ကျောက်တံခါးမြို့နယ် စစ်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့တယ်လို့ပဲခူးPDF ပြော

ဇွန်၊ ၇

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနဲ့ သူ့ရဲ့တပည့် ကျေးရွာအုပ်ချုပ်ရေးမှူး သူရ တို့နှစ်ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်ခဲ့ပြီး ဆေးရုံအရောက်မှာ နှစ်ဦးလုံးသေဆုံးသွားတယ်လို့ Bago Region PDF သတင်းတာဝန်ခံ ကိုဝေယံက DNA ကိုပြောပါတယ်။

 ရှင်းလင်းခံရတဲ့ သူက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့သူပါ၊စစ်ကောင်စီလက်ပါး‌စေ တွေကိုရှင်း လင်းတဲ့သဘောပါ၊ပစ်ခတ်ခံရတဲ့ နှစ်ယောက် စလုံးကတော့ ဆေးရုံ ရောက်တဲ့ချိန် မှာသေသွားပါတယ်” လို့သူ ကပြောပါတယ်။

 ပစ်ခတ်ခံရသူတွေဟာ ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေလင်းဦးနဲ့ ဗောဓိ ကွင်း  ကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့ဖြစ်ပြီး ဆိုင်ကယ်နဲ့သွားလာနေချိန်မှာ ပူးပေါင်းအဖွဲ့ကပစ်ခတ်ခဲ့တာလို့ Bago Region PDF ကထုတ်ပြန် ထားပါတယ်။

 ဒါပေမယ့် ဘယ်နေရာမှာ ပစ်ခတ်ခဲ့တယ်ဆိုတာနဲ့ ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းတွေပူးပေါင်း လုပ်ဆောင်ခဲ့ တယ်ဆိုတာကိုတော့ လုံခြုံရေးအရ အသေးစိတ်မပြောနိုင်သေးဘူးလို့ Bago Region PDF သတင်းတာဝန်ခံ ကိုဝေယံ ကပြောပါတယ်။

 ပစ်ခတ်မှုဖြစ်စဥ်နဲ့ဖြစ်ပွားမှုဖြစ်စဥ်တွေကို ကျွန်တော်တို့ အတည်ပြုပါတယ်၊ ဖြစ်စဥ်အသေးစိတ်နဲ့ ပူးပေါင်းတပ်ဖွဲ့ ဝင်တွေ ဘယ်သူတွေဆိုတာကို ကျွန်တော်တိုဘက်က ပြောခွင့်မရှိပါဘူး”လို့သူကဆိုပါတယ်။

 ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေလင်းဦးနဲ့ ဗောဓိကွင်း  ကျေးရွာ အုပ်ချုပ် ရေးမှူး သူရတို့ပစ်ခတ်ခံရတယ်ဆိုတာနဲ့ ဆေးရုံအရောက်မှာသေဆုံးသွားတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ် သက်လို့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

 Bago Region PDF ကတော့ အဲ့ဒီပစ်ခတ်မှုနဲ့ သေဆုံးမှုဖြစ်စဉ်တွေကို စစ်ကောင်စီက သတင်းဖုံးဖိထားတယ်လို့ ဆိုပါတယ်။

 အဲ့ဒီဗိုလ်မှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်တောင်းမြစ်ကမ်း အနီး ဝန်းကျင် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း Bago Region PDF သတင်းတာဝန်ခံကပြောပါတယ်။

 ပဲခူးတိုင်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ တပ်တွင်းသတင်းရင်းမြစ်တဦးကတော့ ဒီကနေ့ ကျောက်တံခါးမြို့နယ်က ပစ် ခတ်မှု အခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြုလို့မရသေးကြောင်းနဲ့ သတင်းကြားနေရတဲ့အခြေအနေသာ ရှိသေး တယ်လို့ DNA ကိုပြောပါတယ်။