မေ၊ ၁၈
တောင်ကိုရီးယားအစိုးရ၊နိုင်ငံခြားရေးဌာနရဲ့လက်နက်ပြပွဲမှာ မြန်မာစစ်ကောင်စီကိုယ်စားပြု သံအမတ်ဦးသန့်စင် ကို ဖိတ်ကြားခဲ့တဲ့အပြင် စစ်ရေးပြတင့်ကားပေါ်လိုက်ပါစီးနင်းခွင့်ပြုခဲ့တဲ့အပေါ် ကိုရီးယားပြည်သူတွေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးထောက်ခံတဲ့အဲဒီနိုင်ငံကလူမှုအဖွဲ့တွေကကန့်ကွက်ကြောင်းဒီကနေ့ဆန္ဒပြခဲ့ကြတယ်လို့ အဲ့ဒီ နိုင်ငံရောက်မြန်မာ အသိုင်းဝိုင်းဆီကသိရပါတယ်။
ကိုရီးယားလူမှုအဖွဲ့အစည်း(၁၀၀)ကျော်ပါဝင်တဲ့ မြန် မာ့ဒီမိုကရေစီအရေးကိုထောက်ခံတဲ့ကိုရီးယားအဖွဲ့ချုပ်က အဲ့ဒီကိစ္စကိုကန့်ကွက်ရှုတ်ချတဲ့ဆန္ဒပြပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို ဆိုလ်းမြို့ရှိ ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး ဌာနရုံးရှေ့မှာဒီကနေ့ မနက်ပိုင်းက ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေနဲ့အတူ ပြုလုပ်ခဲ့ကြတယ် လို့သိရပါ တယ်။
“ကိုရီးယားပြည်သူတွေကစစ်အာဏာရှင်လက်အောက်နေခဲ့ဖူးတော့စစ်အာဏာရှင်ကိုအရမ်းမုန်းတယ်၊မြန်မာမှာအာဏာသိမ်းမှုဖြစ်တော့သူတို့ကကိုယ်ချင်းစာကြတာ၊အခုဖြစ်ရပ်အပေါ်လည်းသူတို့အစိုးရလုပ်ရပ်ကရှက်စရာကောင်းတယ်ဆိုပြီးအရမ်းဒေသထွက်နေကြသလို၊မြန်မာပြည်သူတွေအပေါ်လည်းအားနာနေကြတယ်”လို့ ကိုရီးယားရောက်မြန်မာအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတဦးကDNAကိုပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဟာာအခုလဆန်းပိုင်းက လက်နက်ပြပွဲတခုပြုလုပ်ခဲ့ရာမှာ နိုင်ငံ ၁၈ နိုင်ငံကသံအမတ်တွေကိုဖိတ်ကြားခဲ့ပြီး စစ်ကောင်စီခန့် သံအမတ်ဦးသန့်စင်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။
အခုလို မြန်မာပြည်သူတွေကိုရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်နေတဲ့မြန်မာစစ်တပ်ရဲ့ သြဇာခံ သံအမတ် ကို ဖိတ်ကြားပြီးစစ်လက်နက်တွေပြသတာ၊ ကိုရီးယားနိုင်ငံထုတ်တင့်ကားကိုစီးနင်းခွင့်ပြုတာတွေဟာ လက် ခံနိုင် စရာအခြေအနေမဟုတ်ဘူးလို့ကိုရီးယားပြည်သူတွေနဲ့မြန်မာ့ဒီမိုကရေစီအရေးထောက်ခံနေတဲ့ကိုရီးယားလူမှုအဖွဲ့တွေက သူတို့အစိုးရကိုပြစ်တင်ကန့်ကွက်ခဲ့ကြတယ်လို့သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာမြန်မာ့ဒီမိုကရေစီအရေးကိုအားပေးထောက်ခံတဲ့နိုင်ငံတခုဖြစ်ပြီး အခုလိုစစ်ကောင်စီ သံအမတ်ကို စစ်လက်နက်ပြပွဲဖိတ်ကြားတာဟာ အမှတ်တမဲ့လုပ်လိုက်မိတဲ့သဘောဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်ကိုရီးယားနိူင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကDNAကိုပြော ပါတယ်။
“အခုအချိန်အထိ ကိုရီးယားနိူင်ငံကအလွှာပေါင်းစုံကသူတွေက မြန်မာ့အာဏာရှင်ဆန့်ကျင်ရေးကို တက်တက် ကြွ ကြွပါဝင်ကူညီနေကြတယ်၊ဒီလိုအချိန်မှာ စစ်ကောင်စီသံအမတ်ကိုဖိတ်ကြားတဲ့ဖြစ်ရပ်အပေါ်မှာ စိတ်မကောင်း တော့ဖြစ်ရတယ်”လို့သူကပြောပါတယ်။
ဒီကနေ့ မေလ(၁၈)ရက် ဟာ တောင်ကိုးရီးယားနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်တဲ့ ၄၃နှစ် မြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး အဲဒီနေ့ မှာဘဲ စစ်အာဏာရှင်ကို အဆက်ဆံပြုလုပ်တဲ့သူတို့အစိုးရကို ကန့်ကွက် ဆန္ဒပြခဲ့ကြ တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးထောက်ခံတဲ့ကိုရီးယားလူမှုအဖွဲ့ချုပ်ကဒီနေ့မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကိုရီး ယားအစိုးရအပေါ် ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာပြည်တွင်းထုတ်လက်နက်တွေကို ပြည် ပတင်ပို့ရောင်းချဖို့ကြော်ငြာတဲ့ပြပွဲမှာ မြန်မာစစ်အုပ်စုကိုယ်စားပြု သံအမတ်ကို ဖိတ်ကြားခဲ့တဲ့ အစိုးရရဲ့ လုပ် ရပ် ဟာ အံ့ဩ ဒေါသထွက်စရာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုရီးယားနိုင်ငံခြားရေးဘက်ကတော့ ဒီပြပွဲဟာ အာဆီယံနိုင်ငံတွေအပါအဝင် ကိုရီးယား နိုင်ငံရှိသံတမန်တွေကို ဦးတည်ဖိတ်ကြားခြင်းသာဖြစ်ပြီး မြန်မာနဲ့ပတ်သက်တဲ့ အစိုးရရဲ့ သဘောထားနဲ့ မသက်ဆိုင်ကြောင်း တုန့်ပြန်ဖြေရှင်းထားတယ်လို့သိရပါတယ်။
ဒါပေမယ့် အစိုးရဲ့ ဖြေကြားချက်ဟာ အလွန်တာဝန်မဲ့တဲ့ လှည့်ပတ်ဖြေကြားချက်ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ အရေးထောက်ခံတဲ့ကိုရီးယားလူမှုအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာဝေဖန်ထားပါတယ်။
လက်နက်ပြပွဲတွေဟာအခြေခံအားဖြင့် လက်နက်ဝယ်လိုသူတွေကို ဖိတ်ခေါ်ပြသကာ ဝယ်လိုတဲ့ လက်နက်တွေကို တင်ပို့ရောင်းချဖို့ ပြုလုပ်ကြတာ ဖြစ်တာကြောင့် အဲ့ဒီလက်နက်ပြပွဲမှာမြန်မာသံအမတ်ကို ဖိတ်ကြားတဲ့လုပ်ရပ် ဟာ မြန်မာနဲ့ပတ်သက်တဲ့သဘောထားပြောင်းလဲမှုမရှိဘူးဆိုတဲ့ အစိုးရဲ့ ဖြေရှင်းချက်နဲ့ ဘယ်လိုမှ ဆက်စပ်နား လည်နိုင်လို့မရဘူးလို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
ဒီအတွက် တောင်ကိုးရီးယားအစိုးရအနေနဲ့ ရိုးသားတဲ့အဖြေပေးဖို့လိုတယ်လို့လည်း တောင်းဆိုထားပါသေးတယ်။
ဒါကြောင့် အစိုးရအနေနဲ့ အဖြစ်မှန်ကို အမှန်အတိုင်းဖြေကြားပေးဖို့၊ မြန်မာပြည်သူတွေကိုလည်း ဝန်ချတောင်း ပန်ဖို့ ဒီလို တာဝန်ယူခြင်းဖြင့် မြန်မာပြည်သူတွေကို သိက္ခာရှိရှိ ဆက်ဆံနိုင်မှာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ အရေးထောက်ခံတဲ့ကိုရီးယားလူမှု အဖွဲ့ချုပ်ကဆိုထားပါတယ်။
ဒီနေ့ဆန္ဒပြပွဲနဲ့သတင်းစာရှင်းလင်းပွဲအပြီးမှာ အဲဒီအဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံသားတွေက အဖွဲ့ချုပ်ရဲ့ကြေ ညာချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်တွေကို တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရုံးဆီ သွားရောက်ပေးအပ်ခဲ့ကြတယ်လို့သိရပါတယ်။