မတ္တရာမှာ ပီဒီအက်ဖ်က စနိုက်ပါနဲ့ပစ်လို့ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးတယ်လို့ဆို

ဇွန် ၊ ၂၀

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ကြပ်ပြင်ရွာကို စစ်ကြောင်းကူးလာတဲ့  စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ တယ်လို့ မြနန္ဒာစစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မတ္တရာမြို့နယ်၊ ရုံးပင်ရွာကနေ  ကြပ်ပြင်ရွာသို့ စစ်ကြောင်းကူးလာတဲ့စစ်ကောင်စီတပ်သား လေးဆယ် ဝန်းကျင်ပါစစ်ကြောင်းဟာ ကြပ်ပြင်ရွာမှာတပ်စွဲအထိုင်ချနေစဉ် ယနေ့ဇွန်လ ၂၀ ရက်၊နေ့လည် ၁၁ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က  စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“ သူတို့က ရုံးပင်ကနေ ကြပ်ပြင်ရွာမှာ အထိုင်ချမယ်ဆိုတာ ကျွန်တော်တို့က သတင်းကြိုရလို့ သွားစောင့်နေတာ။ သူတို့ အထိုင်ချ တာကို ကျွန်တော်တို့က စောင့်ပြီး ၁၁ နာရီလောက်မှာ စနိုက်ပါနဲ့ သုံးချက်ပစ်ပြီး စခ နှစ်ယောက်ကို ငရဲပို့ပေးခဲ့တာ” လို့ အဲဒီတာဝန်ရှိသူကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေက အဲဒီလိုစနိုက်ပါနဲ့ ပစ်ခတ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုဖက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

မြနန္ဒာစစ်ဆင်ရေးအနေဖြင့် စစ်ကောင်စီတပ်သားများကို ယခုထက်ပိုပြီးတိုက်ခိုက်နိုင်ရန် လိုအပ်ချက်များစွာရှိနေပြီး  ဆက်လက်တိုက်ပွဲဝင်နိုင်ရန် ပြည်သူများအနေဖြင့် ပါဝင်ကူညီ‌ထောက်ပို့ပေးပါလို့ မြန္ဒာစစ်ဆင်ရေးမှ တာဝန်ရှိသူကပြောထားပါတယ်။ 

စစ်ကောင်စီတပ်က မကြာခဏဆိုသလို အင်အားသုံးစစ်ကြောင်းထိုးနေပြီးတော်လှန်ရေးအင်အားစုဘက်မှလည်း ပြောက်ကျား တိုက်ခိုက်တာတွေရှိနေတာကြောင့် ကျေးရွာဒေသခံအများအပြာ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီးလက်နက်ကိုင်တိုုက်ခိ်ုုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြနန္ဒာစစ်ဆင်ရေးအနေနဲ့ မန္တလေးတိုင်းက စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့စစ်ကောင်စီဒေါက်တိုင် အဖွဲ့အစည်းတွေကို တိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။