မြိတ်မြို့ကNLDအမတ်ရဲ့ အကိုဖြစ်သူ စစ်တပ်ကဖမ်းသွားပြီးနောက်သေဆုံး

ဇွန်၊ ၁၇

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်က  NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ အကိုဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ဆယ်ရက်အကြာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။

“ မနေ့က (ဇွန်လ ၁၆ ရက်) မနက်မှာ သေသွားပြီ ဆိုတာကို မိသားစုကို အကြောင်းကြားလာတာ၊ မောပြီး သေ တယ်လို့တော့ အဲလိုပြောတယ်၊သူ့ကို ဖမ်းပြီး ဆယ်ရက် လောက်ရှိပြီပေါ့နော်၊ ဘယ်ကို ဖမ်းသွားလဲတောင် မိသား စုတွေက မသိဘူး။ အခု အဲညနေပိုင်းမှာပဲ သင်္ဂြိုလ်လိုက်ပါတယ်” လို့ မိသားစုနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါ တယ်။

 ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားသူဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင် ရရှိ ထားတဲ့ ဦးမင်းဇော်တင့်ရဲ့ အစ်ကိုဖြစ်သူ အသက်(၅၀)နှစ်ကျော်အရွယ် ဦးတင်သန်းဦးဖြစ်ပါတယ်။

သူသေဆုံးတာနဲ့ပတ်သက်လို့ အမောဖောက်သေ ဆုံးတာလို့ စစ်ကောင်စီက မိသားစုဝင်တွေကိုအသိ ပေးခဲ့ပေမယ့် ရုပ်အလောင်းမှာတော့ လက်ကျိုး နေ သလို ရိုက်နှက်ခံထားရတယ်လို့ယူဆရတဲ့ အညိုအ မဲစွဲနေတဲ့ ဒဏ်ရာဒဏ်ချက်တွေ လည်းတွေ့ရ တယ် လို့ သိရပါတယ်။

 ဦးတင်သန်းဦးကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ မြိတ်မြို့ နောက်လယ်ရပ်ကွက်က နေအိမ်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 စစ်ကောင်စီတပ်ဖွဲ့တွေက ဦးတင်သန်းဦးကို မြိတ်မြို့မရဲစခန်းမှာ စစ်ဆေးမေးမြန်းစရာရှိတယ်လို့ မိသားစု တွေကို ပြောဆိုခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ မိသားစုဝင်တွေနဲ့ လုံးဝအဆက်အသွယ်ပြက်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အဓိကတော့ သူ့ညီကိစ္စကြောင့်ပဲ ဖမ်းခံရတာပဲထင်တယ်၊သူ့ညီက အာဏာသိမ်းကတည်းက ဒီမှာ မနေတာ ကြာ ပြီလေ၊ ထောက်ပို့ကိစ္စတွေလုပ်နေတယ်လည်း ပြောတာပေါ့နော်၊သူ့အကိုကိုလေ၊ အခုလည်း ဖမ်းတဲ့အချိန်မှာ မိ သားစုဝင်တွေ သိထားတာက စခန်းမှာ ပဲလေ၊ အဲနောက်ပိုင်းကျတော့ အဆက်အသွယ်မရတော့ဘူး၊ အခုသေ တော့မှ သိရတာပါ” လို့သူက ပြောပါတယ်။

 ထားဝယ်မြို့ပေါ်မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦး ကိုကျော်သူရကိုလည်း ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေကဖမ်း ဆီးသွားပြီးနောက်ငါးရက်အကြာမှာ စစ်ကြောရေးမှာ သေဆုံးခဲ့ပါသေးတယ်။

 စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်​ကနေ အခုနှစ်မေလကုန်အ ထိကောက်ယူရရှိထားတဲ့ စာရင်းတွေအရ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့ လက်ချက်နဲ့ NLD ပါတီလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနဲ့ ပါတီဝင် ၉၃ ဦး သတ်ဖြတ်ခံခဲ့ရပြီး ပါတီဝင် ၁၂၀၀ ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန် ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအဖွဲ့ (AAPP)ရဲ့ စာရင်းတွေအရတော့ အာဏာ သိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီက လူဦးရေ ၃၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အဲ့ဒီ အထဲက လူတထောင်ကျော်ဟာ ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံရတာ၊သေဆုံးခဲ့ကြရသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။