ဇွန် ၊ ၁၁
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦး သတင်းမှန် ပြန်ကြားရေး ဌာနတာဝန်ရှိသူတဦးကပြောပါတယ် ။
ခင်ဦးမြို့နယ် ၊သံဘိုရွာတောင်ဘက်မှာဇွန်လ ၉ရက်က စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေတိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ကျဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
” ထိတွေ့တိုက်ပွဲဖြစ်တာပေါ့နော်။ သူတို့ဖက်က မိုင်းနင်းမိပြီး အများကြီးကျတယ်။ ကျတဲ့အခါကျတော့ လက်နက်ကြီးနဲ့ ပြန်ထောက်တာပေါ့ ။ထောက်တဲ့အခါမှာ တဦးကျပြီး နှစ်ဦး ဒဏ်ရာ ရခဲ့တာပေါ့ ” လို့အဲဒီတာဝန်ရှိသူက ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာရေအေးကုန်းရွာအတွင်းက အိမ် လေလုံး ၊စာသင်ဆောင် တဆောင်မီးရှို့ဖျက်ဆီးခဲ့ပြီး သိုးနှစ်ကောင်နဲ့ဝက်တကောင် ချက်စားခဲ့သလို နွား ခုနှစ်ကောင်ကိုလည်း မသေရှင် သတ်ပြီး ထားခဲ့တယ်လို့လည်း သိရပါတယ်။
” ရွာထဲမှာရှိတဲ့နွားတို့ သိုးတို့ ခုနှစ်ကောင်ကို မသေမရှင် သတ်ပစ်ထားခဲ့တယ်ပေါ့နော် ။နွားတွေရဝကောင်လောက်ကို နွားသိုးပေါ့နော် အကောင်ရေ စုစုပေါင်း ၇၀ လောက်ကို လည်း ရွှေဘိုနယ် ဖိုလ်ကုန်းပျူရွာဖက်ကို မောင်းတင်သွားတယ်ပေါ့နော်” လို့ ၎င်းကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုမိုင်းမထောင်ဖို့နဲ့ သေနတ်ချင်းယှဉ်ပစ်မယ်လို့ စိန်ခေါ်တဲ့ စာသားတွေကိုလည်း ရေအေးကုန်ကျေးရွာအိမ်နံရံတွေမှာ ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာ ကြောင့် သံဘို၊ရေအေးကုန်း၊ချောင်ဆုံ၊ကျီးကန်ရွာစတဲ့ကျေးရွာတွေက စစ်ရှောင် သုံးထောင်ကျော်တို့ဟာလည်း ယခုချိန်မှာ ရွာထဲပြန်ဝင်ပြီး နေထိုင်နေကျပေမယ့့် စားရေးသောက်ရေးနဲ့ နေရေးထိုင်ရေးတွေမှာ အကူညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာပေါင်း ၄၆ ရွာက နေအိမ် ခြောက်ထောင်ဝန်းကျင်ကို မီးရှို့ဖျက်ဆီးထားပြီး မီးဘေးသင့်အရပ်သားပေါင်း သုံးသောင်းကျော်အထိရှိနေတယ်လို့လည်းခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
Photo-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး