နှစ်ပေါင်းခြောက်ဆယ်နီးပါးအတွင်း မိုးရေချိန်စံချိန်သစ်တင်ခဲ့တဲ့ ပုဂံမြို့မြင်ကွင်း

မေ၊ ၁၅
 
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံညောင်ဦးဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးများပြီး မိုးရေချိန်အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။ ညောင်ဦးမြို့နယ်မှာ လွန်ခဲ့တဲ့ ငါးနှစ်အကြာ ၂၀၁၈ ခုနှစ်က စံချိန်သစ်ဖြစ်ခဲ့တဲ့ ၄ ဒဿမ ၇၆ လက်မကို စံချိန်ချိုးနိုင်ခဲ့သလို မိုးရေချိန်စံချိန်သစ်အဖြစ် နှစ်ပေါင်း (၅၈)နှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနနဲ့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကြောင့် ရှေးဟောင်းအဆောက်အအုံတွေ နဲ့ နံရံပန်းချီတွေ ထိခိုက်ပဲ့ကျပျက်စီးမှု မရှိသေးသော်လည်း အချို့ရှေးဟောင်းအဆောက်အအုံ အနည်းငယ်မှာ မိုးရေယိုစိမ့်မှုတွေ ရှိနေပြီး ဘုရားတချို့မှာတော့ ရေဝပ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ 
ဓါတ်ပုံ- Pyae Sone Bagan (bagan guide)