စစ်အာဏာရှင်ကျဆုံးရေးနဲ့ တော်လှန်ရေးဦးတည်ချက်တွေကို အာရုံစိုက်ဖို့ ထောင်တွင်းက နိုင်ကျဉ်းတွေ တိုက်တွန်း

 

ဇွန်၊ ၆

အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်ဆင်ရေးပြုလုပ်ကာ အကြမ်းဖက်ဖိနှိပ်မှုတွေ ပြုလုပ်နေ ပေမယ့် စစ်အာဏာရှင်ကျဆုံးရေးနဲ့ တော်လှန်ရေး ဦးတည်ချက်ကို အာရုံစိုက်ပြီး ဆန်ကျင့်တော်လှန်ကြဖို့ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဒီလပထမပတ်အတွင်းက ဆန္ဒပြခဲ့ကြတယ်လို့ တကသများ-ရန်ကုန်က ထုတ်ပြန်ပါတယ်။ 

“ပြည်သူလူထုအနေနဲ့လည်း ခုလိုမျိုး သူတိုတွေအကျဉ်းထောင်တွေထဲမှာ ဖိနှိပ်ခံနေရတာတွေ၊ သတ်ဖြတ်ခံနေရတာတွေ ကြုံနေရတာကို ဂရုမစိုက်ဘဲ တော်လှန်ရေးကိုသာ ဆက်လက်အာရုံစိုက်ဖို သူတိုရဲ့ အလောင်းတွေကို နင်းဖြတ်ပြီး တော်လှန်ရေးပန်းတိုင်ဆီ ဆက်လက်ချီတက်သွားကြဖို ပြောကြားလို တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်”လို့ တကသများ-ရန်ကုန်က တာဝန်ရှိသူ တဦးက ပြောပါတယ်။ 

နိုင်ငံတဝှန်းက အကျဉ်းထောင်တွေမှာဖမ်းဆီးခံထားရတဲ့  နိုင်ငံရေးအကျဉ်းသားတွေဟာ  ဆန္ဒပြပွဲပုံစံCampaign တခုပြုလုပ်ခဲ့ပြီး စစ်အာအာဏာရှင်ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်လည်ထူထောင်ရေးအပါအဝင် တော်လှန်ရေးဦးတည်ချက်တွေကိုအာရုံထားဖို့တိုက်တွန်းခဲ့တာပါ။

အကျည်းထောင်တွေထဲက ဆန္ဒပြမှုတွေဟာ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေက ဆောင်ရွက်တာဖြစ်ပြီး လုံခြုံရေးအရဘယ်အကျဉ်းထောင်တွေမှာ ဘယ်သူတွေပါတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုမပြောကြားခဲ့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုတွေကို UN၊ ICRC ၊ AI ၊ အာဆီယံနဲ့ နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်နိုင်မှုဟာ စစ်ကောင်စီရဲ့ လူသတ်ပြဇာတ်ကို အထူးတန်းက  ကြည့်နေသလိုမျိုးပဲလို့ အဲဒီတကသများ-ရန်ကုန်တာဝန်ရှိသူက ပြောပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်းမှာ ဖိနှိပ်မှုတွေကြားက “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “တော်လှန်ရေးပန်းတိုင်ဆီ ငါတို့အလောင်းတွေကို နင်းပြီးသွားကြ”၊”ဆက်လက်တော်လှန်ကြ”၊“ You,UN,ICRC,AI are invited to see murder play” အစရှိတဲ့ ဆောင်ပုဒ်တွေနဲ့ ဆန့်ကျင့်ဆန္ဒပြခဲံကြတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ဆင်ရေးအနေနဲ့ အကျဉ်းထောင်များမှာ မဖြစ်မနေ အကြမ်းဖက်မယ့် အစီအစဉ်ရှိနေပြီး မေလ ၂၁ ရက်မှ စတင်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ပိုမိုဖိနှိပ်လာတယ်လို့ တကသများ- ရန်ကုန်က ယမန်နေ့က ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီဟာ ကိုး ရက်တာ ကာလအတွင်း အကျဉ်းထောင်သုံးခုမှ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြင်ပသို့ ခေါ်ထုတ်ပြီး နှစ်ဦးကို သတ်ဖြတ်ခဲ့ကာ ကျန်ရှိတဲ့ အကျဉ်းသာတွေကို နှိပ်စက်ညှင်းပန်းခဲ့တယ်လို့ သိရပါတယ်။

ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေက ဖက်ဒရယ်ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ တော်လှန်ရေးးဦးတည်ချက်တွေကို အာရုံစိုက်ထားဖို့ ပြည်သူတွေကို ပန်ကြားပြီး အဲဒီတောင်ဆိုချက်တွေကို ဆက်လက်ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရပါတယ်။ 

၂၀၂၁ခုနှစ်စစ်တပ် အာဏာသိမ်းချိန်ကနေခ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ရက်အထိ မတရားဖမ်းဆီးခံရသူ (၂၃၂၀၀) ကျော်ရှိပြီး အဲဒီအထိက (၁၈၉၀၀) ကျော်မှာ ထိန်းသိမ်ခံနေရဆဲဖြစ်ကာ (၆၂၅၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ယမန်နေ့က ထုတ်ပြန်ထားပါတယ်။ 

အဲဒီကာလအတွင်း ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၃၆၂၀ ဦးရှိခဲ့တယ်လို့ သိရပါတယ်။