ရန်ကုန် PDF တပ်ရင်းက တပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေထုတ်ပြန်လာ

ဇွန်၊ ၆

အခုလဆန်းမှာ စတင် ဖွဲ့စည်းတယ်လို့ ကြေညာခဲ့တဲ့ ရန်ကုန်တိုင်း PDF တပ်ရင်း (၅၁၀၁)က တပ်ဖွဲ့ဝင်တွေ လေ့ ကျင့်နေကြတဲ့ ပုံရိပ်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ဒီကနေ့ညပိုင်း မှာ ထုတ်ပြန်လာပါတယ်။

 တပ်ရင်း ၅၁၀၁ ဟာ တိုက်ရည်ခိုက်ရည်ကောင်းမွန်ပြီး အမိန့်နာခံမှု အားကောင်းတဲ့ စစ်သည်တော် ကောင်း တွေနဲ့ စုဖွဲ့ထားပြီး အခြေခံစစ်ပညာသင်တန်းတွေ၊မွမ်းမံသင်တန်းတွေသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင် တန်း တွေပါ တက်ရောက်သင်ကြားထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

 တပ်ရင်း ၅၁၀၁က တပ်ဖွဲ့ဝင်တွေဟာ တောတွင်းစစ်ဆင်ရေးတွေမှာ မဟာမိတ် စစ်ကြောင်းတွေနဲ့အတူ ပူးပေါင်း ပါဝင်တိုက်ခိုက်နေသလို ရန်ကုန်မြို့ပြအတွင်းမှာလည်း မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုတွေဆောင်ရွက်နေ တယ်လို့ လည်းဖော်ပြထားပါတယ်။