ကန့်ဘလူနယ် ချပ်သင်းရဲစခန်းတိုက်ပွဲမှာဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး၊စခန်းကို မီးရှို့ဖျက်ဆီး နိုင်ခဲ့တယ်လို့ဆို

ဇွန် ၊ ၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ချပ်သင်းရဲစခန်းနဲ့ ပျူစောထီး စခန်းကို ဒေသကာကွယ်ရေးတပ်တွေက မ နေ့ ကမနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီး ဒေသကာကွယ်ရေးအဖွဲ့ ဝင် နှစ်ဦးကျဆုံးခဲ့သလို စစ်အုပ်စုဘက် ကလည်း အထိအခိုက်အကျဆုံးများခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုဥဩက DNA ကိုပြောပါတယ်။

“သူတို့က ရဲစခန်းရယ်၊ပျူကုန်းရယ်ကိုဘန်ကာတွေထပ်တိုးပြုပြင်နေကြတာပေါ့၊ကျွန်တော်တို့က အဲဒီကိုသွားတိုက်တာ မနက်ပိုင်းမှာကျွန်တော်တို့က ကွင်းပြင်ကြီးကပစ်ရတာဆိုတော့ ကလေးတယောက်ကျသွားတယ်၊နောက်တယောက်ကျတော့ ကျည်ထောက်ပို့လုပ်နေတုန်း ဟိုဘက်ကပစ်လိုက်တဲ့ဖော့သီးမှန်ပြီးတော့ ကျသွားတယ်၊ပထမဆုံးကျတဲ့ ကလေးကိုအတော်ထုတ်ယူလိုက်ရတယ်သူတို့ဘက်ကလည်း အသားကုန်ပစ်ပြီးတော့ တိုက်ပွဲက အတော်ဖြစ်သွားတာပါ ” လို့ သူကပြောပါတယ်။

ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က မနက် ငါးနာရီလောက်ကစလို့ ချပ်သင်းရဲစခန်း ကိုအ နောက်ဖက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမသိမ်းနိုင်ခဲ့ပေမယ့် ညနေပိုင်းမှာ စခန်းအရှေ့ဖက်ကနေဗျူဟာပြောင်းလဲတိုက်ခိုက်ချိန်မှာတော့ စခန်းကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်အုပ်စုကလည်း အထိနာခဲ့တဲ့အတွက် ဂျက်ဖိုက်တာလေယာဉ် နှစ်စီးနဲ့ ဗုံးသီး ၁၀ လုံးကျဲချသွားခဲ့တယ်လို့ ကိုဥဩကပြောပါတယ်။

“ပထမတစ်စီးက ပျူကုန်းအရှေ့ဖက်က လမ်းပေါ်ကိုပစ်တယ်၊နောက်တစီးက ဆက်တိုက်လိုက်လာပြီးတော့ သံ လမ်းဘောင်တလျှောက်နဲ့ တောစပ်တွေကို ပစ်သွားတယ်၊ မနက်ပိုင်းလေယာဉ်နဲ့ လာပစ်တော့ ခဏနားပြီး ဒုတိယအကြိမ်ကျတော့ ညနေ နှစ်နာရီမှာ ဗျူဟာပြောင်းပြီး တခါပြန်တိုက်တာပေါ့၊အဲကျမှ သူတို့ရဲ့ဆေးရုံဘန်ကာတွေ၊ ရဲစခန်းထဲက ဘန်ကာတွေ လိုင်ခန်းတွေကို အကုန်မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ် ” လို့ သူက ဆိုပါတယ်။

ချပ်သင်းရဲစခန်းနဲ့ ပျူစောထီးစခန်းကုန်းမှာ စစ်သား၊ရဲ၊ပျူစောထီး စုစုပေါက်း အင်အား ၇၀နီးပါးလောက် တပ်စွဲ ထားပြီး ရဲတပ်ဖွဲ့ဝင်ကအများစုဖြစ်တယ်လို့ သိရပါတယ်။မနေ့ကတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှု အ ခြေအနေအသေးစိတ်ကိုတော့ DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်အုပ်စု ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မနေ့က ချပ်သင်းမှာ တိုက်ပွဲဖြစ်နေချိန်အတွင်း စစ် ကူပေးဖို့နဲ့ လေကြောင်းပစ်ကူပေးဖို့ တောင်းဆိုချက်တွေ ရေးသားဖော်ပြထားကြတာတွေ့ရပါတယ်။

 “ချပ်သင်းက စကစအထိုင်အားလုံးကို သိမ်းဖို့တိုက်တာပါ၊သူတို့စခန်းတွေက ကပ်လျက်လေးတွေဗျ၊ရဲ စခန်း ရှိမယ်၊ သူနဲ့ ငါးအိမ်ကျော်က ကုန်းမြင့်ပေါ်မှာတော့ ပျူကုန်းခေါ်တာပေါ့၊အဲမှာလည်း စခန်းရှိတယ်၊သူ့ဘေးက ဆေးရုံရှိ မယ်၊ရဲစခန်းနဲ့ဆေးရုံရပြီးချိန် ပျူကုန်းကိုတိုက်မယ်လုပ်တော့ ကျွန်းလှကနေလာတဲ့ စစ်ကူတွေက လက်နက်ကြီးတွေနဲ့ လာလို့ ပြန်ဆုတ်လိုက်တာပါ ” လို့ ကိုဥဩကပြောပါတယ်။

ချပ်သင်းရွာဟာ ကန့်ဘလူနဲ့ ကျွန်းလှမြို့တို့ရဲ့မြောက်ဘက်က တိုက်နယ်အဆင့်ရှိ ရွာကြီးတရွာဖြစ်ပြီး အဲ့ဒီရွာက ရဲစခန်းနဲ့ ပျူစောထီးစခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မကြာမကြာ သွားရောက်တိုက်ခိုက် လေ့ရှိ သလို စစ်ကောင်စီကလည်း အဲ့ဒီစခန်းတွေမှာ လာရောက်တပ်စွဲပြီး ဒေသတွင်းကျေးရွာတွေကို စစ်ကြောင်းထိုး တာတွေလုပ်လေ့ရှိပါတယ်။

ကန့်ဘလူခရိုင်အတွင်းမှာ တော်လှန်ရေး အင်အားစုတွေ အားကောင်းသလို စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီး ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေကလည်း အင်အားကောင်းတာကြောင့် နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေ မကြာမကြာ ဖြစ်လေ့ရှိပါတယ်။