ငလျှင်ကြောင့် လူသေဆုံးမှုရှိခဲ့တဲ့ မအူပင်မြို့နောက်ဆက်တွဲအခြေအနေ၊ တက္ကသိုလ်စာမေးပွဲနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားလည်း အကန့်အသတ်မရှိရက်ရွေ့ဆိုင်းထား

ဇွန် ၊ ၈

မနေ့ ဇွန်လ ၇ ရက်က  ပြင်းအားရစ်ချ်တာ စကေး ဒသမ ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်ဟာ မြန်မာစံတော်ချိန် ညနေ နာရီ ၂၃ မိနစ်၊ ၅၁ စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်အနောက် မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ ဧရာဝတီ တိုင်း ညောင်တုန်းမြို့ရဲ့ တောင်အရှေ့ တောင်ဘက် မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

 ငလျင်လှုပ်ခတ်မှု ဟာ ညောင်တုန်း မြို့ အနီး က မအူပင်မြို့မှာ လည်း လှုပ်ခတ်ခဲ့ပြီး အဲ့ဒီမြို့က က ရွှေဘုန်းမြင့် စေတီတော်ကြီးရဲ့ ထီးတော်ကျိုးကျ ယိုင်လဲခဲ့သလို ပေါ်တော်မူဘုရား၊ မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမနဲ့ မအူပင်တရားရုံးတို့မှာ အမိုးပြိုကျတာ၊ မုခ်ဦးပြိုကျတာနဲ့ နံရံကွဲအက်မှုတွေ ဖြစ်ပေါခဲ့ပါတယ်။

 ဒါ့အပြင် မအူပင်မြို့ က ကွန်ကရစ် လမ်း အချို့ နဲ့ မြေကြီးတွေ ကဲအက် ခဲ့ပြီး မိုးကုတ်ကျောင်း ဝိပသနာ ကျောင်းဆောင် အမိုး ပြို ကျမှုကြောင့် သီလရှင် ဆရာလေး တပါးနဲ့ ယော ဂီ အမျိုးသမီး တဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါတယ်။

 အဆောက်အဦးထိခိုက်မှုရှိခဲ့တဲ့ မအူပင်တက္ကသိုလ်မှာလည်း မနက်ဖန်ကျင်းပဖို့ စီစဉ်ထားတဲ့ဘွဲနှင်းသဘင်အခမ်းအနားနဲ့ စာမေးပွဲကိုလည်း ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်တယ်လို့အဆင့်မြင့်ပညာ ဦးစီးဌာက သိရပါတယ်။

 ငလျှင်ကြောင့် ဘွဲ့နှင်း သဘင် ခန်းမ နဲ့ ကျောင်း ဆောင်အချို့ ကွဲအက်သွားတာထိခိုက် ပျက်စီး ပြိုကျတာ ရှိသွားတော့ လူကို အန္တရယ် ထပ်မဖြစ် ဖို့ ရွေ့ဆိုင်းတာပါလို့ မအူပင် တက္ကသိုလ် နယ်မြေ ဌာန တာဝန်ရှိ သူ တဦး က ပြောပါတယ်။

 မအူပင်တက္ကသိုလ်မှာတော့ ဒီကနေ့ ဇွန်လ ၈ ရက်ကနေ ၁၅ ရက်နေ့အထိ ပထနှစ် နေ့သင်တန်းကျရှုံးသူတွေရဲ့နောက်ဆက်တွဲစာမေးပွဲရှိနေသလို လာမယ့် ၉ ရက်ကနေ ၁၁ ရက်နေ့အထိလည်းအဝေးသင်သင်တန်းဘွဲ့နှင်း သဘင် အခမ်းအနားပြုလုပ်ဖို့ရှိနေတာဖြစ်ပါတယ်။

ပျက်စီး သွားတာများ လိမ့်မယ် ယူဆတယ်။ ထိခိုက် နက်နဲ မှု ဘယ်လောက်ရှိတယ်၊ အန္တရယ် အချိန် မရွေး ဖြစ်နိုင်သလား ဆိုတာ ကျွမ်းကျင်သူ တွေ နဲ့ ဘွဲ့နှင်း သဘင်နဲ့ ဆောက် အအုံ တွေကို စစ်ဆေး ပြီးမှ ပြောပြလို့ရမယ်လို့ တက္ကသိုလ် အင်ဂျင်နီယာ ဌာန တာဝန်ရှိ သူ တဦး ဆိုပါတယ်။

 မအူပင်မြို့မှာဖြစ်ခဲ့တဲ့ ငလျှင်နဲ့ပတ်သက်ပြီး အသက် ၆၀ ခန့်ရှိ အမျိုးသားတဦးကတော့ “ညသန်းခေါင် လောက်ကလည်း ငလျှင်လှုပ်တယ်။ ပထမ တော့ ဖြေးဖြေးလှုပ်တာ အား လုံး လှုပ် တာက ၅ကြိမ်၊ ညနေပိုင်း ၂ကြိမ်က အတော်ပြင်းတယ် တိုက်တွေတောင်ပြိုတဲ့ အထိဖြစ်ရတယ်လို့ဆိုပါတယ်။

 ငလျှင် လှုပ်နေစဥ် ဒေသခံ လူမှု ကယ်ဆယ်ရေး အဖွဲ့ တွေ ရောက်ရှိ ကူညီ ခဲ့ကြပေမယ့် မအူပင် အုပ်ချုပ်မြို့ အုပ်ချုပ်ရေး အဖွဲ့ တာ ဝန်ရှိသူတွေ ကတော့ ဇွန်လ ၈ရက်နေ့ နံနက် ပိုင်း မှ ရောက်လာတယ်လို့ လည်းမြို့ခံတချို့ရဲ့ပြောပြချက်အရသိရပါတယ်။

 အခုဖြစ်ခဲ့တဲ့ မအူပင်ငလျှင်ဟ, နှစ်ပေါင်း ၆၀ အတွင်း ဧရာ ဝတီတိုင်းတွင်း က လှုပ်ခဲ့တဲ့ ငလျှင်တွေထဲ မှာ မအူပင် မြို့ ငလျှင်က ပျက်စီး ဆုံးရှုံးမှု အများဆုံး ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာ ချထားရေး ဦးစီးဌာန ကသိရပါတယ်။