စစ်တပ်က လေးကြိမ်မြောက်မီးရှို့ခဲ့တဲ့ ခင်ဦး ကံသစ်ကျေးရွာမြင်ကွင်း June 6, 2023 နိုင်ငံရေး ဇွန်၊ ၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲမှာရှိတဲ့ ခင်ဦးမြိုနယ်၊ ကံသစ်ကျေးရွာ ကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့စကပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ကံသစ်ကျေးရွာဟာဆိုရင် ၂၀၂၂ ဇွန်လ၊ နိုဝင်ဘာလနဲ့ မေလတို့မှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တာ ခံထားရပြီး အခု စတုထ္ထအကြိမ် ဝင်ရောက်မီးရှို့ရာမှာတော့ နေအိမ်ပေါင်း ၃၂၈ အိမ် မီးလောင်ပျက်စီးခဲ့တယ်လို့ ဓါတ်ပုံမှတ်တမ်းနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာတော့ နေအိမ်ပေါင်း ၆၀၀ ဝန်းကျင်ရှိတဲ့ ကံသစ်ကျေးရွာဟာ နေအိမ်တဝက်ကျော်မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဒေသခံတွေဟာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” စစ်ကြောင်းထိုးတဲ့ ကာလမှာ သက်ကြီးရွယ်အိုတွေလည်း မိုးထဲလေထဲမှာ ပြေးရရင်း ဆုံးပါးတာတွေရှိတယ်။ ဘာလို့စစ်ကြောင်းထိုးနေလဲတော့ မသိဘူး။ တချို့ရွာတွေဆို အကြိမ်ကြိမ်မီးရှို့ခံရတာ။ ကံသစ်ရွာဆို လေးကြိမ်မြောက်ရှိနေပြီ။ မိုခါကြောင့် စပါးတွေ နှမ်းတွေလည်း ပျက်စီးပြီး ခက်ခဲနေချိန်မှာ အကြိမ်ကြိမ်စစ်ကြောင်းဝင် မီးရှို့တာခံနေရတာ ” လို့ ခင်ဦးဒေသခံတဦးက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ခင်ဦးမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၇၄ ရွာက နေအိမ်ပေါင်း ၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး မီးဘေးသင့် စစ်ရှောင်သုံးသောင်းကျော်ဟာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ကံသစ်ရွာခင်ဦးစစ်ကောင်စီစစ်ကြောင်း
ဆောင်းပါး ၂၀၂၃ : စီးပွားရေးပိတ်ဆို့မှုတွေကြား ကသောင်းကနင်းနဲ့ အကျပ်ရိုက်ခဲ့တဲ့ စစ်ကောင်စီ February 10, 2024 ဆောင်းပါး ဇန်နဝါရီ၊ ၁ ၂၀၂၃ ခုနှစ်လည်း ကုန်ပါတော့မယ်။ စစ်ကောင်စီ အာဏာသိမ်းထားတာကလည်း သုံး နှစ်ပြည့်ဖို့ လပိုင်းပဲ လိုပါတော့တယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်ကတော့ စစ်ကောင်စီအတွက် ကသောင်းကနင်း စီးပွားရေးနှစ်တခုကို ဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရဲ့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ကလေးမြို့မြောက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးပစ်ခတ်လို့ ဒေသခံငါးသောင်းဝန်းကျင်စစ်ရှောင်နေရ April 2, 2023 နိုင်ငံရေး ဧပြီ၊ ၂ ကလေးမြို့နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကစလို့ စစ်ကောင်စီတပ်တွေ ကုန်းကြောင်းကနေစစ်ကြောင်းထိုးပစ်ခတ်တာတွေအပြင် လေကြောင်းပစ်ခတ်မှုတွေပါလုပ်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံ ငါးသောင်းဝန်းကျင်ရှိလာပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကြောင်းစထိုးတဲ့ မတ်လ ၃၁ ရက်မှာတော့ ကလေးမြို့မြောက်ပိုင်းက မောက်လင်း၊ လက်ပံချောင်းက ဒေသခံတွေစစ်ဘေးရှောင်ရသလို [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ဒီပဲယင်းမှာ စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ဖျက်ဆီး၊ ဒေသခံတွေထွက်ပြေးနေရ October 24, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၂၄ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ဘက်က ဝပါကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။ ” PDF တွေကို [ဆက်လက်ဖတ်ရှုရန်]