စစ်တပ်ထုတ်ကုန်အရက်ဘီယာ သိန်းလေးရာကျော်ဖိုး ခင်ဦးကာကွယ်ရေးတပ်တွေဖျက်ဆီး

မေ၊ ၂၁
 
စစ်ကောင်စီနဲ့ဆက်စပ်အကျိုးတူစီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ MEC က ထုတ်လုပ်တဲ့ ဒဂုံ အမှတ်တံဆိပ်ဘီယာတွေ သယ်ဆောင်လာတဲ့ ကားသုံးစီးကို ခင်ဦးပကဖရဲ့လမ်းညွှန်မှုနဲ့ ဒေသကာကွယ်ရေးတပ်တွေက ဖျက်ဆီးခဲ့တဲ့အကြောင်း ခင်ဦး ပကဖက ဒီကနေ့ မေလ ၂၁ ရက်မှာ ပြောဆိုလာပါတယ်။
 
ဘီယာ ဂျပ်ဖာပေါင်း (၅၄၀)ဖာ၊ ဗူးပေါင်း (၁၁၀၄၀)ဗူး၊ ပုလင်းပေါင်း (၇၈၀)ပုလင်း ကို သိမ်းဆည်းခဲ့တာဖြစ်ပြီး အခုလိုဖျက်ဆီးလိုက်တဲ့ စကစထုတ်ကုန်တွေဟာ ကာလတန်ဖိုး သိန်းလေးရာ နှစ်ဆယ် လေးသိန်း ရှစ်သောင်းကျပ် ရှိတယ်လို့လည်းဆိုပါတယ်။
 
စစ်ကောင်စီနဲ့ သူတို့ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကနေရရှိတဲ့ အကျိုးစီးပွားတွေဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆိုးရွားစွာဖျက်ဆီးနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီထုတ်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့ကိုလည်း ခင်ဦး ပကဖ က တိုက်တွန်းထားပါတယ်။ 
ဓာတ်ပုံ – CJ