တိုက်ကြီးမြို့နယ် မင်္ဂလာကန်ထဲက ငါးကောင်ရေသောင်းချီသေဆုံးမှုဖြစ်လို့ ဓာတ်ခွဲစမ်းသပ်မှုလုပ်နေ

မေ၊ ၂၂

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊နိဗ္ဗာန်ချမ်းသာအသင်းရဲ့ မင်္ဂလာကန်အတွင်းက အလှမွေးငါး သောင်းနဲ့ချီ သေဆုံး ခဲ့တဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီးကန်ထဲကရေနဲ့သေဆုံးငါးအချို့ကိုမွေးမြူရေးနဲ့ရေလုပ်ငန်းဦးစီးဌာဆီပေးပို့ပြီးဘာ ကြောင့်သေဆုံးတယ်ဆိုတဲ့အဖြေကိုသိရဖို့ ဓာတ်ခွဲစမ်းသပ်နေတယ်လို့ အဲ့ဒီဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ မိုးစေ တနာပရ ဟိတအသင်း တာဝန်ရှိသူ တဦးက DNAကိုပြောပါတယ်။

“အခုလောလောဆယ်တော့ မွေးမြူရေးနဲ့ရေလုပ်ငန်းကို ဓာတ်ခွဲနမူနာပေးပို့ထားတယ်၊ လောလောဆယ်အဖြေ တော့ထွက်မလာသေးဘူး၊အမှုဖွင့်တိုင်ကြားထားတာလည်းမရှိပါဘူး”လို့ သူကပြောပါတယ်။

တိုက်ကြီးမြို့နယ်က ဒေသခံတွေအပန်းဖြေရာနေရာတခုဖြစ်တဲ့နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်းမှာမွေးမြူ ထား တဲ့ ရွှေငါးအချို့ သေဆုံးပြီး ရေပေါ်ပေါ်နေ​တာကို ဒီကနေ့မနက်ပိုင်းမှာတွေ့ရှိရတဲ့အတွက် မိုးစေတနာပရဟိတ အ သင်း အဖွဲ့ဝင် တွေက သေဆုံးငါးတွေကိုဆယ်ယူခဲ့တယ်လို့သိရပါတယ်။

အဲ့လိုဆယ်ယူရာမှာ ရေပေါ်မှာသေဆုံးနေတဲ့ငါးတွေအပြင် ရေအောက်မှာလည်း ငါးအများအပြားသေဆုံးနေတာကို တွေ့ခဲ့ရတာကြောင့် လက်ရှိအချိန်အထိ ဆယ်ယူနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။အခုလိုငါးကောင်ရေအများ အ ပြားသေဆုံးနေတဲ့အကြောင်းအရင်းကိုတိတိကျကျမသိရသေးပေမယ့် လတ်တလောမှာ ဒေသခံတွေက အဆိပ် ခတ်ခံရတာလို့ ယူဆနေကြပါတယ်။

“အခုလက်ရှိတော့ သေဆုံးငါးတွေကို သုဿန်မှာမြေမြုပ်သင်္ဂြိုလ်ပေးခဲ့တယ်၊ဒါပေမယ့် ငါးသေဆုံးမှုတွေကရှိနေ သေးတယ်၊ကနဦးကတော့ အဆိပ်ခတ်ခံရတာလို့ပဲပြောရမှာပေါ့၊ဒီအလှမွေးငါးတွေပဲမဟုတ်ဘူး၊ကန်ထဲမှာရှိတဲ့ ငါးရှဥ့်တို့၊တီလားဗီးယားငါးတွေပါ၊ရေအောက်ကနုံးထဲမှာ သေနေတာ”လို့ မိုးစေတနာပရဟိတအသင်း တာဝန်ရှိ သူတဦးကပြောပါတယ်။

နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အကျယ်အဝန်းဟာ တဧကပတ်လည်ရှိပြီး ကန်အတွင်းငါးအကောင်ရေ သိန်းနဲ့ချီရှိကာ ဆယ်ယူရရှိတဲ့ သေဆုံးငါးပမာဏဟာ Light Truck ယာဉ်လေးစီးလောက်အထိရှိနေပြီလို့လည်းဆိုပါတယ်။

ငါးမွေးမြူသူတချို့ကတော့ အခုလိုကန်အတွင်းငါးအများအပြာသေဆုံးတာဟာ ကန်အတွင်းငါးကောင်ရေ အဆ မတန်များပြားနေတာကြောင့် အောက်ဆီဂျင်ပြတ်လပ်တာ၊ကန်အတွင်းငါးအစာတွေများပြီး ရေထုညစ်ညမ်းတာ ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

“အောက်ဆီဂျင်ပြတ်တောက်တာမျိုးဆိုရင် ငါးတချို့ကတော့ အသက်ရှင်လျက်ရှိနေမှာပဲ၊အခုဟာက တကန်လုံး မှာရှိတဲ့ ငါးတွေတကောင်မကျန်သေနေတာ”လို့ တိုက်ကြီးမြို့နယ်နေ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီအလှမွေးငါးကန်ဟာ နိဗ္ဗာန်ချမ်းသာမင်္ဂလာနာရေးကူညီမှုအသင်းရဲ့ သဘာဝရွှေငါးကြင်းကန်ဖြစ်ပြီး ဆယ်စုနှစ်တစုကြာရှိခဲ့တဲ့ ငါးကန်လည်းဖြစ်တယ်လို့သိရပါတယ်။