သိမ်ဇရပ်မှာ နေအိမ်ပေါ်လက်နက်ကြီးကျည်ကျလို့ အမျိုးသမီးတဦးသေဆုံး၊ကလေးတဦးအပါအဝင် လေးဦးဒဏ်ရာရ

ဇွန်၊ ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ မှာ ဇွန်လ ၁၆ရက် မနေ့က ညပိုင်းက နေအိမ်ပေါ် လက်နက်ကြီး ကျည်ကျလို့ အမျိုးသမီး တဦးသေဆုံးကာ ကလေးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါ တယ်။

“ ညဘက်ကြီး ပစ်တာပါ၊ လက်နက်ကြီးကလေ၊ နေအိမ်ပေါ်ကို ကျပြီး ပေါက်ကွဲတာ၊ အဲမှာ ရှိနေတဲ့ ကလေးအ မေတဦး သေတယ်၊ သူ့ကလေးတယောက်နဲ့ ကျန်တဲ့ ဆွေးမျိုးသားချင်းတွေ ဒဏ်ရာအများကြီး ရသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးအပါအဝင်ကျိုက်ထိုအခြေစိုက် (၃၁၀)အမြှောက်တပ်ရင်း နဲ့ သိမ်ဇရပ်နယ်မြေရဲစခန်းကနေ သိမ်ဇရပ်မြို့ပြင် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့ တာလို့ ဒေသခံတွေကပြောကြပါတယ်။

အဲ့ဒီအထဲက လက်နက်ကြီးကျည် ၆၀ မမ တလုံးဟာ သိမ်ဇရပ်မြို့ အမှတ်(၁)ရပ်ကွက်၊ ရွာလေးကွက်သစ် အပိုင်း က နေအိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြေင့် အသက် ၃၈ နှစ်အရွယ် ဒေါ်အေးအေးသန်းဆိုသူ အမျိုး သမီးဟာ နံရိုး အောက် ဖောက်ထွင်းဒဏ်ရာ၊ လက်ချောင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး အသက် ငါးနှစ် အ ရွယ်သမီးဖြစ်သူကတော့ ယာပါး၊ ဝဲတင်ပါး ပေါက်ပြဲဒဏ်ရာတွေ ရခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အသက် ၃၄ နှစ်အရွယ် ဦးဇင်ဘိုလတ်၊ အသက် ၃၅ နှစ်အရွယ် ဦးရှိန်းကျော်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ချိုမာသန်းတို့မှာ ခန္ဓာကိုယ်၊ ခြေလက်တွေမှာ လက်နက်ကြီးကျည်စဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို သိမ်ဇရပ်တိုက်နယ်ဆေးရုံးမှာ ဆေးကုသမှုခံယူနေရပြီး သူတို့အား လုံးဟာ အသက် အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

အဲ့ဒီလို လူနေရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့ စစ် ကောင်စီထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်တွေက PDF တွေပစ်ခတ်တာလို့ စွပ်စွဲနေကြပြီး တော်လှန်ရေး အင် အားစုတွေနဲ့ ဒေသခံတွေကတော့ စစ်ကောင်စီဘက်က ပစ်ခတ်တာလို့ ဆိုကြပါတယ်။

 “ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး၊ ဒီကောင်တွေ(စစ်တပ်)က ပစ်နေတာက ညကိုးနာရီလောက်ကတည်းက စပစ် တာပေါ့၊၁၁ နာရီကျော်လောက်ထိ ရှိတယ်၊နေ့တိုင်းပစ်နေတာခုတလော၊ ဘယ်သူ့ကို ပစ်လို့ ပစ်နေမှန်းလည်း မသိ ဘူးဗျာ၊ ၃၁၀ အမြောက်တပ်ကလည်း ၁၂၀ မမနဲ့ ပစ်တယ်၊ အဲဒီရဲစခန်း ကလည်း ပစ်တယ်၊အခုပစ်လိုက် တာက ရဲစခန်းက ပစ်တဲ့ ၆၀ မမ နဲ့ ပါ၊ အဲဒီရဲစခန်းနဲ့ ခုလက်နက်ကြီးကျတဲ့အိမ်က တမိုင်လောက်ပဲ ရှိတယ်” လို့သထုံခရိုင် PDF ခေါင်းဆောင်ကိုအေးမင်းထွန်းကပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်ကလည်း ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲ၊ ဝင်းကမော့ ကျေးရွာက အသက် ၄၀ နှစ်ရွယ်အမျိုးသမီးတဦးလက်နက်ကြီးကျည်ထိလို့ ဦးခေါင်းကြေဒဏ်ရာ ရရှိကာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မွန်ပြည်နယ်မှာအတွင်းက ရေး၊ သထုံ၊ ကျိုက်ထို၊ ဘီးလင်းစတဲ့မြို့နယ်မှာတွေမှာ စစ်ကောင်စီလက်အောက်ခံ အ မြှောက်တပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလှုပ်ရှားသွားလာရာဒေသတွေဘက်ကို လက်နက်ကြီးတွေ နေ့စဉ်နဲ့အမျှ ရမ်းသန်းပစ်ခတ်လေ့ရှိနေ ပြီး ဒီလအတွင်းမှာပဲ မွန်ပြည်နယ်မှာ လက်နက်ကြီးကြောင့် အရပ်သား သုံးဦးထက်မနည်း ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရခဲ့ပြီးပြီလို့ ဒေသခံတွေကပြောပါတယ်။