Pepsi အချိုရည်စက်ရုံ တာဝန်ရှိသူနှစ်ဦးကိုအလုပ်သမားကတရားစွဲ

ဇွန် ၊ ၁၇

ပက်စီအချိုရည်စက်ရုံက အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(EC)နဲ့မညီဘဲ အလုပ်ထုတ်လိုက်တာနဲ့ ပတ် သက်လို့ ကာယကံရှင်အလုပ်သမားက အဲဒီစက်ရုံတာဝန်ရှိသူနှစ်ဦးကို မှော်ဘီခရိုင်တရားရုံးမှာ တရားစွဲ ဆိုလိုက် တယ်လို့ အလုပ်ဘက်ကနေကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံ ကသိရပါ တယ်။

ပက်စီအချိုရည် စက်ရုံ CEO နှင့် HR မန်နေဂျာ တို့ကို EC စာချုပ် ချိုးဖောက်မှူနဲ့ တရားမ နစ်နာကြေး သိန်းတရာ ကျော် ရလိုမှုနဲ့  မနေ့က တရားစွဲဆိုလိုက်တာလို့သိရပါတယ်။

စက်ရုံ CEOနဲ့ HRတို့က အလုပ်ထုတ်စာမှာလက်မှတ်ထိုးထားသူတွေဖြစ်လို့ သူတို့ကိုနာမည်တပ်တရားစွဲဆို ရတာ ဖြစ်တယ်လို့လည်း STUMတာဝန်ရှိသူတဦးကရှင်းပြပါတယ်။

“အမှုကဖြစ်နေတာကြာပြီ၊ညှိနှိုင်းတဲ့အဆင့်မှာ အလုပ်မဖြစ်ဘဲကြာနေတာ၊ အဲဒါနဲ့တရားမမှုနဲ့တရားစွဲဖို့ ဖြစ်လာ တာ”လို့ သူကပြောပါတယ်။

Pepsi အချိုရည်စက်ရုံက လုပ်သက် နှစ်နှစ်ဆယ်ကျော်ရှိ အလုပ်သမားတဦးဖြစ်တဲ့ အသက် ၆၅နှစ်အရွယ် လျှပ် စစ်မန် နေဂျာ ဦးသောင်းဟန်ကို ပြီးခဲ့တဲ့ ၂၀၂၂အောက်တိုဘာလမှာ စက်ရုံက အလုပ်ထုတ်ပယ် ခဲ့တယ်လို့ သိရ ပါတယ်။

 

ဒါဟာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ တဖက်သတ် အလုပ်ထုတ်ပယ်မှုဖြစ်သလို ဥပဒေအရ ခံစားခွင့်ရှိတဲ့ နစ်နာ ကြေးကိုလည်း စက်ရုံဘက်က မပေးခဲ့ဘူးလို့ ဆိုပါတယ်။ဒီအခြေအနေနဲ့ ပတ်သက်လို့ နှစ်ဖက် ညှိနှိုင်းခဲ့တာတွေရှိ ပေမယ့် ပြေလည်မှုမရခဲ့တာလို့ဆိုပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်မှာ အလုပ်သမားတဦး သာမာန်ပြစ်မှုတခုကို ဖောက်ဖျက် ကျူး လွန်ပါက ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကို စာနဲ့ သတိပေးတာ၊ တတိယအကြိမ် ခံဝန်ကတိ ထိုးခိုင်း တာလုပ်ပြီး ၁၂ လ အတွင်း ပြစ်မှုထပ်မံကျူးလွန်မှသာ အလုပ်ရှင်က နစ်နာကြေးမပေးဘဲ အလုပ်ထုတ် ခွင့်ရှိတယ်လို့ ပါရှိ ပါ တယ်။

“ကျွန်တော်လက်မှတ်ထိုးတဲ့ တရားဝင် warning(သတိပေးစာ) တခုမှ မရှိဘူး၊ သူတို့စွပ်စွဲတဲ့ဟာကလည်း ဘောင် မဝင်ဘူး”လို့ ကာယကံရှင်အလုပ်သမားဖြစ်တဲ့ ဦးသောင်းဟန်က DNA ကိုပြောပါတယ်။စက်ရုံတာဝန်ရှိသူတွေနဲ့ သူ့အကြားး သုံးကြိမ်တိုင် အငြင်းပွားမှုတွေရှိခဲ့ပေမယ့် ဒါဟာ စက်ရုံဘက်က တဖက်သတ်စွပ်စွဲအပြစ်တင်မှု တွေ သာဖြစ်တယ်လို့ သူကဆိုပါတယ်။

အလုပ်ထုတ်တဲ့အချိန်မှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို မလိုက်နာတဲ့အပြင် နစ်နာကြေး အဖြစ် ၆ လစာ လုပ်ခလစာနဲ့ အလုပ်ထုတ်ရင် တလကြိုအကြောင်းကြားရတဲ့ နို့တစ်စာ(အလုပ်ထုတ် မယ့် အ ကြောင်းအသိပေးစာ)မပေးတဲ့အတွက် လျော်ကြေး လုပ်ခ တ လစာ၊ စုစုပေါင်း လုပ်ခ ၇ လစာ ကျပ်သိန်း ငါး ဆယ်ကျော်ကို ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုလို တရားစွဲဆိုခဲ့တာလို့ သိရပါတယ်။

“ညှိတုန်းကတော့ကျွန်တော့်ဘက်က သိန်းလေးဆယ်အထိ လျှော့တောင်းသေးတယ်၊ဒါပေမယ့် သူတို့က ၂၅ သိန်းပဲ ပေးဖို့ပြောတာ၊ဒါတောင်ဦးစီးမှူးက ၅ သိန်း ပိုတောင်းပေးလို့ ၂၅ သိန်းဖြစ်တာ၊၂၅ သိန်းနဲ့ ကျွန်တော် ဘာသွားလုပ်လို့ရမှာလဲ၊ ကျွန်တော့် ငယ်ရွယ်နုပျိုမှုတွေ ဒီစက်ရုံမှာ ပေးဆပ်ထားရတာ၊ အသက် ၆၀ ကျော်ပြီမို့ အလုပ်ထုတ်ချင်တာဆိုရင်လည်း စာနာမှုရှိရှိနဲ့ ထိုက်သင့်သလောက်တော့ ပေးသင့်တာပေါ့” လို့ ဦးသောင်းဟန်က ပြောပါတယ်။

ဦးသောင်းဟန်ဟာ လက်ရှိ Pepsi စက်ရုံကိုပိုင်ဆိုင်တဲ့ ကုမ္ပဏီနဲ့ လက်တွဲခဲ့တဲ့ လုပ်သက် ရှစ်နှစ်ကျော်သာ ရှိသေး ပေမယ့် အရင်ပိုင်ရှင်အဟောင်းတွေလက်ထက်ကတည်းက အဲ့ဒီစက်ရုံမှာ လုပ်ကိုင်လာခဲ့တာကြောင့် စုစုပေါင်း လုပ်သက် ၂၂နှစ်လောက်ရှိပြီလို့ သိရပါတယ်။

 ပက်စီအချိုရည်စက်ရုံဟာ အရင်က Myanmar Golden Beverage (MGS)ကုမ္ပဏီက ရင်းနှီးမြုပ်နှံခဲ့ပြီး ၂၀၁၄ခုနှစ် မှာတော့ တောင်ကိုရီးယားနိုင်ငံ စားသောက်ကုန်လုပ်ငန်းစုဖြစ်တဲ့ Lotte Chilsung Beverageကုမ္ပဏီနဲ့ ဖက်စပ် လုပ်ငန်းအဖြစ်ဆက်လက်လည်ပတ်နေတာဖြစ်ပါတယ်။

 အခုလို အလုပ်သမားဖြစ်သူက တရားစွဲဆိုတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ စက်ရုံဘက်ကိုဆက်သွယ် မေးမြန်းပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ အဲဒီ အမှုနဲ့ပါတ်သက်လို့ဇူလိုင် ၇ ရက်မှာ ပထမ အကြိမ်ရုံးချိန်းခေါ်ထားတယ်လို့ STUMကထုတ်ပြန်ထားပါတယ်။

 အခုလို အလုပ်သမားဖြစ်သူက စက်ရုံကိုတရားစွဲဆိုတာဟာ ဒီနှစ်ထဲ ဒုတိယမြောက် အမှုဖြစ်ပြီး ပထမအမှုက တော့ YFA စက်ရုံက အလုပ်သမားဖြစ်သူကိုအလားတူ ECစာချုပ်ချိုးဖောက်အလုပ်ထုတ်တယ်လို့ဆိုကာ ရွှေပြည် သာမြို့နယ်တရားရုံးမှာတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုမှာတော့ ခြောက်ကြိမ်မြောက်ရုံးချိန်မှာ နှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေသွားခဲ့တယ်လို့သိရပါတယ်။