နှစ်ရက်အတွင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင် ငါးဦးထက်မနည်းဖမ်းဆီးခံရ

ဇွန် ၊ ၁၀

ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ အခုလအတွင်း ဆက်တိုက်ဖမ်းဆီးခံနေရပြီး ဇွန်လ ၈ရက်နဲ့ ကိုးရက်တို့ကလည်း နှစ်ရက်အတွင်း ငါးဦးထက် မနည်းဖမ်းးဆီးခံလိုက်ရတယ်လို့ ရန်ကုန်အခြေစိုက် တော်လှန် ရေးအင်အားစုတွေဆီကသိရပါတယ်။

ကြည့်မြင်တိုင်မြို့နယ် တန်ဆောင်းကြီးလမ်းမှာ ဇွန်လ ၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်အခြေစိုက် UG အဖွဲ့ တခု ဖြစ်တဲ့ Brave Eagles အဖွဲ့ဝင်  ကိုအောင်မြင်ဆိုသူဖမ်းဆီးခံရပြီးနောက် ကွင်းဆက်လိုက်ဖမ်းဆီးမှုတွေကြောင့် အဲ့ နောက်ထပ်အဖွဲ့ဝင်လေးဦးအထိဆက်တိုက် ဖမ်းဆီးခံရတာလို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ကိုပီတာက DNA ကိုပြောပါတယ်။

“သူတို့ကအရပ်ဝတ်တွေလက်နက်ကိုင်တွေနဲ့အဲ့မှာရှိတဲ့ကိုအောင်မြင်ရဲ့အိမ်ကိုဝင်စီးတာပေါ့၊သူကတော့အဲ့က တည်းကပါသွားတာ၊တိုက်ကလဲသူနေတဲ့တိုက်၊အဲ့ဒီ့ဟာရဲ့နောက်ဆက်တွဲကတချို့ဟာတွေကိုလိုက်ပြီးဖမ်းဆီးဖို့ကြိုးစားနေတယ်၊ခုထိတော့ကိုအောင်မြင်အပါအ၀င် အားလုံးပေါင်းငါးယောက်အထိ အဖမ်းခံလိုက်ရပြီ” လို့ သူ ကပြောပါတယ်။

စစ်ကောင်စီဟာ ကိုအောင်မြင်ဆိုသူကိုဖမ်းဆီးပြီးနောက် သူကတဆင့် နောက်ထပ်အဖွဲ့ဝင်တွေကို ဆက်သွယ် ချိန်းဆိုခိုင်းပြီး အခုလိုဖမ်းဆီးခဲ့တာလို့လည်းသိရပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာလက်နက် ပစ္စည်းတွေပါဝင် ခြင်းရှိမရှိနဲ့ကိုအောင်မြင်နဲ့အတူဖမ်းဆီးခံလိုက်ရတဲ့အဖွဲ့ဝင်တွေကို အခုအချိန်အထိဘယ်မှာဖမ်းဆီးထား တယ်ဆို တာတော့မသိရသေးပါဘူး။

“ဖုန်းတောက်လျှောက်ခေါ်ခဲ့ပေမယ့် မကိုင်ဘဲ ခဏလောက်ကြာမှ ကုဒ်အမှားတွေပြောပြီး ဘေးကင်းတယ်လို့ ပြန်ဖြေတယ်၊ VC ပြောဖို့လိုင်းတက်ခဲ့ဖို့ပြောတော့ ဘေးကင်းတယ်အဆင်ပြေတယ်ဆိုပြီး အသံတုန်ရီ မျက်နှာ မကောင်းဘူးပြန်ဖြေခဲ့တယ်၊မျက်နှာမှာလဲ ဒဏ်ရာကရှိနေတယ်၊ Mask ချွတ်ခိုင်းပေမယ့် ချွတ်ပြမရဘူး ပြန်ဖြေ ခဲ့ပြီး အမူအရာ ပျက်နေတယ်၊နောက်ကလဲ ကားပေါ်မှာ တစုံတယောက်က ထောက်ထားတဲ့ ပုံစံနဲ့ နောက်ဆုံး အဆက်သွယ်ရခဲ့ပါတယ်”လို့ ဖမ်းဆီးခံထားရတဲ့ ကိုအောင်မြင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဖက်က Brave Eagles(UG)အဖွဲ့နဲ့ချိတ်ဆက်မှု့ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့အဖွဲ့ဝင် တွေကို လိုက်လံချိတ်ဆက်ပြီးဖမ်းဆီးဖို့ဆက်လက်ကြိုးစားနေတဲ့အတွက် ချိတ်ဆက်မှုရှိထားသူတွေအနေနဲ့ တိမ်း ရှောင်ကြဖို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သတိပေးနေကြပါတယ်။

 ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတွေ ဖမ်းဆီးခံရမှုဟာ အခုလ ဆယ်ရက်တာကာလအတွင်း Special Task Force အဖွဲ့ဝင်နှစ်ဦး၊Brave Eagles အဖွဲ့ဝင် ငါးဦးစုစုပေါင်း ခုနစ်ဦးထက်မနည်းအထိ ရှိနေပြီး စစ် ကောင်စီ က တော့ Brave Eagles အဖွဲ့ဝင်တွေဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမ ရှိ သေးပါဘူး။

အခုလအတွင်း ရန်ကုန်မှာ စစ်ကောင်စီကို တိုက်ခိုက်မှုတွေနဲ့ ပြောက်ကျားဆန္ဒပြမှုတွေ ခပ်စိတ်စိတ်ပြန် ရှိလာနေသလို စစ်ကောင်စီကလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးမှုနဲ့ရှာဖွေ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေတာပါ။