တပတ်အတွင်းကျဆုံးခဲ့တဲ့ KNDF ရဲဘော်နှစ်ဦးရဲ့ ဈာပန

မေ၊ ၂၁
 
ကယား (ကရင်နီ) ပြည်နယ်အတွင်းမှာဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြားမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၉တပ်ရင်းနဲ့ အမှတ် ၁၀ တပ်ရင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သက်ဆိုင်ရာတပ်ရင်းတွေက မနေ့ မေလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်လာပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့မှာတော့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာဖြစ်တဲ့ တိုက်ပွဲမှာ KNDF တပ်ရင်း (၁၀) က ရဲဘော်ခူးစိုးရယ် ကျဆုံးခဲ့တာဖြစ်ပြီး ၁၈ ရက်နေ့မှာတော့ KNDF တပ်ရင်း (၉)မှာ ဒုစုမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ မောင်ဖရန်စစ္စကို (ဂျားဂျာ)ဟာလည်း ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်လာကြတာဖြစ်ပါတယ်။
လက်ရှိမှာလည်း ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်တာတွေနဲ့ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေ နေ့စဉ်လိုလိုလုပ်နေတဲ့အကြောင်း ဒေသကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – KNDF BO9 / BO10