အရာတော်လေ့ကျင့်ရေး စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်

ဇွန်၊ ၇

စစ်ကိုင်းတိုင်း၊အရာတော် မြို့နယ်က စစ်ကောင်စီလေ့ကျင့်ရေးတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Danger Force LPDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ယမန်နေ့ ဇွန်လ ၆ရက်၊ နေ့လည် ၃ နာရီဝန်းကျင်မှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက အရာတော်မြို့နယ် ၊အမှတ် ၁၀စစ်အခြေခံလေ့ကျင့်ရေးတပ်၊( စခတ ၁၀  )ကိုသွားရောက်တိုက်ခိုက်ခဲ့ တာလို့ဆိုပါတယ်။

“ ကျွန်တော်တို့ မနေ့က တိုက်တဲ့စခန်းက အာဏာမသိမ်းခင်ကတည်းရှိတာပါ ။လေ့ကျင့်ရေးလုပ်တဲ့ တပ် စခန်း အရာတော်ရဲ့အရှေ့ဖက်မှာ ရှိတာ အထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ကျွန်တော်တို့ ကင်းထောက်အဖွဲ့တွေကသတင်းပေးပို့ထားပါတယ် “လို့အဲ့ဒီတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ပစ်ခတ်မှုတွေပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိပေမယ့် တော်လှန်ရေးအင်အားစုတွေဖက်က အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့လို့  ဒေသခံကာကွယ်ရေးတပ်ဖွဲ့LPDF တာဝန်ခံ ဗိုလ်မောင်းလေးကပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Danger Force -pdf နဲ့မုံရွာ ခရိုင်တပ်ရင်း (၆)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

မေလ၂၈ရက်ကDanger Force – LPDF ကို စစ်ကောင်စီမှ ဝင်ရောက်စီးနင်းကာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး အင်အားမမျှတတဲါအတွက် အမျိုးသမီးရဲ ဘော်တဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။

ပုံဟောင်းအသုံးပြုထားပါတယ်။