မိုခါမုန်တိုင်းဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမြင်ကွင်းများ May 15, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၅ မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ပေါက်တောမြို့နယ်နဲ့ မြေပုံမြို့နယ် တို့မှာ မြင်တွေ့ရတဲ့ အပျက်အစီးမြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ မနေ့က မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒေသတော်တော်များများမှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပြီး ဒီကနေ့ မေလ ၁၅ ရက်မနက်ပိုင်းအထိ ဖုန်းလိုင်းတွေအဆက်အသွယ်မရသေးတဲ့အတွက် ထိခိုက်ပျက်စီးမှုအသေးစိတ်တွေကို မသိရသေးတဲ့ အခြေအနေဖြစ်နေပါတယ်။ ဓာတ်ပုံ – Khaing Ko Zai ကမ်းရိုးတန်းမိုခါမုန်တိုင်းရခိုင်
နိုင်ငံရေး ကနီမှာ မုန်တိုင်းကြောင့် မိုးသည်းထန်နေပြီး စစ်ကြောင်းထိုးနေလို့ ပြည်သူတသောင်းကျော် မိုးရေထဲပြေးနေရ May 14, 2023 နိုင်ငံရေး မေ၊ ၁၄ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ရာသီမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းနေတာ ၂ ရက်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီကလည်း ကနီမြို့အောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းထိုးမှုတွေကြောင့် ကျေးရွာအုပ်စု ၅ [ဆက်လက်ဖတ်ရှုရန်]
ဆောင်းပါး ကပ်ဘေးကြားက အနောက်ဖက်မြို့တော် (ဆောင်းပါး) May 13, 2024 ဆောင်းပါး, ရခိုင် မေ ၊ ၁၃ အနောက်တံခါးမြို့တော်က ပြည်သူတွေဟာဆက်တိုက်ကြုံတွေ့နေရတဲ့ကပ်ဘေးတွေကြား သောကဗျာဝေနေရပါတယ်။ ၃ နှစ်နီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေရပ်စဲနေတဲ့ ကာလ မနှစ်က ၂၀၂၃ခုနှစ်မေလမှာ ပြင်းထန်တဲ့ သဘာဝဘေးတခုကို စစ်တွေ အပါအဝင်ရခိုင်ဒေသမှာ ကြုံတွေ့ခဲ့ရပါတယ်။ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ စစ်တွေမြို့ကို [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး အမ်းမြို့ တိုင်းစစ်ဌာနချုပ်(နပခ) အနီးရှိ ရွာတွေကို စစ်တပ်က နှင်ထုတ်နေ February 25, 2024 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၂၅ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ် အနီးဝန်းကျင်ရှိ ရွာတွေမှ ဒေသခံပြည်သူတွေကို ရွေ့ပြောင်းကြဖို့ စစ်ကောင်စီတပ်သားတွေက လာရောက်သတိပေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “အနားက ရွာတွေအကုန် ပြောင်းကြဆိုပြီး [ဆက်လက်ဖတ်ရှုရန်]