ဇွန် ၊ ၃
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ လွတ်မြောက်နယ်မြေတနေရာက မိုခါမုန်တိုင်းသင့်ပြည်သူတွေကို သွားရောက်အားပေးတွေ့ဆုံတဲ့ ဓါတ်ပုံမှတ်တမ်းတွေကို NUG က ဒီကနေ့ ဇွန်လ ၃ ရက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလဟာဆိုရင် မုန်တိုင်းသင့်ပြည်သူတွေကို အားပေးစကားပြောကြားခဲ့သလို ထောက်ပံ့ငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။