ဝက်လက်အရှေ့ခြမ်းကို စစ်ကြောင်းထိုးမီးရှို့လို့ ထွက်ပြေးနေရတဲ့ ဒေသခံများ

ဇွန် ၊ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ဝက်လက်မြို့နယ် အရှေ့ခြမ်းကို မနေ့ ဇွန်လ ၃ ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်မီးရှို့နေတာကြောင့် ရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ထောင်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြေပြင်မှာရှိသူတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးဝင်ရောက်နေချိန်မှာ ပစ်ခတ်မီးရှို့တာတွေလည်းလုပ်ခဲ့ပြီးနဘဲပင်လှကျေးရွာက ဒေသခံတဦးလည်း ကျည်ထိမှန်ထားတယ်လို့ ဝက်လက်အင်ဖော်မေးရှင်းကဖော်ပြထားပါတယ်။

 ‘’ပြေးနေရတာတော့ ရွာချင်းဆက်ရွာတွေရောအများကြီးပဲ၊ ထိတွေ့တိုက်ပွဲတွေလည်းရှိတယ်။ရွာထဲကို မီးဝင်ငြှိမ်းတဲ့ ကာကွယ်ရေးတပ်သားတွေလည်း မူးမေ့လည်းတာတွေရှိတယ်။

လက်ရှိတော့ စစ်ကြောင်းရှိနေတုန်းပဲ’’ လို့ မြေပြင်မှာရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကDNA ကိုပြောပါတယ်။

ဓါတ်ပုံ- Pyay Kyaw  /96 Soldiers – PDF အညာဒေသ တပ်ခွဲ