ထားဝယ်အရှေ့တောဒေသ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိခဲ့

ပုံစာ -ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း ၁ ရဲ့ တပ်ဖွဲ့ဝင်နှစ်ဦး

ဇွန် ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့အရှေ့ဘက် အရှေ့တောဒေသအတွင်း မှာ  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက် အကျအဆုံးရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

 ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ကျော်ဟာ ရိက္ခာသယ်ယူလာတဲ့ ကား ၁၆ စီးနဲ့ ထားဝယ်ထီးခီး ကားလမ်းအတိုင်း အရှေ့တောဒေသကို ဝင်ရောက်လာခဲ့ရာမှာ တိုက်ပွဲတွေဆက်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

 ဇွန်လ ၁၆ ရက် ညနေ ပိုင်းမှာတော့ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအနီး အဲဒီစစ်ကောင်စီတပ်ယာဥ်တန်းကို ဥသြစစ်ကြောင်းနဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 အဲဒီနောက်  သင်္ကန်းတုံးရွာအနီးမှာပဲ ယာဥ်တန်းပါ နောက်ဆုံးကားကို ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်) က ထုတ်ပြန်ပါတယ်။

 တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဦးသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ ဥသြစစ်ကြောင်းက ထုတ်ပြန်ပေမယ့် Delta News Agency အနေနဲ့ကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

 အဲဒီယာဥ်တန်းက နယ်စပ်စခန်းတွေကို ရိက္ခာဖြည့်တင်းတာပါ၊ ထီးခီးလို နယ်စပ်ဒေသမှာရှိတဲ့ စကစ ရှေ့တန်းစခန်းတွေဆီ ရိက္ခာပို့တာ။ တိုက်ပွဲကတော့ဘယ်ချိန်မဆို ထပ်ဖြစ်နိုင်တယ်။  ပြည်သူတွေကိုတော့ စကစနဲ့ နီးစပ်တဲ့နေရာတွေ၊ တပ်စွဲထားတဲ့နေရာတွေ၊ ယာဉ်တန်းတွေနဲ့ဝေးဝေးမှာနေကြဖို့ တိုက်တွန်းချင်ပါတယ်လို့ ဥသြစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။

 အဲဒီနေ့ ညနေပိုင်းမှာပဲ  ထားဝယ်ထီးခီးနယ်စပ် ကားလမ်းမပေါ်က မဲချောင်းရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့ ပူးပေါင်းထားတဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ပြီး နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

 အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုရှိပေမယ့် အတိအကျတော့ မသိရဘူးလို့ ထားဝယ်စုပေါင်းစစ်ကြောင်းက ဇွန်လ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

 အလားတူပဲ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာလည်း အဲဒီယာဥ်တန်းပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

 ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် ဦးကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း ရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့နဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေကိုတော့ သက်ဆိုင်ရာက သတင်းထုတ်ပြန်မှာဖြစ်တယ်လို့ ကျဆုံးသူတွေနဲ့ နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

 ကား ၁၆ စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းဟာ ဇွန်လ ၂၀ ရက် မနက်ပိုင်းမှာတော့ ထားဝယ်မြို့နဲ့ မိုင် ၃၀ ကျော်အကွာ မေတ္တာမြို့ဘက်ကိုရောက်နေပြီး ထိုင်းမြန်မာနယ်စပ် ထီးခီးဘက်ကိုရောက်ဖို့ မိုင် ၄၀ ကျော် သွားရအုံးမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

 စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် သင်္ကန်းတုံးရွာ၊ ဝကုန်းရွာနဲ့ ထားဝယ်ထီးခီးနယ်စပ် လမ်းမပေါ်ရှိ အခြားရွာတွေက ဒေသခံတွေဟာ နီးစပ်ရာ ဥယျာဥ်ခြံတွေထဲ ပုန်းရှောင်နေခဲ့ကြရပြီး လက်ရှိမှာတော့ နေရပ်ပြန်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

 စစ်ကောင်စီတပ်တွေ သင်္ကန်တုံးရွာထဲ ဝင်ရောက်နေထိုင်တဲ့အချိန်မှာတော့ အိမ်ထဲက ပစ္စည်းတွေကို မွှေနှောက်ရှာဖွေသွားတယ်လို့လည်း ဆက်သိရပါတယ်။

 အခုလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သင်္ကန်းတုံးရွာနဲ့ ဝကုန်းရွာတွေဟာ တနင်္သာရီတိုင်းရဲ့မြို့တော် ထားဝယ်မြို့နဲ့ မိုင် ၂၀ လောက်သာဝေးပြီး ထားဝယ်ထိုင်းနယ်စပ် ကားလမ်းမပေါ်မှာ ရှိကြတာပါ။

 ပြီးခဲ့တဲ့ ဇန်နဝါရီ ရက်နေ့ကလည်း ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအနီး ဘဲမတ်တပ်တောင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဥသြစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး အသက် ၆၅ နှစ်အရွယ် ဖထီးဆိုသူ ကျည်ဆန်ထိမှန်ကျဆုံးခဲ့ပါတယ်။

ပုံစာ -ထားဝယ်အရှေ့တောဒေသ တိုက်ပွဲတခုမှာတွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(ပုံအဟောင်း)