး ကျားကန်ဖို့ကြိုးစားနေတာလည်းရှိပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF စာရင်းအရ စစ်အာဏာမသိမ်းခင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ၆ ဒဿမ ၇ ဘီလီယံရှိပေမယ့်ဒေါ်လာ တဘီလီယံကို အမေရိကန်ကထိန်းချုပ်ထားလို့ စစ်ကောင်စီဟာ နိုင်ငံခြား ငွေချွေတာနေရပါတယ်။ 

အမေရိကန်ဟာ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေး အင်အားစုတွေ အကြိမ်ကြိမ် နှိုးဆော်တိုက်တွန်းမှု တွေထဲက ကိစ္စရပ်တခုကို အကောင်အထည်ဖော်လိုက်ခြင်းကြောင့် စစ်ကောင်စီအတွက်တော့ အကြီးအကျယ် ထိခိုက်နစ်နာ နိုင်တယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ထားပါတယ်။

 ပြည်တွင်းက တော်လှန်ရေး သပိတ်အင်အားစုတွေကလည်းအမေရိကန်နိုင်ငံရဲ့ အခုလို ပိတ်ဆို့မှုကိုကြို ဆိုတယ်လို့သဘောထားပေးကြပြီး အမေရိကန်နည်းတူ ဥရောပအဖွဲ့အစည်း၊အာဆီယံနဲ့ အိမ်နီးချင်း နိုင်ငံတွေကပါ လုပ်ဆောင်ကြဖို့လိုတယ်လို့လည်း တိုက်တွန်းကြပါတယ်။ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေ၊တရားဝင်မှုပြုရေးတွေ ကိုဖြတ်တောက်မှသာ လက်ရှိဖြစ်ပေါ်နေတဲ့ ဖိနှိပ်အ ကြမ်းဖက်မှုတွေ ရပ်တန့်စေမှာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောကြပါတယ်။

အဲ့ဒီ့ ဘဏ်နှစ်ခုဟာ အမေရိကန် အခြေစိုက်ဘဏ်၊ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားခြင်းမရှိ တာ ကြောင့် ငွေကြေးဆုံးရှုံးမှု မရှိနိုင်သလို အရင်ကလည်း အမေရိကန်က အဲ့ဒီ့ဘဏ်နှစ် ခုအ ပေါ် ဒဏ်ခတ် ပိတ်ဆို့ ခဲ့ဖူးပေမယ့် ကောင်းမွန်စွာ ကျော်လွှားနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ဇွန်လ ၂၁ ရက်က စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ တုန့်ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း နိုင်ငံခြား ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ကို ဒီဘဏ်နှစ်ခုတည်းက ဆောင်ရွက်တာမဟုတ်တာကြောင့် ပြည်တွင်းပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားဘဏ်ခွဲ တွေကတဆင့် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ဒီကနေ့ ဇွန်လ ၂၂ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ကြေညာ ထားပါတယ်။ ဒါပေမယ့် လတ်တလောမှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကြိုတင် ကာကွယ်ဖို့ ဗဟိုဘဏ် အပါအဝင် ထိပ်တန်းလုပ်ငန်းရှင်တချို့ကို ခေါ်ယူပြီး ဒဏ်ခတ်မှုကို ထိန်းညှိတုံ့ပြန်ရေး အစည်းအဝေး ခေါ်ယူဖို့ ပြင်ဆင်နေ ကြောင်း ဗဟိုဘဏ်ရဲ့ အတွင်း သတင်းပေးတချို့က ဆိုပါတယ်။

လတ်တလောမှာတော့ ပြည်တွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာမယ့် သဘောရှိပြီး ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်၊ အိမ်ခြံမြေစျေးကွက်တွေမှာ ရင်းနှီးမြုပ်နှံမှုတွေ မြင့်တက်လာနိုင်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါပြီ။ ဒါအပြင့် စစ်ကောင်စီအာဏာသိမ်းကတည်းက တောက် လျောက်ကျဆင်းနေတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပေါ် ရေရှည်မှာအကျိုးသက်ရောက်မှုရှိလာပြီး အခုလိုပိတ်ဆို့ အရေးယူမှုတွေကြောင့် ပိုနည်းသွားနိုင်တယ်လို့ လည်း သုံးသပ်ကြပါတယ်။

ဒီချုပ်အစိုးရလက်ထက်မှာနိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟာ၂၀၂၀- ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၃ ဒဿမ ၇ ဘီလီိယံ၊ ၂၀၂၁- ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ၄ ဒဿမ ၉ ဘီလီယံရှိခဲ့ပေမယ့် စစ်ကောင်စီထိန်းချုပ်တဲ့ ၂၀၂၂- ၂၀၂၃ ခုနှစ် မှာတော့ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံသာရရှိခဲ့တာပါ။ အဲဒီထဲက အများဆုံးကတော့ စင်ကာပူနိုင်ငံဖြစ်ပြီး ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံရင်းနှီးမြှပ်နှံပြီး တရုတ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံတို့က ဒုတိယနဲ့ တတိယအများဆုံးပမာဏရင်းနှီးမြှုပ်နှံထားတယ်လို့စစ်ကောင်စီရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ရဲ့စာရင်းတွေအရသိရပါတယ်။ အခုလိုပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာ ရင်းနှီးးမြှုပ်နှံမှုအသိုင်းအဝိုင်းမှာနာမည်ပျက်သွားပြီး စစ်ကောင်စီဟာ နိုင်ငံခြားလုပ်ငန်းတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ လက်ရှောင်ကြတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ စီးပွား ရေးပညာရှင်တဦးက ပြောဆိုပါတယ်။ “လာပြီးတော့ ရင်းနှီးမြှပ်နှံမယ့်သူကတော့ သူ့လက်ထက်မှာနည်းသွားပြီပေါ့၊နိုင်ငံခြားငွေစီဆင်းလာမှုကတော့ နည်းသွားပြီပေါ့၊တရုတ်တို့ အိန္ဒိယတို့ ထိုင်းတို့လောက် ပဲ ရှိတော့မှာပေါ့’’လို့ သူကဖြည့်စွက်ပြောပါတယ်။