ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရုံး၊ဌာနတွေက အရာရှိငယ်တွေကိုဝါဒဖြန့်စည်းရုံးပြီး သစ္စာရှိဖို့ စစ်ခေါင်းဆောင်ပြောဆိုနေရ

ဇွန် ၊ ၁၇

စစ်သားတွေအနေနဲ့ ကိုယ်တိုင်အပေါ်၊အလုပ်အပေါ်၊ မိသားစုအပေါ်၊နိုင်ငံတော်အပေါ် သစ္စာ ရှိရမှာဖြစ်သလို စစ် တပ်နဲ့ နိုင်ငံတော်အပေါ် ယုံကြည်ချက်၊ခံယူချက် မြင့်မားရမှာဖြစ်တယ်လို့အာဏာသိမ်းစစ်ခေါင်း ဆောင်က လက် အောက်ခံ စစ်တပ်အရာရှိငယ်တွေနဲ့ တွေ့ဆုံရာမှာ တိုက်တွန်းခဲ့ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ရုံး၊ဌာန အသီးသီး က အရာရှိငယ်တွေကို စစ်ခေါင်းဆောင်က မနေ့က နေပြည် တော်မှာတွေ့ဆုံခဲ့တာလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်တွေဟာ ဒေသအသီးသီးက လက် အောက်ခံ စစ်တပ်တွေဆီသွားရောက်ကာ ဝါဒဖြန့် စည်းရုံးမှုတွေ အကြိမ်ကြိမ်ပြုလုပ်နေရသလို ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ရုံး၊ဌာနတွေက အရာရှိငယ်တွေကိုပါ စည်းရုံးရေး လုပ်နေရတာဖြစ်ပါတယ်။

စစ်သားတိုင်းဟာ ဘယ်သူ့တိုက်တွန်းချက်မှမပါဘဲ စစ်တပ်မှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ပြီး မျှော် မှန်းချက်နဲ့ ရည်မှန်းချက်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ကြဖို့ လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်း ဆောင်ကဆိုပါတယ်။

စစ်ခေါင်းဆောင်မင်းအောာင်လှိုင်ဟာ လက်အောက်ခံ စစ်တပ်တွေနဲ့ တွေ့ဆုံချိန်တိုင်းမှာ ပြီးခဲ့တဲ့ NLD အစိုးရ ခေတ် လုပ်ဆောင်ချက်တွေကို နှိမ်ချပြောဆိုလေ့ရှိပြီး မနေ့က တွေ့ဆုံမှုမှာလည်း စစ်တပ်က ကူညီပေးခဲ့ပေမယ့် အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ထိရောက်မှုအားနည်းတယ်လို့ ဝေဖန်ခဲ့ပါသေးတယ်။

ဒီမိုကရေစီ အစိုးရ ဒုတိယသက်တမ်းမှာ စစ်တပ်က နိုင်ငံရေး အတွေ့အကြုံအရ ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ် ထိုက်တာတွေကို အကြံဥာဏ်ပေးတာ၊ကူညီပေးတာတွေရှိခဲ့ပေမယ့် ထိရောက်မှုအားနည်းခဲ့တာလို့ စစ်ခေါင်း ဆောင်က ပြောကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုနဲ့ပတ်သက်လို့လည်း အခြေခံ ဥပဒေနဲ့အညီ လုပ်ဆောင်နေတာဖြစ်ပြီး ရွေးကောက်ပွဲ ပြန် ကျင်းပပေးမှာဖြစ်တဲ့အကြောင်း စစ်ခေါင်းဆောင်က သူ့လက်အောက်ခံ အရာရှိငယ်တွေကို ဝါဒဖြန့်ပြောဆိုခဲ့ပါ သေးတယ်။

အာဏာသိမ်းမှုမတိုင်မီနဲ့ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒေသအနှံ့ကလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက စစ်သားတွေနဲ့တွေ့ဆုံပြီး ဝါဒဖြန့်စည်းရုံးတာမျိုးတွေ အကြိမ် ကြိမ် လုပ်ခဲ့ဖူးပေမယ့် လက်ရှိမှာ သူနဲ့အနီးစပ်ဆုံးလို့ဆိုနိုင်တဲ့ နေပြည်တော် အခြေစိုက် ကာကွယ်ရေးဦးစီး ချုပ်ရုံး ချုပ်(ကြည်း)က အရာရှိငယ်တွေကိုပါ ဝါဒဖြန့်စည်းရုံးမှုတွေ လုပ်လာရတာဖြစ်ပါတယ်။