NUG ပြည်ထဲရေးဝန်ကြီး ပဲခူးတိုင်းက ရှေ့တန်းစစ်မြေပြင်ကိုသွားခဲ့

မေ၊ ၃၁
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဟာ အခုလ ဒုတိယပတ်အတွင်းက ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ရှေ့တန်းစစ်မြေပြင်တနေရာကို သွားရောက်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ တော်ဝင်ဒေါင်း စစ်ကြောင်းက ဒီကနေ့ထုတ်ပြန်ပါတယ်။
 
ဦးလွင်ကိုလတ်ဟာ ပဲခူးတိုင်းအတွင်းမှာ လှုပ်ရှားတဲ့ တော်ဝင်ဒေါင်း စစ်ကြောင်း (Royal Peacock Column)က တပ်ဖွဲ့ဝင်တွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။
 
ဒါ့အပြင် ဒေသတွင်းကျေးရွာတွေက ဒေသခံတွေနဲ့လည်း သွားရောက်တွေ့ဆုံကာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
 
အဲ့ဒီခရီးစဉ်မှာ NUG ပြည်ထဲရေးဝန်ကြီးနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ရဲ့ တောင်ပိုင်းတိုင်း စစ်ဦးစီး စောယှားဖောင်ဝှား၊ အမှတ် (၂)စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦး၊ ဧရာဝတီတိုင်း ကွပ်ကဲရေးတာဝန်ခံ ကောင်းကျော်တို့လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ 
ဓာတ်ပုံ – Royal Peacock Column